iMyanmarHouse.com - Best Property Website for Myanmar
×


လွပတဲ့ အသားအေရကို ရရွိဖို႔ သင့္အိပ္မက္ေတြကို ေခြ်းေပါက္က်ယ္ျခင္းက အေႏွာင့္အယွက္ျဖစ္ေနပါသလား။ တကယ္ေတာ့ ေခြ်းေပါက္က်ယ္ျခင္းဟာ လူအေတာ္မ်ားမ်ားကို သက္ေရာက္မႈရွိၿပီး အေရျပားကို ရုပ္ဆိုးေစပါတယ္။မိတ္ကပ္ဟာ မ်က္ႏွာေပၚက ေခြ်းေပါက္ေတြကို ဖံုးကြယ္ေပးႏိုင္ေသာ္လည္း ေခြ်းေပါက္က်ဥ္းေအာင္ ျပဳလုပ္သင့္ပါတယ္။

ေခြ်းေပါက္က်ယ္ျခင္းကို ထိေရာက္စြာ က်ဥ္းေစတဲ့ ထိေရာက္တဲ့ နည္းေတြကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
ဘယ္အရာေတြက ေခြ်းေပါက္က်ယ္ေစပါသလဲ။

ေခြ်းေပါက္က်ယ္ျခင္းဟာ သင့္အေရျပားမွ အဆီပိုေတြ စြန္႔ထုတ္ျခင္းေၾကာင့္ ျဖစ္တာျဖစ္ပါတယ္။ သင့္ကို္ယ္ခႏၶာက အဆီေတြ အလြန္ထုတ္တဲ့အခါမွာ အဆီလံုေလာက္တဲ့ပမာဏထြက္ေစဖို႔ ေခြ်းေပါက္ေတြကို က်ယ္လိုက္ရတာေၾကာင့္ ေခြ်းေပါက္က်ယ္ျခင္း ျဖစ္တာ ျဖစ္ပါတယ္။

ဒါ့ျပင္ ေခြ်းေပါက္က်ယ္ျခင္းကို ပုိဆိုးေစတဲ့ အခ်က္ေတြ ရွိိပါတယ္။

ညစ္ညမ္းေသာ အေရျပား – ဆဲလ္အေသေတြ၊ ဘက္တီးရီးယားေတြ ေခြ်းေပါက္အတြင္း ပိတ္ေနျခင္းကလည္း ေခြ်းေပါက္က်ယ္ေစပါတယ္။

ေနပူေလာင္ျခင္း – ေနပူဒဏ္ ခံရလြန္းတဲ့ အေရျပားဟာ ထူလာၿပီး ေခြ်းေပါက္ေတြ ျမင္ရေစပါတယ္။

အသက္ – အသက္ႀကီးလာတာနဲ႔ အမွ် အေရျပားမွာ collagen နဲ႔ elastine နည္းပါးလာၾကပါတယ္။ ရလဒ္အေနနဲ႔ ေခြ်းေပါက္က်ယ္ေတြဟာ ပံုမွန္အရြယ္အစားကုိ ျပန္ေရာက္ႏိုင္ျခင္း မရွိေတာ့ပါဘူး။

မ်ိဳးရိုးဗီဇ – ေခြ်းေပါက္ႀကီးျခင္းဟာ မိသားစုအတြင္းမွာလည္း ျဖစ္ႏိုင္ပါတယ္။ သင့္မိသားစုဝင္ တစ္ဦးဦးက ေခြ်းေပါက္က်ယ္ရင္ သင့္မွာလည္းေခြ်းေပါက္က်ယ္ႏိုင္ပါတယ္။
ေခြ်းေပါက္က်ယ္ျခင္းကို ဘယ္လိုကိုင္တြယ္ေျဖရွင္းမလဲ။

ေန႔စဥ္ဘဝေျပာင္းလဲမႈေတြ ျပဳလုပ္ၿပီး ေခြ်းေပါက္က်ယ္ျခင္းကို ေျဖရွင္းႏိုင္ပါတယ္။

သန္႔ရွင္းစြာထားပါ။

ေန႔စဥ္ မ်က္ႏွာသစ္သင့္ၿပီး တစ္ပတ္မွာ ႏွစ္ႀကိမ္ မွ သံုးႀကိမ္အထိ exfoliate ျပဳလုပ္ၿပီး ေခြ်းေပါက္ပိတ္ျခင္းကို ကာကြယ္သင့္ပါတယ္။ အထူးသျဖင့္ မိတ္ကပ္မဖ်က္ပဲ မအိပ္သင့္ပါဘူး။

ေနပူခံလိမ္းေဆးကို လိမ္းပါ။

အကႌ်ရွည္၊ နားပန္းအႀကီးပါတဲ့ ဦးထုတ္၊ ေနပူခံလိမ္းေဆးေတြကို ေနပူထဲသြားတိုင္း အသံုးျပဳသင့္ပါတယ္။ သင့္ေလ်ာ္တဲ့ SPF နဲ႔ PA ပါတဲ့ ေနပူခံလိမ္းေဆးေတြဟာ UV rays ေတြေၾကာင့္ ပ်က္စီးမႈကို ကာကြယ္ေပးႏိုင္ပါတယ္။

ေရဓါတ္ျဖည့္တင္းပါ။

ေခြ်းေပါက္က်ဥ္းေစတဲ့ ဂုဏ္သတၱိရွိတဲ့ ရွားေစာင္းလက္ပတ္ပါတဲ့ moisturizers ေတြ အသံုးျပဳႏိုင္ပါတယ္။ ဒါ့ျပင္ အဆီကင္းမဲ့တဲ့ ထုတ္ကုန္ေတြဟာ သင့္အတြက္ ပိုမို သင့္ေလ်ာ္ပါတယ္။

အလွအပဆိုင္ရာ ကုသမႈယူူပါ။

နည္းလမ္းအေတာ္မ်ားမ်ားကို ေခြ်းေပါက္က်ယ္ျခင္းကို ကုသဖို႔ အသံုးျပဳႏိုင္ပါတယ္။ ဒါေပမယ့္ ကုသမႈမယူခင္မွာ ခြဲစိတ္ဆရာဝန္၊ အေရျပားဆရာဝန္ေတြနဲ႔ ေဆြးေႏြးဖို႔ အေရးႀကီးပါတယ္။
ေခြ်းေပါက္က်ယ္ျခင္းကို ကုသႏိုင္တဲ့ နည္းလမ္းမ်ား

Mesotherapy

Mesotherapy မွာ အပ္သံုးရတဲ့နည္းလမ္းနဲ႔ အပ္မပါတဲ့ နည္းလမ္းေတြ ပါဝင္ပါတယ္။ Mesotherapy ဟာ အေရျပားကို amino acids, vitamins, minerals နဲ႔ အျခားေဆးေတြ ျဖည့္တင္းေပးပါတယ္။ အာဟာရဓါတ္ကို ပစ္မွတ္ထားတဲ့ တစ္ရွဴးေတြအတြင္္းထည့္ေပးတာမို႔ အသားအေရကို ပိုမိုလွပေစပါတယ္။ Mesotherapy သာ ေခြ်းေပါက္က်ယ္ျခင္းကို အတြင္းပိုင္းကေန သက္သာေစၿပီး အသားအေရကို ထိေရာက္စြာ လွပေစပါတယ္။

Chemical peels

Chemical Peel ဟာ အက္ဆစ္ပါတဲ့ အရည္ကို အသံုးျပဳၿပီး အေရျပား ဆဲလ္အေသေတြပါတဲ့ အေပၚယံအလႊာကို ဖယ္ရွားျခင္းပဲ ျဖစ္ပါတယ္။ Peel အမ်ိဳးအစား တစ္ခုစီမွာ သင္နဲ႔ သင့္ေလ်ာ္တဲ့ အက္ဆစ္ဓါတ္ပါဝင္ပါတယ္။ ဒီနည္းလမ္းကို အေရျပား ပံုစံ တိုးတက္ေစဖို႔ အသံုးျပဳၿပီး ေခြ်းေပါက္က်ယ္ျခင္းဟာ အရင္ကထက္ပိုၿပီး သက္သာလာမွာျဖစ္ပါတယ္။

ေလဆာအသံုးျပဳကာ ကုသျခင္း

Chemical peels ေတြလိုပဲ Laser skin resurfacing ဟာ ေလဆာေရာင္ျခည္ကို အသံုးျပဳၿပီး ဆဲလ္အေသေတြကို ဖယ္ရွားျခင္း ျဖစ္ပါတယ္။ ေလဆာ ကုသမႈဟာ collagen ထုတ္လုပ္မႈကို တိုးတက္ေစပါတယ္။

Intense Pulsed Light (IPL)

ပစ္မွတ္ထားတဲ့ ေနရာေတြကို အလင္းေရာင္ေပးၿပီး collagen ထုတ္လုပ္မႈကို တုိးတက္ေစျခင္း ျဖစ္ပါတယ္။ ဒီနည္းလမ္းဟာ ေခြ်းေပါက္က်ယ္ျခင္းကို ကုသဖုိ႔အတြက္ ထိေရာက္တဲ့ နည္းလမ္းျဖစ္ၿပီး အေပၚယံအလႊာကို မထိခိုက္ေစပဲ အေရျပားရဲ႕ အတြင္းဆံုးအလႊာအထိ ထိုးေဖါက္ ဝင္ေရာက္ႏိုင္စြမ္းရွိပါတယ္။

Isolaz Lazr Deep Pore Therapy

ဒီနည္းလမ္းဟာ အသိမမ်ားေပမယ့္ US FDA ရဲ႕ ခြင့္ျပဳခ်က္ရၿပီး ျဖစ္ပါတယ္။ IPL လိုမ်ိဳးပဲ သူဟာ အလင္းေရာင္ကို အသံုးျပဳကာ ဘက္တီးရီးယားေတြကို သတ္ပစ္ျခင္း၊ ဆဲလ္အေသေတြကို ဖယ္ရွားျခင္း၊ အဆီပိုေတြကို ဖယ္ရွားျခင္း၊  collagen ကို လံႈ႕ေဆာ္ေပးျခင္းေတြ ျပဳလုပ္ပါတယ္။

Microdermabrasion

ဒီနည္းလမ္းဟာ အေရျပားမ်က္ႏွာျပင္ကေန ဆဲလ္အေသေတြကို ဖယ္ရွားဖို႔ ၾကမ္းတမ္းတဲ့ အေစ့ေသးေသးေလးေတြကို အသံုးျပဳျခင္း ျဖစ္ကာ အေရျပားကို ေခ်ာေမြ႔ေစပါတယ္။ Microdermabrasion ဟာ သင့္ကို radical treatment မေပးႏိုင္ေပမယ့္ ေခြ်းေပါက္က်ယ္ျခင္းကုိ ခဏတာ သက္သာေစပါတယ္။

ေခြ်းေပါက္က်ယ္ျခင္းကို ဘယ္အရာေတြက ျဖစ္ေစလဲဆိုတာ သိရွိျခင္းဟာ အေကာင္းဆံုးအေျဖကို ရွာေဖြဖို႔ ကူညီေပးႏိုင္ပါတယ္။

Credit:hellosayarwon

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


လှပတဲ့ အသားအရေကို ရရှိဖို့ သင့်အိပ်မက်တွေကို ချွေးပေါက်ကျယ်ခြင်းက အနှောင့်အယှက်ဖြစ်နေပါသလား။ တကယ်တော့ ချွေးပေါက်ကျယ်ခြင်းဟာ လူအတော်များများကို သက်ရောက်မှုရှိပြီး အရေပြားကို ရုပ်ဆိုးစေပါတယ်။မိတ်ကပ်ဟာ မျက်နှာပေါ်က ချွေးပေါက်တွေကို ဖုံးကွယ်ပေးနိုင်သော်လည်း ချွေးပေါက်ကျဉ်းအောင် ပြုလုပ်သင့်ပါတယ်။

ချွေးပေါက်ကျယ်ခြင်းကို ထိရောက်စွာ ကျဉ်းစေတဲ့ ထိရောက်တဲ့ နည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဘယ်အရာတွေက ချွေးပေါက်ကျယ်စေပါသလဲ။

ချွေးပေါက်ကျယ်ခြင်းဟာ သင့်အရေပြားမှ အဆီပိုတွေ စွန့်ထုတ်ခြင်းကြောင့် ဖြစ်တာဖြစ်ပါတယ်။ သင့်ကိုယ်ခန္ဓာက အဆီတွေ အလွန်ထုတ်တဲ့အခါမှာ အဆီလုံလောက်တဲ့ပမာဏထွက်စေဖို့ ချွေးပေါက်တွေကို ကျယ်လိုက်ရတာကြောင့် ချွေးပေါက်ကျယ်ခြင်း ဖြစ်တာ ဖြစ်ပါတယ်။

ဒါ့ပြင် ချွေးပေါက်ကျယ်ခြင်းကို ပိုဆိုးစေတဲ့ အချက်တွေ ရှိပါတယ်။

ညစ်ညမ်းသော အရေပြား – ဆဲလ်အသေတွေ၊ ဘက်တီးရီးယားတွေ ချွေးပေါက်အတွင်း ပိတ်နေခြင်းကလည်း ချွေးပေါက်ကျယ်စေပါတယ်။

နေပူလောင်ခြင်း – နေပူဒဏ် ခံရလွန်းတဲ့ အရေပြားဟာ ထူလာပြီး ချွေးပေါက်တွေ မြင်ရစေပါတယ်။

အသက် – အသက်ကြီးလာတာနဲ့ အမျှ အရေပြားမှာ collagen နဲ့ elastine နည်းပါးလာကြပါတယ်။ ရလဒ်အနေနဲ့ ချွေးပေါက်ကျယ်တွေဟာ ပုံမှန်အရွယ်အစားကို ပြန်ရောက်နိုင်ခြင်း မရှိတော့ပါဘူး။

မျိုးရိုးဗီဇ – ချွေးပေါက်ကြီးခြင်းဟာ မိသားစုအတွင်းမှာလည်း ဖြစ်နိုင်ပါတယ်။ သင့်မိသားစုဝင် တစ်ဦးဦးက ချွေးပေါက်ကျယ်ရင် သင့်မှာလည်းချွေးပေါက်ကျယ်နိုင်ပါတယ်။
ချွေးပေါက်ကျယ်ခြင်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။

နေ့စဉ်ဘဝပြောင်းလဲမှုတွေ ပြုလုပ်ပြီး ချွေးပေါက်ကျယ်ခြင်းကို ဖြေရှင်းနိုင်ပါတယ်။

သန့်ရှင်းစွာထားပါ။

နေ့စဉ် မျက်နှာသစ်သင့်ပြီး တစ်ပတ်မှာ နှစ်ကြိမ် မှ သုံးကြိမ်အထိ exfoliate ပြုလုပ်ပြီး ချွေးပေါက်ပိတ်ခြင်းကို ကာကွယ်သင့်ပါတယ်။ အထူးသဖြင့် မိတ်ကပ်မဖျက်ပဲ မအိပ်သင့်ပါဘူး။

နေပူခံလိမ်းဆေးကို လိမ်းပါ။

အင်္ကျီရှည်၊ နားပန်းအကြီးပါတဲ့ ဦးထုတ်၊ နေပူခံလိမ်းဆေးတွေကို နေပူထဲသွားတိုင်း အသုံးပြုသင့်ပါတယ်။ သင့်လျော်တဲ့ SPF နဲ့ PA ပါတဲ့ နေပူခံလိမ်းဆေးတွေဟာ UV rays တွေကြောင့် ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ရေဓါတ်ဖြည့်တင်းပါ။

ချွေးပေါက်ကျဉ်းစေတဲ့ ဂုဏ်သတ္တိရှိတဲ့ ရှားစောင်းလက်ပတ်ပါတဲ့ moisturizers တွေ အသုံးပြုနိုင်ပါတယ်။ ဒါ့ပြင် အဆီကင်းမဲ့တဲ့ ထုတ်ကုန်တွေဟာ သင့်အတွက် ပိုမို သင့်လျော်ပါတယ်။

အလှအပဆိုင်ရာ ကုသမှုယူူပါ။

နည်းလမ်းအတော်များများကို ချွေးပေါက်ကျယ်ခြင်းကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ကုသမှုမယူခင်မှာ ခွဲစိတ်ဆရာဝန်၊ အရေပြားဆရာဝန်တွေနဲ့ ဆွေးနွေးဖို့ အရေးကြီးပါတယ်။
ချွေးပေါက်ကျယ်ခြင်းကို ကုသနိုင်တဲ့ နည်းလမ်းများ

Mesotherapy

Mesotherapy မှာ အပ်သုံးရတဲ့နည်းလမ်းနဲ့ အပ်မပါတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။ Mesotherapy ဟာ အရေပြားကို amino acids, vitamins, minerals နဲ့ အခြားဆေးတွေ ဖြည့်တင်းပေးပါတယ်။ အာဟာရဓါတ်ကို ပစ်မှတ်ထားတဲ့ တစ်ရှူးတွေအတွင်းထည့်ပေးတာမို့ အသားအရေကို ပိုမိုလှပစေပါတယ်။ Mesotherapy သာ ချွေးပေါက်ကျယ်ခြင်းကို အတွင်းပိုင်းကနေ သက်သာစေပြီး အသားအရေကို ထိရောက်စွာ လှပစေပါတယ်။

Chemical peels

Chemical Peel ဟာ အက်ဆစ်ပါတဲ့ အရည်ကို အသုံးပြုပြီး အရေပြား ဆဲလ်အသေတွေပါတဲ့ အပေါ်ယံအလွှာကို ဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။ Peel အမျိုးအစား တစ်ခုစီမှာ သင်နဲ့ သင့်လျော်တဲ့ အက်ဆစ်ဓါတ်ပါဝင်ပါတယ်။ ဒီနည်းလမ်းကို အရေပြား ပုံစံ တိုးတက်စေဖို့ အသုံးပြုပြီး ချွေးပေါက်ကျယ်ခြင်းဟာ အရင်ကထက်ပိုပြီး သက်သာလာမှာဖြစ်ပါတယ်။

လေဆာအသုံးပြုကာ ကုသခြင်း

Chemical peels တွေလိုပဲ Laser skin resurfacing ဟာ လေဆာရောင်ခြည်ကို အသုံးပြုပြီး ဆဲလ်အသေတွေကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။ လေဆာ ကုသမှုဟာ collagen ထုတ်လုပ်မှုကို တိုးတက်စေပါတယ်။

Intense Pulsed Light (IPL)

ပစ်မှတ်ထားတဲ့ နေရာတွေကို အလင်းရောင်ပေးပြီး collagen ထုတ်လုပ်မှုကို တိုးတက်စေခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ချွေးပေါက်ကျယ်ခြင်းကို ကုသဖို့အတွက် ထိရောက်တဲ့ နည်းလမ်းဖြစ်ပြီး အပေါ်ယံအလွှာကို မထိခိုက်စေပဲ အရေပြားရဲ့ အတွင်းဆုံးအလွှာအထိ ထိုးဖေါက် ဝင်ရောက်နိုင်စွမ်းရှိပါတယ်။

Isolaz Lazr Deep Pore Therapy

ဒီနည်းလမ်းဟာ အသိမများပေမယ့် US FDA ရဲ့ ခွင့်ပြုချက်ရပြီး ဖြစ်ပါတယ်။ IPL လိုမျိုးပဲ သူဟာ အလင်းရောင်ကို အသုံးပြုကာ ဘက်တီးရီးယားတွေကို သတ်ပစ်ခြင်း၊ ဆဲလ်အသေတွေကို ဖယ်ရှားခြင်း၊ အဆီပိုတွေကို ဖယ်ရှားခြင်း၊  collagen ကို လှုံ့ဆော်ပေးခြင်းတွေ ပြုလုပ်ပါတယ်။

Microdermabrasion

ဒီနည်းလမ်းဟာ အရေပြားမျက်နှာပြင်ကနေ ဆဲလ်အသေတွေကို ဖယ်ရှားဖို့ ကြမ်းတမ်းတဲ့ အစေ့သေးသေးလေးတွေကို အသုံးပြုခြင်း ဖြစ်ကာ အရေပြားကို ချောမွေ့စေပါတယ်။ Microdermabrasion ဟာ သင့်ကို radical treatment မပေးနိုင်ပေမယ့် ချွေးပေါက်ကျယ်ခြင်းကို ခဏတာ သက်သာစေပါတယ်။

ချွေးပေါက်ကျယ်ခြင်းကို ဘယ်အရာတွေက ဖြစ်စေလဲဆိုတာ သိရှိခြင်းဟာ အကောင်းဆုံးအဖြေကို ရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်။

Credit:hellosayarwon

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top