iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဇာဝင့္ေက်ာ္က သူမရဲ႕ ေကာက္ေၾကာင္းေပၚမွာထိုးခဲ့တဲ့ ႏွင္းဆီပန္းပုံ တက္တူးအေၾကာင္းကုိ ေျပာျပလာပါတယ္။ ျဖစ္ႏုိင္ရင္ေတာ့ တစ္ကုိယ္လုံးကုိ တက္တူးထုိးခ်င္တာပါတဲ့။

သင္ဇာဝင့္ေက်ာ္က မၾကာေသးခင္ကမွ ထုိးထားတဲ့ သူမရဲ႕ တက္တူးအသစ္ထုိးခဲ့တဲ့အေၾကာင္း ေျပာလာပါတယ္။ ျဖစ္ႏုိင္ရင္ေတာ့ တစ္ကုိယ္လုံးကုိ တက္တူးထုိးခ်င္တဲ့ဆႏၵရွိတယ္လုိ႔ မီဒီယာေတြကေနတဆင့္ ေျပာျပထားပါေသးတယ္။
Image may contain: one or more people and outdoor
‘’ဒီတစ္ေခါက္ တက္တူးထုိးတာ အရမ္းနာတယ္၊ အရုိးထဲကအထိ စိမ့္နာတာ။ ေနာက္ပုိင္း Lighting ေလးထည့္တာေပါ့။ ဒါက Lighting ေတြဘာေတြ ေသခ်ာမထည့္ရေသးဘူး။ မၿပီးေသးဘူးေပါ့။ ထပ္ထုိးတာ မခံႏုိင္ေတာ့လုိ႔ ထုိးၿပီးတဲ့အခ်ိန္မွာ ဖ်ားပါဖ်ားသြားတယ္။ ထပ္ထုိးဖုိ႔ စဥ္းစားထားတာေတြေတာ့ရွိတယ္။ ခဏေလး ရပ္ထားဦးမယ္။ ထုိးခ်င္ေနတာကေတာ့ တစ္ကုိယ္လုံးပဲ’’ လုိ႔ သူကဆုိပါတယ္။

သူမရဲ႕ တက္တူးအသစ္ကေတာ့ ႏွင္းဆီပန္း အနီရဲရဲပုံသ႑ာန္ျဖစ္ၿပီး အရမ္းကုိလွပါတယ္။ ႏွင္းဆီပန္းအနီေရာင္ကုိ တက္တူး ထုိးျဖစ္ခဲ့တဲ့အေၾကာင္းကုိလည္း သင္ဇာဝင့္ေက်ာ္က Kate's UK Brand House ဆုိင္ဖြင့္ပြဲကုိ တက္ေရာက္ရင္း ေျဖဆုိခဲ့တာပါ။
Image may contain: 1 person, smiling, sitting
‘’သင္ဇာ့ခႏၶာကုိယ္မွာ တက္တူးအႀကီးႀကီးမရွိေသးဘူး။ ရွိသမွ်တက္တူးေတြကလည္း Black & White ပဲဆုိေတာ့ ကာလာတက္တူးေလးလည္းထုိးခ်င္တယ္။ ႏွင္းဆီအနီေရာင္ကုိလည္း အရမ္းႀကိဳက္တဲ့အခါက်ေတာ့ ထုိးျဖစ္သြားတာပါ။ ၆ ပြင့္ထုိးတာေပါ့ေနာ္။ သင္ဇာက ႏွင္းဆီအနီကုိ အရမ္းႀကိဳက္တယ္၊ အမွတ္တရအေနနဲ႔ ထိုးျဖစ္သြားတာပါ’’ လုိ႔ ဆုိပါတယ္။

သင္ဇာဝင့္ေက်ာ္က ႏွင္းဆီပန္း ၆ ပြင့္ ပုံစံတက္တူးကုိ ခါးနဲ႔ေပါင္ရင္း ေကာက္ေၾကာင္းေပၚမွာ ထုိးခဲ့တယ္လုိ႔ ဆုိပါတယ္။

‘’ မသိဘူး အဲဒီေနရာမွာ ထုိးခ်င္ေနတာေတာ္ေတာ္ၾကာၿပီ။ ဘာေၾကာင့္လဲဆုိေတာ့ ဒီေနရာက မိန္းကေလးတစ္ေယာက္အတြက္ ခႏၶာကုိယ္ေကာက္ေၾကာင္းေနရာလုိ႔ ေျပာလုိ႔ရတယ္ေလ။ အဲဒီေနရာမွာ ထုိးရင္ ပုိၿပီး ဆြဲေဆာင္မႈရွိမယ္ထင္လုိ႔၊ ႀကိဳက္တဲ့ စိတ္ေလးပဲရွိတာပါ အလွေပၚေစခ်င္လုိ႔ ထုိးတာမ်ဳိးေတာ့ မရွိပါဘူး’’ လုိ႔ ဆက္လက္ေျပာျပလာပါတယ္။

သင္ဇာဝင့္ေက်ာ္ဟာ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဓာတ္ပံုအလန္းစားေလးေတြကို အၿမဲတမ္း တင္ျဖစ္ေနသူပါ။သင္ဇာဝင့္ေက်ာ္ကေတာ့ ေနာက္ပိုင္း မွာသူမရဲ႕ခႏၶာကိုယ္အလွအပနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြ ၾကားေရပန္းစားေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ အႏုပညာ လႈပ္ရွား မႈေတြ ဆက္တိုက္လုပ္ကိုင္လ်က္ ရွိပါတယ္။ မၾကာေသးခင္ကလည္း ပူတာအုိမွာ ‘’ႏွင္းပြင့္ေစရာ’’ဆုိတဲ့ ရုပ္ရွင္ကားႀကီးကုိ သရုပ္ေဆာင္ ျမင့္ျမတ္နဲ႔အတူ ပါဝင္ရုိက္ကူးခဲ့ပါေသးတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Duwun
#Unicode Version#
သင်ဇာဝင့်ကျော်က သူမရဲ့ ကောက်ကြောင်းပေါ်မှာထိုးခဲ့တဲ့ နှင်းဆီပန်းပုံ တက်တူးအကြောင်းကို ပြောပြလာပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်ကိုယ်လုံးကို တက်တူးထိုးချင်တာပါတဲ့။

သင်ဇာဝင့်ကျော်က မကြာသေးခင်ကမှ ထိုးထားတဲ့ သူမရဲ့ တက်တူးအသစ်ထိုးခဲ့တဲ့အကြောင်း ပြောလာပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်ကိုယ်လုံးကို တက်တူးထိုးချင်တဲ့ဆန္ဒရှိတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြထားပါသေးတယ်။

‘’ဒီတစ်ခေါက် တက်တူးထိုးတာ အရမ်းနာတယ်၊ အရိုးထဲကအထိ စိမ့်နာတာ။ နောက်ပိုင်း Lighting လေးထည့်တာပေါ့။ ဒါက Lighting တွေဘာတွေ သေချာမထည့်ရသေးဘူး။ မပြီးသေးဘူးပေါ့။ ထပ်ထိုးတာ မခံနိုင်တော့လို့ ထိုးပြီးတဲ့အချိန်မှာ ဖျားပါဖျားသွားတယ်။ ထပ်ထိုးဖို့ စဉ်းစားထားတာတွေတော့ရှိတယ်။ ခဏလေး ရပ်ထားဦးမယ်။ ထိုးချင်နေတာကတော့ တစ်ကိုယ်လုံးပဲ’’ လို့ သူကဆိုပါတယ်။

သူမရဲ့ တက်တူးအသစ်ကတော့ နှင်းဆီပန်း အနီရဲရဲပုံသဏ္ဍာန်ဖြစ်ပြီး အရမ်းကိုလှပါတယ်။ နှင်းဆီပန်းအနီရောင်ကို တက်တူး ထိုးဖြစ်ခဲ့တဲ့အကြောင်းကိုလည်း သင်ဇာဝင့်ကျော်က Kate's UK Brand House ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’သင်ဇာ့ခန္ဓာကိုယ်မှာ တက်တူးအကြီးကြီးမရှိသေးဘူး။ ရှိသမျှတက်တူးတွေကလည်း Black & White ပဲဆိုတော့ ကာလာတက်တူးလေးလည်းထိုးချင်တယ်။ နှင်းဆီအနီရောင်ကိုလည်း အရမ်းကြိုက်တဲ့အခါကျတော့ ထိုးဖြစ်သွားတာပါ။ ၆ ပွင့်ထိုးတာပေါ့နော်။ သင်ဇာက နှင်းဆီအနီကို အရမ်းကြိုက်တယ်၊ အမှတ်တရအနေနဲ့ ထိုးဖြစ်သွားတာပါ’’ လို့ ဆိုပါတယ်။

သင်ဇာဝင့်ကျော်က နှင်းဆီပန်း ၆ ပွင့် ပုံစံတက်တူးကို ခါးနဲ့ပေါင်ရင်း ကောက်ကြောင်းပေါ်မှာ ထိုးခဲ့တယ်လို့ ဆိုပါတယ်။

‘’ မသိဘူး အဲဒီနေရာမှာ ထိုးချင်နေတာတော်တော်ကြာပြီ။ ဘာကြောင့်လဲဆိုတော့ ဒီနေရာက မိန်းကလေးတစ်ယောက်အတွက် ခန္ဓာကိုယ်ကောက်ကြောင်းနေရာလို့ ပြောလို့ရတယ်လေ။ အဲဒီနေရာမှာ ထိုးရင် ပိုပြီး ဆွဲဆောင်မှုရှိမယ်ထင်လို့၊ ကြိုက်တဲ့ စိတ်လေးပဲရှိတာပါ အလှပေါ်စေချင်လို့ ထိုးတာမျိုးတော့ မရှိပါဘူး’’ လို့ ဆက်လက်ပြောပြလာပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။ မကြာသေးခင်ကလည်း ပူတာအိုမှာ ‘’နှင်းပွင့်စေရာ’’ဆိုတဲ့ ရုပ်ရှင်ကားကြီးကို သရုပ်ဆောင် မြင့်မြတ်နဲ့အတူ ပါဝင်ရိုက်ကူးခဲ့ပါသေးတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top