iMyanmarHouse.com - Best Property Website for Myanmar
×

ယြန္းယြန္းဟာဆိုရင္ငယ္ငယ္ကတည္းက ကေလးသရုပ္ေဆာင္အျဖစ္ေက်ာ္ၾကားလာခဲ့ျပီး ပရိသတ္အားေပးမႈေတြရရွိထားတဲ့မင္းသမီးတစ္လက္ျဖစ္သလုိ ခ်စ္ဖို႔ေကာင္းတဲ့အမူအရာေလးေတြေၾကာင့္ပရိသတ္ေတြသည္းသည္းလႈပ္ခ်စ္ရတဲ့ အနုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။ယြန္းယြန္းက မၾကာေသးမီက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ အိျႏၵာေက်ာ္ဇင္နဲ႔သရုပ္ေဆာင္ခဲ့ရတဲ့အေတြ႕အၾကံဳေတြအေၾကာင္းနဲ႔ အူဝဲရဲ႕ နုပ်ိဳေနတဲ့လိ်ဳ႕ဝွက္ခ်က္ကုိ ေျပာျပသြားပါတယ္။

ယြန္းယြန္းက မအူဝဲနဲ႔ ငယ္ငယ္တုန္းက ခဏခဏတြဲျပီးသရုပ္ေဆာင္ခဲ့ဖူးေၾကာင္း “မအူဝဲနဲ႔က အမ်ားၾကီးပဲသရုပ္ေဆာင္ခဲ့ဖူးတယ္ေပါ့ေနာ္။ ငယ္ငယ္တုန္းကေတာ့ သားအမိလိုမ်ိဳးသရုပ္ေဆာင္ခဲ့ဖူးတယ္။ ၾကီးလာရင္ေတာ့မေျပာတတ္ဘူးေပါ့ေနာ္။ မအူဝဲကလည္းအရမ္းနုျပီးေတာ့ အမ်ားၾကီးေျပာင္းလဲသြားတာမ်ိဳးမရွိဘူးေပါ့ေနာ္။ သမီး ငါးနွစ္ေျခာက္နွစ္ေလာက္တုန္းကလည္း ဒီပံုစံပဲ။ အခုသမီး ဆယ့္ကုိးနွစ္ေလာက္ေရာက္ေတာ့လည္းဒီပံုစံပဲ။ အျမဲအရြယ္တင္နုပ်ိဳေနတာပဲဆိုေတာ့ သားအမိခန္းလည္းရိုက္ဖို႔အဆင္မေျပဘူးေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

မအူဝဲက ရႈတင္မွာအစစအရာရာသင္ေပးျပေပးျပီး ခ်စ္ဖို႔ေကာင္းတယ္လို႔လည္း “အခုေနျပန္ရုိက္ရင္ေတာ့ ဘယ္လုိကာရိုက္တာမ်ိဳးနဲ႔ သရုပ္ေဆာင္ခြင့္ရမလဲမသိဘူးေပါ့ေနာ္။ ဒါေပမယ့္ မအူဝဲက ရႈတင္မွာအျမဲတမ္းပဲ သင္ေပးတယ္။ လက္တြဲေခၚတယ္။ ေပ်ာ္ေအာင္အျမဲတမ္းလိုက္ျပီးေတာ့ စေနာက္တတ္တယ္ဆိုေတာ့ သူနဲ႔အမ်ားၾကီးထပ္ဆံုခ်င္ပါတယ္”လို႔ ရင္ဖြင့္ထားပါတယ္။

ယြန္းယြန္းကအူဝဲရဲ႕ သရုပ္ေဆာင္မႈေတြကုိလည္း ခ်ီးက်ဴးထားပါေသးတယ္။ “မအူဝဲက သရုပ္ေဆာင္လို႔ရွိရင္ အရမ္းပဲ စိတ္နွစ္တယ္ေလေနာ္။ သူ႔ရဲ႕မ်က္လံုးေတြ နႈတ္ခမ္းေတြ၊ ပါးေလးေတြလႈပ္တာကအစ အနီးကပ္ျမင္ခဲ့ရတာေပါ့ေနာ္။ ငယ္ငယ္တုန္းက ရႈတင္မွာသတိထားျပီးေတာ့ ၾကည့္မိရင္ သူ႔ရဲ႕ကာရိုက္တာမွာအရမ္းစိတ္နွစ္ျပီးေတာ့ သရုပ္ေဆာင္တာကုိေတြ႕ရတယ္။ အထူးသျဖင့္ဒရာမာေတြဆိုရင္အရမ္းေလးစားဖို႔ေကာင္းတယ္ေပါ့ေနာ္။ အရမ္းသေဘာက်ပါတယ္။မအူဝဲက အခု ကေလးေလးေတြနဲ႔မို႔ ကားေတြအမ်ားၾကီးမရိုက္နိင္ဘူးဆိုေပမယ့္ ပရိသတ္တစ္ေယာက္အေနနဲ႔ ကားေတြအမ်ားၾကီးဆက္ရုိက္ေစခ်င္ပါတယ္”လို႔ ေျပာၾကားသြားပါတယ္။

ယြန္းယြန္းက အိျႏၵာေက်ာ္ဇင္နဲ႔ နုပ်ိဳျခင္းလိ်ဳ႕ဝွက္ခ်က္ကုိလည္းေဖာက္သည္ခ်ထားပါေသးတယ္။ အိျႏၵာေက်ာ္ဇင္က အေကာင္းျမင္စိတ္ရွိျပီးေပ်ာ္ေပ်ာ္ေနတတ္တဲ့အေၾကာင္း “မအူဝဲက အျမဲတမ္းေပ်ာ္ေပ်ာ္ေနတတ္တယ္။ သူ႔ကုိၾကည့္ရင္အျမဲေအးခ်မ္းတယ္။ သူက positive type လိုမ်ိဳးအျမဲတမ္းျမင္ရတယ္။ငယ္ငယ္ေလးကတည္းကအခုအခ်ိန္အထိ ဆယ္စုနွစ္တစ္ခုေက်ာ္တဲ့အထိလည္းဒီပံုစံပဲ။ သူ႔ရဲ႕နုပ်ိဳမႈရဲ႕လ်ဳိ႕ဝွက္ခ်က္က ဒီလိုမ်ိဳး စိတ္ကုိၾကည္ၾကည္လင္လင္ျငိမ္းျငိမ္းခ်မ္းခ်မ္းေလးေနတတ္တာေပါ့ေနာ္။ အဲဒါေလးကုိ အရမ္းသေဘာက်ပါတယ္”လို႔ ေျပာျပထားပါတယ္။
ပရိသတ္ၾကီးေရာ ယြန္းယြန္းကုိ ခ်စ္ၾကလား။ ယြန္းယြန္းနဲ႔ အူဝဲကုိ ရုပ္ရွင္ေတြမွာအတူတူထပ္ျပီးျမင္ခ်င္ေသးလား။ ယြန္းယြန္းရဲ႕ေနာက္ထပ္အနုပညာလႈပ္ရွားမႈေတြရုပ္ရွင္ကားေတြကုိေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Can’t Wait To Say
#Unicode Version#

ယွန်းယွန်းဟာဆိုရင်ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်ကျော်ကြားလာခဲ့ပြီး ပရိသတ်အားပေးမှုတွေရရှိထားတဲ့မင်းသမီးတစ်လက်ဖြစ်သလို ချစ်ဖို့ကောင်းတဲ့အမူအရာလေးတွေကြောင့်ပရိသတ်တွေသည်းသည်းလှုပ်ချစ်ရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ယွန်းယွန်းက မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ အိန္ဒြာကျော်ဇင်နဲ့သရုပ်ဆောင်ခဲ့ရတဲ့အတွေ့အကြုံတွေအကြောင်းနဲ့ အူဝဲရဲ့ နုပျိုနေတဲ့လျို့ဝှက်ချက်ကို ပြောပြသွားပါတယ်။

ယွန်းယွန်းက မအူဝဲနဲ့ ငယ်ငယ်တုန်းက ခဏခဏတွဲပြီးသရုပ်ဆောင်ခဲ့ဖူးကြောင်း “မအူဝဲနဲ့က အများကြီးပဲသရုပ်ဆောင်ခဲ့ဖူးတယ်ပေါ့နော်။ ငယ်ငယ်တုန်းကတော့ သားအမိလိုမျိုးသရုပ်ဆောင်ခဲ့ဖူးတယ်။ ကြီးလာရင်တော့မပြောတတ်ဘူးပေါ့နော်။ မအူဝဲကလည်းအရမ်းနုပြီးတော့ အများကြီးပြောင်းလဲသွားတာမျိုးမရှိဘူးပေါ့နော်။ သမီး ငါးနှစ်ခြောက်နှစ်လောက်တုန်းကလည်း ဒီပုံစံပဲ။ အခုသမီး ဆယ့်ကိုးနှစ်လောက်ရောက်တော့လည်းဒီပုံစံပဲ။ အမြဲအရွယ်တင်နုပျိုနေတာပဲဆိုတော့ သားအမိခန်းလည်းရိုက်ဖို့အဆင်မပြေဘူးပေါ့နော်”လို့ ပြောပြထားပါတယ်။

မအူဝဲက ရှုတင်မှာအစစအရာရာသင်ပေးပြပေးပြီး ချစ်ဖို့ကောင်းတယ်လို့လည်း “အခုနေပြန်ရိုက်ရင်တော့ ဘယ်လိုကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်ခွင့်ရမလဲမသိဘူးပေါ့နော်။ ဒါပေမယ့် မအူဝဲက ရှုတင်မှာအမြဲတမ်းပဲ သင်ပေးတယ်။ လက်တွဲခေါ်တယ်။ ပျော်အောင်အမြဲတမ်းလိုက်ပြီးတော့ စနောက်တတ်တယ်ဆိုတော့ သူနဲ့အများကြီးထပ်ဆုံချင်ပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

ယွန်းယွန်းကအူဝဲရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ချီးကျူးထားပါသေးတယ်။ “မအူဝဲက သရုပ်ဆောင်လို့ရှိရင် အရမ်းပဲ စိတ်နှစ်တယ်လေနော်။ သူ့ရဲ့မျက်လုံးတွေ နှုတ်ခမ်းတွေ၊ ပါးလေးတွေလှုပ်တာကအစ အနီးကပ်မြင်ခဲ့ရတာပေါ့နော်။ ငယ်ငယ်တုန်းက ရှုတင်မှာသတိထားပြီးတော့ ကြည့်မိရင် သူ့ရဲ့ကာရိုက်တာမှာအရမ်းစိတ်နှစ်ပြီးတော့ သရုပ်ဆောင်တာကိုတွေ့ရတယ်။ အထူးသဖြင့်ဒရာမာတွေဆိုရင်အရမ်းလေးစားဖို့ကောင်းတယ်ပေါ့နော်။ အရမ်းသဘောကျပါတယ်။မအူဝဲက အခု ကလေးလေးတွေနဲ့မို့ ကားတွေအများကြီးမရိုက်နိင်ဘူးဆိုပေမယ့် ပရိသတ်တစ်ယောက်အနေနဲ့ ကားတွေအများကြီးဆက်ရိုက်စေချင်ပါတယ်”လို့ ပြောကြားသွားပါတယ်။

ယွန်းယွန်းက အိန္ဒြာကျော်ဇင်နဲ့ နုပျိုခြင်းလျို့ဝှက်ချက်ကိုလည်းဖောက်သည်ချထားပါသေးတယ်။ အိန္ဒြာကျော်ဇင်က အကောင်းမြင်စိတ်ရှိပြီးပျော်ပျော်နေတတ်တဲ့အကြောင်း “မအူဝဲက အမြဲတမ်းပျော်ပျော်နေတတ်တယ်။ သူ့ကိုကြည့်ရင်အမြဲအေးချမ်းတယ်။ သူက positive type လိုမျိုးအမြဲတမ်းမြင်ရတယ်။ငယ်ငယ်လေးကတည်းကအခုအချိန်အထိ ဆယ်စုနှစ်တစ်ခုကျော်တဲ့အထိလည်းဒီပုံစံပဲ။ သူ့ရဲ့နုပျိုမှုရဲ့လျို့ဝှက်ချက်က ဒီလိုမျိုး စိတ်ကိုကြည်ကြည်လင်လင်ငြိမ်းငြိမ်းချမ်းချမ်းလေးနေတတ်တာပေါ့နော်။ အဲဒါလေးကို အရမ်းသဘောကျပါတယ်”လို့ ပြောပြထားပါတယ်။
ပရိသတ်ကြီးရော ယွန်းယွန်းကို ချစ်ကြလား။ ယွန်းယွန်းနဲ့ အူဝဲကို ရုပ်ရှင်တွေမှာအတူတူထပ်ပြီးမြင်ချင်သေးလား။ ယွန်းယွန်းရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေရုပ်ရှင်ကားတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Can’t Wait To Say
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top