iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြက သူတို႔ရဲ႕ အသားအေရ၊ ေျခသည္း လက္သည္း၊ ဆံပင္၊ မ်က္ႏွာစတဲ့ အလွအပေတြ အတြက္ ပိုက္ဆံ အေျမာက္အျမား သံုးစြဲၾကပါတယ္။ ေစ်းကြက္မွာလည္း လိုခ်င္စရာ ႏိုင္ငံေပါင္းစံုက အလွျပင္ ပစၥည္းေတြကလည္း လက္ညိႇဳးထိုးမလြဲ ေပါမ်ားလာပါတယ္။ ဒါေပမဲ့လည္း အလွျပင္ပစၥည္း အမ်ားစုက အင္မတန္ ေစ်းႀကီးၿပီးေတာ့ အခန္႔မသင့္ရင္ သင္နဲ႔ဓာတ္တည့္ခ်င္မွ တည့္မွာပါ။

တကယ္ေတာ့ ျပစ္မ်ဳိးမွဲ႔ မထင္အလွ ပိုင္ဆိုင္ဖို႔ဆိုတာ ပိုက္ဆံ အကုန္အက် ခံေနစရာေတာင္ မလိုပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေဘးကင္းၿပီး ပိုက္ဆံသိပ္မကုန္ေစတဲ့ သဘာ၀ နည္းလမ္းေတြ မ်ားစြာရွိေနလုိ႔ပါပဲ။ ဒါေပမဲ့လည္း အဲဒီနည္းလမ္းေတြ အျပင္ အိပ္ခ်ိန္ပံုမွန္ရွိဖို႔၊ စိတ္ဖိစီးမႈမရွိဖို႔၊ ကိုယ္လက္ေလ့က်င့္ခန္း မွန္မွန္လုပ္ဖို႔ တို႔ကလည္း အလွအပအတြက္ အလြန္အေရး ပါပါေသးတယ္။

၁။ ၀က္ၿခံအတြက္ သြားတိုက္ေဆး

၀က္ၿခံတို႔လို အဖုအပိမ့္ေတြဟာ ဆယ္ေက်ာ္သက္ေတြၾကားမွာ အျဖစ္မ်ားတတ္ပါတယ္။ ၀က္ၿခံေတြက မ်က္ႏွာ၊ ရင္ဘတ္၊ ေက်ာကုန္း၊ ဦးေရျပားစတဲ့ ေနရာေတြမွာ ျဖစ္ေပၚတတ္ပါတယ္။ အဆီျပန္လြန္းျခင္း၊ အေရျပားဆဲလ္ အေသမ်ားစုေ၀းလာျခင္း၊ ေခၽြးေပါက္ပိတ္ျခင္း၊ ဘက္တီးရီးယားမ်ား စသည္တို႔က ၀က္ၿခံကို ျဖစ္ေစပါတယ္။

၀က္ၿခံေပါက္ေနတဲ့ ေနရာမ်ားကို အိပ္ရာမ၀င္ခင္ အျဖဴေရာင္ သြားတိုက္ေဆး (Gel မဟုတ္) အနည္းငယ္လိမ္းပါ။ ထို႔ေနာက္ မနက္အိပ္ရာႏိုးေသာအခါ ေရေဆးပါ။ ၀က္ၿခံေပ်ာက္သည္အထိ ဤနည္းလမ္းကို သံုးပါ။

ရွားေစာင္းလက္ပပ္ ကလည္း ၀က္ၿခံသက္သာေစပါတယ္။ ရွားေစာင္းလက္ပပ္ အႏွစ္ကိုယူၿပီး ၀က္ၿခံေနရာကို တစ္ေန႔သံုးႀကိမ္လိမ္းပါ။ ရွားေစာင္း လက္ပပ္မွာပါတဲ့ ဓာတ္က ၀က္ၿခံျဖစ္ေစတဲ့ ဘက္တီးရီးယားမ်ားကို ဖယ္ရွားပါတယ္။

၂။ ႏႈတ္ခမ္းေျခာက္ျခင္း အတြက္ သၾကား

အလွအပနဲ႔ ပတ္သက္လာရင္ ႏႈတ္ခမ္းကိုလည္း မေမ့ပါနဲ႔။ ႏူးညံ့တဲ့ ပန္းေသြးေရာင္ ႏႈတ္ခမ္းမ်ားက ပိုမိုလွပေစၿပီးေတာ့ ေျခာက္ေသြ႕ အက္ကြဲေနတဲ့ ႏႈတ္ခမ္းမ်ားကေတာ့ အလွပ်က္ေစပါတယ္။ အရည္အေသြးနိမ့္တဲ့ ႏႈတ္ခမ္းအလွျပင္ ပစၥည္းမ်ား၊ ေနေရာင္ျခည္ႏွင့္ ထိေတြ႕မႈမ်ားျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ ကဖင္းစားသံုးမႈမ်ားျပားျခင္း၊ ေဟာ္မုန္းမညီမွ်ျခင္း တို႔က ႏႈတ္ခမ္းကို ေျခာက္ေသြ႔ေစၿပီး အနက္ေရာင္ သမ္းေစပါတယ္။

သၾကားဇြန္းေသး ႏွစ္ဇြန္းကို ပ်ားရည္တစ္ဇြန္းနဲ႔ ေရာၿပီး မိနစ္အနည္းငယ္ၾကာ ႏႈတ္ခမ္းကို ေခ်းခၽြတ္ပါ။ ၎နည္းလမ္းကို တစ္ပတ္တစ္ႀကိမ္ လုပ္ေဆာင္ပါ။ ဆဲလ္အေသမ်ားကို ဖယ္ရွားေပးၿပီး ေျခာက္ေသြ႕အက္ကြဲမႈမွ ကာကြယ္ေပးပါတယ္။

ႏႈတ္ခမ္းကို အစိုဓာတ္ထိန္းဖို႔ဆိုရင္ ႏႈတ္ခမ္းကို သံလြင္ဆီ (သို႔) အုန္းဆီ ေန႔စဥ္သုတ္လိမ္းပါ။

၃။ သြား၀ါျခင္းအတြက္ မုန္႔ဖုတ္ဆိုဒါ

ေတာက္ပတဲ့ အၿပံဳးပိုင္ရွင္ျဖစ္ဖို႔ ပုလဲေရာင္သြားေလးေတြ ပိုင္ဆိုင္ဖို႔ လိုတယ္ေနာ္။ ဒါေပမဲ့ လက္ဖက္ရည္၊ ေကာ္ဖီ အလြန္အကၽြံေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္းတို႔က သြားကို အ၀ါေရာင္သမ္းေစပါတယ္။

မုန္႔ဖုတ္ဆုိဒါ ေလးပံုတစ္ပံုခန္႔ကို သြားတိုက္ေဆး အနည္းငယ္ေရာၿပီး တစ္ပတ္တစ္ႀကိမ္ သြားတိုက္ပါ။ မုန္႔ဖုတ္ဆိုဒါမွာပါတဲ့ ဓာတ္က သြားမ်ားရွိ အစြန္းအထင္းမ်ားကို ခၽြတ္ပါတယ္။ ဒါေပမဲ့ ဒီနည္းလမ္းကို အသံုးျပဳၿပီးၿပီးခ်င္း ဘာမွမစား၊ မေသာက္ပါနဲ႔။

ေနာက္တစ္နည္း ကေတာ့ လတ္လတ္ဆတ္ဆတ္ လိေမၼာ္ခြံနဲ႔ ညအိပ္ရာမ၀င္ခင္ သြားတိုက္ေပးဖို႔ပါ။ လိေမၼာ္ခြံမွာ ပါ၀င္တဲ့အစြန္းခၽြတ္ဓာတ္က သြားမ်ားကို ျဖဴေဖြးေစပါတယ္။

၄။ မ်က္လံုးအစ္ျခင္း အတြက္ စတီးဇြန္း

တစ္ခါတစ္ရံမွာ အိပ္ရာကႏိုးလာတဲ့အခါ မ်က္လံုးအစ္တာတို႔ မ်က္ကြင္းညိဳတာတို႔နဲ႔ ႀကံဳေတြ႔ရႏိုင္ပါတယ္။ မ်က္လံုးအစ္ရျခင္း အေၾကာင္းရင္းမ်ား ကေတာ့ ငိုျခင္း၊ ညမအိပ္ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊ ေဟာ္မုန္းေျပာင္းလဲျခင္း စတာတို႔ ျဖစ္ပါတယ္။

စတီးဇြန္းမ်ားကို ေရခဲေသတၱာထဲ (၁၅) မိနစ္ၾကာ ထည့္ထားပါ။ ထို႔ေနာက္ ဇြန္းရဲ႕အဖ်ားကေနကိုင္ၿပီး ဇြန္းခြက္ကို မ်က္လံုး မွိတ္ထားၿပီး တစ္မိနစ္ၾကာ တင္ထား ပါ။ ၎အေအးဓာတ္က မ်က္လံုးတစ္၀ိုက္က အေရျပားကို တင္းရင္းေစၿပီး ေသြးလွည့္ပတ္မႈ ေကာင္းမြန္ေစပါတယ္။

ေနာက္တစ္နည္းကေတာ့ သခြားသီးကို လွီးၿပီး မွိတ္ထားတဲ့ မ်က္လံုးမ်ားေပၚ (၁၀) မိနစ္ၾကာတင္ထားပါ။ သခြားသီးရဲ႕ ဓာတ္သဘာ၀က မ်က္လံုးတစ္၀ိုက္ ေရာင္ရမ္းျခင္းကို ေလွ်ာ့ခ်ပါတယ္။

၅။ အဆီျပန္ေသာ အသားအေရအတြက္ ၾကက္ဥအကာ

အဆီျပန္တဲ့ အသားအေရက အိုမင္းရင့္ေရာ္ျခင္းကို ေစာေစာမျဖစ္ေစေသာ္လည္း ထိန္းသိမ္းရခက္တဲ့ အသားအေရမ်ဳိး ျဖစ္ပါတယ္။ အဆီျပန္တဲ့ အသားအေရက မ်က္ႏွာကို အဆီေျပာင္၀င္းေနေစတဲ့ အျပင္ ၀က္ၿခံေပါက္ဖို႔လည္း ပိုအားေပးပါတယ္။

ၾကက္ဥအကာက အဆီမ်ားကို စုပ္ယူပါတယ္။ ၾကက္ဥအကာကို ခေလာက္ၿပီး မ်က္ႏွာေပၚလိမ္းပါ။ အေျခာက္ခံၿပီး ေရေႏြးျဖင့္ ေဆးပါ။ ၎နည္းလမ္းကို တစ္ပတ္ႏွစ္ႀကိမ္ လုပ္ေဆာင္ပါ။ ၾကက္ဥအကာႏွင့္ ေရွာက္ရည္ ေရာစပ္ၿပီးလည္း အသံုးျပဳႏိုင္ပါတယ္။

ေနာက္တစ္နည္းကေတာ့ ခရမ္းခ်ဥ္သီး တစ္၀က္နဲ႔ မ်က္ႏွာကို ပြတ္တိုက္ေပးပါ။ (၁၅)မိနစ္ခန္႔ ထားထားၿပီး ေရေအးျဖင့္ေဆးပါ။ ၎နည္းကို တစ္ပတ္ (၂) ႀကိမ္ လုပ္ေဆာင္ပါ။

၆။ အမည္းစက္မ်ားအတြက္ မုန္႔ဖုတ္ဆိုဒါ

အမည္းစက္မ်ား ဆိုတာ အဆီပိတ္ေနတဲ့ ေခၽြးေပါက္မ်ားသာ ျဖစ္ပါတယ္။ ၎တို႔က မ်ားေသာအားျဖင့္ ႏွာေခါင္းနဲ႔ နဖူးေပၚမွာ ရွိတတ္ၾကပါတယ္။

မုန္႔ဖုတ္ဆိုဒါ အနည္းငယ္ကို ေရအနည္းငယ္ေရာၿပီး အမည္းစက္ ျဖစ္ေသာေနရာမ်ားေပၚ လိမ္းပါ။ စကၠန္႔အနည္းငယ္ ၾကာထားၿပီး ေရေဆးပါ။ ၎နည္းလမ္းကို တစ္ပတ္ႏွစ္ႀကိမ္ လုပ္ေဆာင္ပါ။

၁၀။ ေဗာက္ျပႆနာ အတြက္ အုန္းဆီနဲ႔ေရွာက္ရည္

ေဗာက္ျပႆနာကလည္း စိတ္အေႏွာင့္အယွက္ ျဖစ္စရာ ေကာင္းလွပါတယ္။

အုန္းဆီ အနည္းငယ္ကို ေရွာက္ရည္နဲ႔ေရာၿပီး ဦးေရျပားေပၚလိမ္းပါ။ မိနစ္ (၃၀) ခန္႔ထားၿပီးေနာက္ ေခါင္းေလွ်ာ္ပါ။ ၎နည္းလမ္းကို တစ္ပတ္ႏွစ္ႀကိမ္ လုပ္ေဆာင္ပါ။
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Messenger Journal
#Unicode Version#
မိန်းကလေးတွေက သူတို့ရဲ့ အသားအရေ၊ ခြေသည်း လက်သည်း၊ ဆံပင်၊ မျက်နှာစတဲ့ အလှအပတွေ အတွက် ပိုက်ဆံ အမြောက်အမြား သုံးစွဲကြပါတယ်။ ဈေးကွက်မှာလည်း လိုချင်စရာ နိုင်ငံပေါင်းစုံက အလှပြင် ပစ္စည်းတွေကလည်း လက်ညှိုးထိုးမလွဲ ပေါများလာပါတယ်။ ဒါပေမဲ့လည်း အလှပြင်ပစ္စည်း အများစုက အင်မတန် ဈေးကြီးပြီးတော့ အခန့်မသင့်ရင် သင်နဲ့ဓာတ်တည့်ချင်မှ တည့်မှာပါ။

တကယ်တော့ ပြစ်မျိုးမှဲ့ မထင်အလှ ပိုင်ဆိုင်ဖို့ဆိုတာ ပိုက်ဆံ အကုန်အကျ ခံနေစရာတောင် မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘေးကင်းပြီး ပိုက်ဆံသိပ်မကုန်စေတဲ့ သဘာ၀ နည်းလမ်းတွေ များစွာရှိနေလို့ပါပဲ။ ဒါပေမဲ့လည်း အဲဒီနည်းလမ်းတွေ အပြင် အိပ်ချိန်ပုံမှန်ရှိဖို့၊ စိတ်ဖိစီးမှုမရှိဖို့၊ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့ တို့ကလည်း အလှအပအတွက် အလွန်အရေး ပါပါသေးတယ်။

၁။ ဝက်ခြံအတွက် သွားတိုက်ဆေး

ဝက်ခြံတို့လို အဖုအပိမ့်တွေဟာ ဆယ်ကျော်သက်တွေကြားမှာ အဖြစ်များတတ်ပါတယ်။ ဝက်ခြံတွေက မျက်နှာ၊ ရင်ဘတ်၊ ကျောကုန်း၊ ဦးရေပြားစတဲ့ နေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ အဆီပြန်လွန်းခြင်း၊ အရေပြားဆဲလ် အသေများစုဝေးလာခြင်း၊ ချွေးပေါက်ပိတ်ခြင်း၊ ဘက်တီးရီးယားများ စသည်တို့က ဝက်ခြံကို ဖြစ်စေပါတယ်။

ဝက်ခြံပေါက်နေတဲ့ နေရာများကို အိပ်ရာမဝင်ခင် အဖြူရောင် သွားတိုက်ဆေး (Gel မဟုတ်) အနည်းငယ်လိမ်းပါ။ ထို့နောက် မနက်အိပ်ရာနိုးသောအခါ ရေဆေးပါ။ ဝက်ခြံပျောက်သည်အထိ ဤနည်းလမ်းကို သုံးပါ။

ရှားစောင်းလက်ပပ် ကလည်း ဝက်ခြံသက်သာစေပါတယ်။ ရှားစောင်းလက်ပပ် အနှစ်ကိုယူပြီး ဝက်ခြံနေရာကို တစ်နေ့သုံးကြိမ်လိမ်းပါ။ ရှားစောင်း လက်ပပ်မှာပါတဲ့ ဓာတ်က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပါတယ်။

၂။ နှုတ်ခမ်းခြောက်ခြင်း အတွက် သကြား

အလှအပနဲ့ ပတ်သက်လာရင် နှုတ်ခမ်းကိုလည်း မမေ့ပါနဲ့။ နူးညံ့တဲ့ ပန်းသွေးရောင် နှုတ်ခမ်းများက ပိုမိုလှပစေပြီးတော့ ခြောက်သွေ့ အက်ကွဲနေတဲ့ နှုတ်ခမ်းများကတော့ အလှပျက်စေပါတယ်။ အရည်အသွေးနိမ့်တဲ့ နှုတ်ခမ်းအလှပြင် ပစ္စည်းများ၊ နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကဖင်းစားသုံးမှုများပြားခြင်း၊ ဟော်မုန်းမညီမျှခြင်း တို့က နှုတ်ခမ်းကို ခြောက်သွေ့စေပြီး အနက်ရောင် သမ်းစေပါတယ်။

သကြားဇွန်းသေး နှစ်ဇွန်းကို ပျားရည်တစ်ဇွန်းနဲ့ ရောပြီး မိနစ်အနည်းငယ်ကြာ နှုတ်ခမ်းကို ချေးချွတ်ပါ။ ၎င်းနည်းလမ်းကို တစ်ပတ်တစ်ကြိမ် လုပ်ဆောင်ပါ။ ဆဲလ်အသေများကို ဖယ်ရှားပေးပြီး ခြောက်သွေ့အက်ကွဲမှုမှ ကာကွယ်ပေးပါတယ်။

နှုတ်ခမ်းကို အစိုဓာတ်ထိန်းဖို့ဆိုရင် နှုတ်ခမ်းကို သံလွင်ဆီ (သို့) အုန်းဆီ နေ့စဉ်သုတ်လိမ်းပါ။

၃။ သွားဝါခြင်းအတွက် မုန့်ဖုတ်ဆိုဒါ

တောက်ပတဲ့ အပြုံးပိုင်ရှင်ဖြစ်ဖို့ ပုလဲရောင်သွားလေးတွေ ပိုင်ဆိုင်ဖို့ လိုတယ်နော်။ ဒါပေမဲ့ လက်ဖက်ရည်၊ ကော်ဖီ အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတို့က သွားကို အဝါရောင်သမ်းစေပါတယ်။

မုန့်ဖုတ်ဆိုဒါ လေးပုံတစ်ပုံခန့်ကို သွားတိုက်ဆေး အနည်းငယ်ရောပြီး တစ်ပတ်တစ်ကြိမ် သွားတိုက်ပါ။ မုန့်ဖုတ်ဆိုဒါမှာပါတဲ့ ဓာတ်က သွားများရှိ အစွန်းအထင်းများကို ချွတ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကို အသုံးပြုပြီးပြီးချင်း ဘာမှမစား၊ မသောက်ပါနဲ့။

နောက်တစ်နည်း ကတော့ လတ်လတ်ဆတ်ဆတ် လိမ္မော်ခွံနဲ့ ညအိပ်ရာမဝင်ခင် သွားတိုက်ပေးဖို့ပါ။ လိမ္မော်ခွံမှာ ပါဝင်တဲ့အစွန်းချွတ်ဓာတ်က သွားများကို ဖြူဖွေးစေပါတယ်။

၄။ မျက်လုံးအစ်ခြင်း အတွက် စတီးဇွန်း

တစ်ခါတစ်ရံမှာ အိပ်ရာကနိုးလာတဲ့အခါ မျက်လုံးအစ်တာတို့ မျက်ကွင်းညိုတာတို့နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ မျက်လုံးအစ်ရခြင်း အကြောင်းရင်းများ ကတော့ ငိုခြင်း၊ ညမအိပ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း စတာတို့ ဖြစ်ပါတယ်။

စတီးဇွန်းများကို ရေခဲသေတ္တာထဲ (၁၅) မိနစ်ကြာ ထည့်ထားပါ။ ထို့နောက် ဇွန်းရဲ့အဖျားကနေကိုင်ပြီး ဇွန်းခွက်ကို မျက်လုံး မှိတ်ထားပြီး တစ်မိနစ်ကြာ တင်ထား ပါ။ ၎င်းအအေးဓာတ်က မျက်လုံးတစ်ဝိုက်က အရေပြားကို တင်းရင်းစေပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

နောက်တစ်နည်းကတော့ သခွားသီးကို လှီးပြီး မှိတ်ထားတဲ့ မျက်လုံးများပေါ် (၁၀) မိနစ်ကြာတင်ထားပါ။ သခွားသီးရဲ့ ဓာတ်သဘာဝက မျက်လုံးတစ်ဝိုက် ရောင်ရမ်းခြင်းကို လျှော့ချပါတယ်။

၅။ အဆီပြန်သော အသားအရေအတွက် ကြက်ဥအကာ

အဆီပြန်တဲ့ အသားအရေက အိုမင်းရင့်ရော်ခြင်းကို စောစောမဖြစ်စေသော်လည်း ထိန်းသိမ်းရခက်တဲ့ အသားအရေမျိုး ဖြစ်ပါတယ်။ အဆီပြန်တဲ့ အသားအရေက မျက်နှာကို အဆီပြောင်ဝင်းနေစေတဲ့ အပြင် ဝက်ခြံပေါက်ဖို့လည်း ပိုအားပေးပါတယ်။

ကြက်ဥအကာက အဆီများကို စုပ်ယူပါတယ်။ ကြက်ဥအကာကို ခလောက်ပြီး မျက်နှာပေါ်လိမ်းပါ။ အခြောက်ခံပြီး ရေနွေးဖြင့် ဆေးပါ။ ၎င်းနည်းလမ်းကို တစ်ပတ်နှစ်ကြိမ် လုပ်ဆောင်ပါ။ ကြက်ဥအကာနှင့် ရှောက်ရည် ရောစပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။

နောက်တစ်နည်းကတော့ ခရမ်းချဉ်သီး တစ်ဝက်နဲ့ မျက်နှာကို ပွတ်တိုက်ပေးပါ။ (၁၅)မိနစ်ခန့် ထားထားပြီး ရေအေးဖြင့်ဆေးပါ။ ၎င်းနည်းကို တစ်ပတ် (၂) ကြိမ် လုပ်ဆောင်ပါ။

၆။ အမည်းစက်များအတွက် မုန့်ဖုတ်ဆိုဒါ

အမည်းစက်များ ဆိုတာ အဆီပိတ်နေတဲ့ ချွေးပေါက်များသာ ဖြစ်ပါတယ်။ ၎င်းတို့က များသောအားဖြင့် နှာခေါင်းနဲ့ နဖူးပေါ်မှာ ရှိတတ်ကြပါတယ်။

မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေအနည်းငယ်ရောပြီး အမည်းစက် ဖြစ်သောနေရာများပေါ် လိမ်းပါ။ စက္ကန့်အနည်းငယ် ကြာထားပြီး ရေဆေးပါ။ ၎င်းနည်းလမ်းကို တစ်ပတ်နှစ်ကြိမ် လုပ်ဆောင်ပါ။

၁၀။ ဗောက်ပြဿနာ အတွက် အုန်းဆီနဲ့ရှောက်ရည်

ဗောက်ပြဿနာကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပါတယ်။

အုန်းဆီ အနည်းငယ်ကို ရှောက်ရည်နဲ့ရောပြီး ဦးရေပြားပေါ်လိမ်းပါ။ မိနစ် (၃၀) ခန့်ထားပြီးနောက် ခေါင်းလျှော်ပါ။ ၎င်းနည်းလမ်းကို တစ်ပတ်နှစ်ကြိမ် လုပ်ဆောင်ပါ။
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Messenger Journal
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top