iMyanmarHouse.com - Best Property Website for Myanmar
×

ထမင္းစား ၿပီးၿပီးခ်င္း၊ မနက္စာ၊ ေန႔လည္စာ၊ ညစာစား ၿပီးၿပီးခ်င္း ေရွာင္ၾကဥ္ရမယ့္ လုပ္ေဆာင္ခ်က္မ်ား ျဖစ္ပါတယ္။

၁။ ေဆးလိပ္ မေသာက္ရ

ထမင္းစား ၿပီးၿပီးခ်င္း စီးကရက္ ၁ လိပ္ ေသာက္ျခင္းဟာ ၁၀ လိပ္ ေသာက္တာ နဲ႔ ညီမွ်တယ္လို႔ သက္ေသျပ ထားပါတယ္။ ဒါေၾကာင့္ ေဆးလိပ္ အရမ္း ေသာက္ခ်င္တယ္ ဆုိရင္ ေတာင္မွ အစာ စားၿပီးၿပီးခ်င္း မေသာက္သံုး သင့္ေသးပါဘူး။

၂။ အသီး(ခ်က္ျခင္း)မစားရ

အခ်ိဳ႕က ထမင္းစားၿပီးရင္ အခ်ဳိတည္း အေနနဲ႔ သစ္သီးဝလံ တို႔ကို ခ်က္ခ်င္း စားၾကပါတယ္။ အမွန္ေတာ့ ယင္းဟာ ေကာင္းတဲ့ အေလ့အထေတာ့ မဟုတ္ပါဘူး။ ဝမ္းမွာ ေလခံ တတ္ပါတယ္။ ဒါေၾကာင့္ ဝမ္း ေလထိုးေလေအာင့္ ျဖစ္ဖို႔ ပိုလြယ္ကူပါတယ္။ ထမင္းမစားမွီနဲ႔ ထမင္းစားၿပီး အနည္းဆံုး တစ္နာရီေလာက္ ျခားၿပီးမွ သစ္သီးဝလံ စားသံုးဖို႔ တိုက္တြန္း ထားပါတယ္။

၃။ လက္ဖက္ရည္ မေသာက္ရ

လက္ဖက္မွာ အက္ဆစ္ဓာတ္ ႂကြယ္ဝပါတယ္။ ဒါေၾကာင့္ အစားစားၿပီး လက္ဖက္ရည္ ေသာက္ရင္ စားထားတဲ့ အစာမ်ားကို ပရိုတိန္းဓာတ္ တိုးပြားေစၿပီး အစာေခ်ဖ်က္ရန္ ခက္ခဲ သြားပါတယ္။ အစာမေၾက၊ ရင္ျပည့္ ရင္ကယ္ ျဖစ္ေစတဲ့ အေၾကာင္းအရင္း တစ္ခုပဲ ျဖစ္ပါတယ္။

၄။ ခါးပတ္ မေလ်ာ့ရ

အခ်ိဳ႕က အစားစား ေနတုန္းေတာ့ ဘာမွ မလုပ္ပဲနဲ႔ အစားစားၿပီးမွ ဗိုက္တင္းလို႔ ခါးပတ္ ေလ်ာ့တတ္ ပါတယ္။ ဒါဟာလည္း ေကာင္းတဲ့ အေလ့အထ မဟုတ္ပါဘူး။ အစာအိမ္နဲ႔ အူကို လိမ္ေစၿပီး အူလမ္းေၾကာင္း ပိတ္တာေတြ ျဖစ္တတ္ပါတယ္။

၅။ ေရမခ်ိဳးရ

ထမင္းစားၿပီး တကယ္ ေရမခ်ိဳး သင့္ပါဘူး။ ေရခ်ိဳးတဲ့အခါ ခႏၶာကိုယ္တြင္းက ေသြးကို ေျခဖ်ား၊ လက္ဖ်ားအျပင္ အျခား ခႏၶာကိုယ္ အစိတ္အပိုင္းမ်ားဆီ ေသြးစီးဆင္းမႈအား ေကာင္းေစ ပါတယ္။ ဒါေၾကာင့္ ဗုိက္ထဲမွာ ေသြးနည္းနည္းပဲ ရွိပါတယ္။ အစာေခ်ဖ်က္ဖို႔ မလံုေလာက္တဲ့ အတြက္ အစာမေၾကျခင္းကို ျဖစ္ေစမွာ ျဖစ္ပါတယ္။ ဝိတ္ခ်ေနတဲ့သူေတြ ဒီလုပ္ရပ္မ်ိဳးကို လံုးဝ ေရွာင္ၾကဥ္သင့္ပါတယ္။

၆။ လမ္းမေလွ်ာက္ရ

အစားစားၿပီးခ်င္း လမ္းတစ္ရာ ေလွ်ာက္ရင္ အသက္၁၀၀ ေနရမယ္ ဆုိတဲ့ ဆုိရိုးေတာင္ ရွိခဲ့ပါတယ္။ အမွန္ေတာ့ ဒါဟာလည္း မွားယြင္းတဲ့ အေလ့အထ တစ္ခုပဲ ျဖစ္ပါတယ္။ လမ္းေလွ်ာက္တဲ့ အတြက္ စားသံုးလိုက္တဲ့ အစားစာမွ အာဟာရဓာတ္မ်ားကို အစာေခ်ဖ်က္ စနစ္က လံုေလာက္စြာ မဆုပ္ယူႏိုင္ပါတယ္။ အျခားေသာ အက်ိဳးဆက္မ်ားလည္း ရွိေန ပါေသးတယ္။

၇။ ခ်က္ခ်င္း မအိပ္ရ

အစား စားၿပီးၿပီးခ်င္းလည္း ခ်က္ခ်င္း မအိပ္သင့္ပါဘူး။ ခ်က္ခ်င္း အိပ္လိုက္ရင္ အစာေခ်ဖ်က္မႈ စနစ္က ေကာင္းေကာင္း အလုပ္မလုပ္ ေတာ့ပါဘူး။ အူလမ္းေၾကာင္းကိုလည္း သက္ေရာက္မႈ ရွိပါတယ္။ ဝမ္းထဲကို Gastric acid တိုးေစပါတယ္။

အထက္ပါ ၇ ခ်က္ကေတာ့ ခႏၶာကိုယ္ အာဟာရ ဓာတ္အတြက္ စားသံုးတဲ့ အနပ္တိုင္းမွာ ေရွာင္ၾကဥ္ရမယ့္ လုပ္ေဆာင္ခ်က္မ်ား ျဖစ္တယ္လို႔ သိရပါတယ္။ ေနာက္ၿပီး အထက္ပါ အခ်က္တိုင္းလိုလို ျမန္မာႏိုင္ငံသား အမ်ားစု မွားယြင္းေနမႈကို မသိၾကဘဲ အေလ့အထ သဖြယ္မ်ိဳးေတာင္ လုပ္ေဆာင္ေနၾကပါတယ္။ ေဆးလိပ္ေသာက္တာ(ထမင္းစားၿပီး တစ္မ်ိဳးလိုဟု ေျပာလိုက္ရင္ ဘာလဲ သိၾကတယ္)၊ သစ္သီး အခ်ိဳတည္းတာ၊ လက္ဖက္ရည္ေလး ေသာက္လိုက္တာ ဆိုတဲ့ အခ်က္ေတြ ထမင္းစားၿပီးၿပီးခ်င္း လုပ္ရမယ္လို႔ ယူဆေနၾကပါတယ္။ အထူးသတိျပဳ ေရွာင္ၾကဥ္ၾကပါလို႔ တိုက္တြန္းအပ္ပါတယ္။

Credit: က်န္းမာေရးႏွင့္ေန႔စဥ္သတင္းမ်ား

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ထမင်းစား ပြီးပြီးချင်း၊ မနက်စာ၊ နေ့လည်စာ၊ ညစာစား ပြီးပြီးချင်း ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။

၁။ ဆေးလိပ် မသောက်ရ

ထမင်းစား ပြီးပြီးချင်း စီးကရက် ၁ လိပ် သောက်ခြင်းဟာ ၁၀ လိပ် သောက်တာ နဲ့ ညီမျှတယ်လို့ သက်သေပြ ထားပါတယ်။ ဒါကြောင့် ဆေးလိပ် အရမ်း သောက်ချင်တယ် ဆိုရင် တောင်မှ အစာ စားပြီးပြီးချင်း မသောက်သုံး သင့်သေးပါဘူး။

၂။ အသီး(ချက်ခြင်း)မစားရ

အချို့က ထမင်းစားပြီးရင် အချိုတည်း အနေနဲ့ သစ်သီးဝလံ တို့ကို ချက်ချင်း စားကြပါတယ်။ အမှန်တော့ ယင်းဟာ ကောင်းတဲ့ အလေ့အထတော့ မဟုတ်ပါဘူး။ ဝမ်းမှာ လေခံ တတ်ပါတယ်။ ဒါကြောင့် ဝမ်း လေထိုးလေအောင့် ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ထမင်းမစားမှီနဲ့ ထမင်းစားပြီး အနည်းဆုံး တစ်နာရီလောက် ခြားပြီးမှ သစ်သီးဝလံ စားသုံးဖို့ တိုက်တွန်း ထားပါတယ်။

၃။ လက်ဖက်ရည် မသောက်ရ

လက်ဖက်မှာ အက်ဆစ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် အစားစားပြီး လက်ဖက်ရည် သောက်ရင် စားထားတဲ့ အစာများကို ပရိုတိန်းဓာတ် တိုးပွားစေပြီး အစာချေဖျက်ရန် ခက်ခဲ သွားပါတယ်။ အစာမကြေ၊ ရင်ပြည့် ရင်ကယ် ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။

၄။ ခါးပတ် မလျော့ရ

အချို့က အစားစား နေတုန်းတော့ ဘာမှ မလုပ်ပဲနဲ့ အစားစားပြီးမှ ဗိုက်တင်းလို့ ခါးပတ် လျော့တတ် ပါတယ်။ ဒါဟာလည်း ကောင်းတဲ့ အလေ့အထ မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူကို လိမ်စေပြီး အူလမ်းကြောင်း ပိတ်တာတွေ ဖြစ်တတ်ပါတယ်။

၅။ ရေမချိုးရ

ထမင်းစားပြီး တကယ် ရေမချိုး သင့်ပါဘူး။ ရေချိုးတဲ့အခါ ခန္ဓာကိုယ်တွင်းက သွေးကို ခြေဖျား၊ လက်ဖျားအပြင် အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများဆီ သွေးစီးဆင်းမှုအား ကောင်းစေ ပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ သွေးနည်းနည်းပဲ ရှိပါတယ်။ အစာချေဖျက်ဖို့ မလုံလောက်တဲ့ အတွက် အစာမကြေခြင်းကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ဝိတ်ချနေတဲ့သူတွေ ဒီလုပ်ရပ်မျိုးကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

၆။ လမ်းမလျှောက်ရ

အစားစားပြီးချင်း လမ်းတစ်ရာ လျှောက်ရင် အသက်၁၀၀ နေရမယ် ဆိုတဲ့ ဆိုရိုးတောင် ရှိခဲ့ပါတယ်။ အမှန်တော့ ဒါဟာလည်း မှားယွင်းတဲ့ အလေ့အထ တစ်ခုပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့ အတွက် စားသုံးလိုက်တဲ့ အစားစာမှ အာဟာရဓာတ်များကို အစာချေဖျက် စနစ်က လုံလောက်စွာ မဆုပ်ယူနိုင်ပါတယ်။ အခြားသော အကျိုးဆက်များလည်း ရှိနေ ပါသေးတယ်။

၇။ ချက်ချင်း မအိပ်ရ

အစား စားပြီးပြီးချင်းလည်း ချက်ချင်း မအိပ်သင့်ပါဘူး။ ချက်ချင်း အိပ်လိုက်ရင် အစာချေဖျက်မှု စနစ်က ကောင်းကောင်း အလုပ်မလုပ် တော့ပါဘူး။ အူလမ်းကြောင်းကိုလည်း သက်ရောက်မှု ရှိပါတယ်။ ဝမ်းထဲကို Gastric acid တိုးစေပါတယ်။

အထက်ပါ ၇ ချက်ကတော့ ခန္ဓာကိုယ် အာဟာရ ဓာတ်အတွက် စားသုံးတဲ့ အနပ်တိုင်းမှာ ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက်များ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး အထက်ပါ အချက်တိုင်းလိုလို မြန်မာနိုင်ငံသား အများစု မှားယွင်းနေမှုကို မသိကြဘဲ အလေ့အထ သဖွယ်မျိုးတောင် လုပ်ဆောင်နေကြပါတယ်။ ဆေးလိပ်သောက်တာ(ထမင်းစားပြီး တစ်မျိုးလိုဟု ပြောလိုက်ရင် ဘာလဲ သိကြတယ်)၊ သစ်သီး အချိုတည်းတာ၊ လက်ဖက်ရည်လေး သောက်လိုက်တာ ဆိုတဲ့ အချက်တွေ ထမင်းစားပြီးပြီးချင်း လုပ်ရမယ်လို့ ယူဆနေကြပါတယ်။ အထူးသတိပြု ရှောင်ကြဉ်ကြပါလို့ တိုက်တွန်းအပ်ပါတယ်။

Credit: ကျန်းမာရေးနှင့်နေ့စဉ်သတင်းများ

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top