iMyanmarHouse.com - Best Property Website for Myanmar
×


ကိုကို မမတို႔ေရ သၾကၤန္လည္း စိိတ္ႀကိဳက္ကဲခဲ့သလုိ အသားအေရေလးေတြလည္း ပ်က္စီးခဲ့ၿပီမလား၊ ေယာက်္ားေလးေတြအတြက္ေတ့ာ အသားအေရ ပ်က္စီးတာက ျပႆနာႀကီးမဟုတ္ေပမယ့္ မိန္းကေလးေတြအတြက္ေတာ့ အသားအေရ ထိခိုက္တာ ကမာၻပ်က္သေလာက္ပါပဲေနာ္။

သၾကၤန္ကလည္း ကဲခ်င္တာဆိုေတာ့ အသားအေရကို ျပန္ေကာင္းေအာင္ လုပ္ဖုိ႔ပဲ ရွိေတာ့တယ္ေလ။ ကဲ ဘယ္လုိနည္းေတြနဲ႔ ကုသမလဲ ၾကည့္ၾကည့္ရေအာင္ေနာ္။

အတတ္ႏိုင္ဆံုး မိတ္ကပ္မလိမ္းပါနဲ႔ဦး

ေသခ်ာတာကေတ့ာ မ်က္ႏွာမွာ ေနေလာင္ၿပီး မည္းသြားတာ၊ ဝက္ျခံေတြ ထြက္လာတာ၊ အသားပက္တာေတြ အမ်ားဆံုး ျဖစ္ပါတယ္။ ကိုယ္က အသားအေရကို ေသခ်ာေလး ထိန္းသိမ္းရမွာ ျဖစ္တဲ့အတြက္ မိတ္ကပ္လိမ္းတာမ်ိဳး အတတ္ႏိုင္ဆံုး ေရွာင္လိုက္ပါ။ အသားအေရကိုပဲ ေသခ်ာေလး Treatment လုပ္ရမယ္ေလေနာ္။

ေနေလာင္ကြက္ေတြကို ကုသဖို႔

မ်က္ႏွာ မည္းသြားတာ၊ ဟိုတကြက္ ဒီတကြက္ ညိဳသြားတာေတြကို ကုသႏိုင္ဖုိ႔အတြက္ အရင္ဆံုးေတာ့ အိမ္တြင္း ကုသေလးေတြ လုပ္ပါ။ ရွားေစာင္းလက္ပပ္နဲ႔ ခရမ္းခ်ဥ္သီးကေတာ့ လြယ္လြယ္ကူကူ ဝယ္လို႔ရတာ  ဆိုေတာ့ အဆင္လည္း ေျပမွာပါ။ ရွားေစာင္းလက္ပပ္ကို အခြံေလးေတြ ႏႊာၿပီး အထဲက အႏွစ္ေလးေတြပဲ လိမ္းထားပါ။

 ေျခာက္မွ မ်က္ႏွာသစ္မယ္ဆုိရင္ ေနေလာင္တာနဲ႔ ညိဳတာေတြကို ကုသေပးမယ့္အျပင္ ေရဓါတ္ရလို႔ ျပန္လည္ဝင္းလာမွာပါ။ ခရမ္းခ်ဥ္သီးကိုလည္း အကြင္းေလးေတြ ကပ္ထားမယ္ဆိုရင္ ေနေလာင္ကြက္ေတြ ေပ်ာက္ၿပီး ျပန္လည္စုိေျပလာမွာပါ။ ခုပဲ အေျပးလုပ္လိုက္ေတာ့ေနာ္။

ေရမ်ားမ်ား ေသာက္ပါ

သၾကၤန္မွာ အသားအေရ ပ်က္စီးတာက မ်က္ႏွာတစ္ခုတင္ ဘယ္ဟုတ္မလဲေနာ္။ ကိုယ္လက္ေတြေရာေပ့ါ။ ေနပူပူမွာ ပ်က္စီးထားတဲ့ အသားအေရ ျပန္ေကာင္းလာဖုိ႔ဆိုရင္ေတာ့ ေရမ်ားမ်ား ေသာက္ဖုိ႔ လိုပါတယ္။ ေရဓါတ္ျပည့္ဝေနမွ အသားအေရ ပံုမွန္ ျပန္ျဖစ္လာမွာပါ။

Skin care

အေပၚက အဆင့္ (၃) ဆင့္ လုပ္ၿပီးၿပီဆိုရင္ေတာ့ ပံုမွန္ကုိယ္လိမ္းေနက် Skin care step ေလးေတြ ျပန္သံုးပါ။ ေရဓါတ္မ်ားမ်ားပါတာေလးေတြ ေရြးလိမ္းပါေနာ္။ ဒါမွ အသားအေရ ျပန္လည္ဝင္းလာမွာပါ။ ဝက္ျခံေတြ ထြက္တာမ်ိဳး ရွိတယ္ဆိုရင္လည္း သူ႔အတြက္ ေသခ်ာေလး ဂရုစို္က္ပါ။ မဟုတ္ရင္ အမာရြတ္ေတြ ထင္ေနမွာပါ။

Special Treatment

ခုေနာက္ပိုင္းမွာ အသားအေရနဲ႔ ပတ္သက္တဲ့ Treatment ဆိုင္ေတြ ရွိေနပါၿပီေနာ္။ အဲဒီလုိ ေနရာမ်ိဳးမွာလည္း အနည္းဆံုးေတာ့ Treatment တႀကိမ္ေလာက္ လုပ္ပါ။ ဒါက ပိုၿပီး သက္သာေစႏိုင္ပါတယ္။ လိုအပ္တာေတြလည္း တိုင္ပင္ေဆြးေႏြးလို႔ရတယ္ေလေနာ္။

Credit:marry

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ကိုကို မမတို့ရေ သြင်္ကန်လည်း စိတ်ကြိုက်ကဲခဲ့သလို အသားအရေလေးတွေလည်း ပျက်စီးခဲ့ပြီမလား၊ ယောကျ်ားလေးတွေအတွက်တေ့ာ အသားအရေ ပျက်စီးတာက ပြဿနာကြီးမဟုတ်ပေမယ့် မိန်းကလေးတွေအတွက်တော့ အသားအရေ ထိခိုက်တာ ကမ္ဘာပျက်သလောက်ပါပဲနော်။

သြင်္ကန်ကလည်း ကဲချင်တာဆိုတော့ အသားအရေကို ပြန်ကောင်းအောင် လုပ်ဖို့ပဲ ရှိတော့တယ်လေ။ ကဲ ဘယ်လိုနည်းတွေနဲ့ ကုသမလဲ ကြည့်ကြည့်ရအောင်နော်။

အတတ်နိုင်ဆုံး မိတ်ကပ်မလိမ်းပါနဲ့ဦး

သေချာတာကတေ့ာ မျက်နှာမှာ နေလောင်ပြီး မည်းသွားတာ၊ ဝက်ခြံတွေ ထွက်လာတာ၊ အသားပက်တာတွေ အများဆုံး ဖြစ်ပါတယ်။ ကိုယ်က အသားအရေကို သေချာလေး ထိန်းသိမ်းရမှာ ဖြစ်တဲ့အတွက် မိတ်ကပ်လိမ်းတာမျိုး အတတ်နိုင်ဆုံး ရှောင်လိုက်ပါ။ အသားအရေကိုပဲ သေချာလေး Treatment လုပ်ရမယ်လေနော်။

နေလောင်ကွက်တွေကို ကုသဖို့

မျက်နှာ မည်းသွားတာ၊ ဟိုတကွက် ဒီတကွက် ညိုသွားတာတွေကို ကုသနိုင်ဖို့အတွက် အရင်ဆုံးတော့ အိမ်တွင်း ကုသလေးတွေ လုပ်ပါ။ ရှားစောင်းလက်ပပ်နဲ့ ခရမ်းချဉ်သီးကတော့ လွယ်လွယ်ကူကူ ဝယ်လို့ရတာ  ဆိုတော့ အဆင်လည်း ပြေမှာပါ။ ရှားစောင်းလက်ပပ်ကို အခွံလေးတွေ နွှာပြီး အထဲက အနှစ်လေးတွေပဲ လိမ်းထားပါ။

 ခြောက်မှ မျက်နှာသစ်မယ်ဆိုရင် နေလောင်တာနဲ့ ညိုတာတွေကို ကုသပေးမယ့်အပြင် ရေဓါတ်ရလို့ ပြန်လည်ဝင်းလာမှာပါ။ ခရမ်းချဉ်သီးကိုလည်း အကွင်းလေးတွေ ကပ်ထားမယ်ဆိုရင် နေလောင်ကွက်တွေ ပျောက်ပြီး ပြန်လည်စိုပြေလာမှာပါ။ ခုပဲ အပြေးလုပ်လိုက်တော့နော်။

ရေများများ သောက်ပါ

သြင်္ကန်မှာ အသားအရေ ပျက်စီးတာက မျက်နှာတစ်ခုတင် ဘယ်ဟုတ်မလဲနော်။ ကိုယ်လက်တွေရောပေ့ါ။ နေပူပူမှာ ပျက်စီးထားတဲ့ အသားအရေ ပြန်ကောင်းလာဖို့ဆိုရင်တော့ ရေများများ သောက်ဖို့ လိုပါတယ်။ ရေဓါတ်ပြည့်ဝနေမှ အသားအရေ ပုံမှန် ပြန်ဖြစ်လာမှာပါ။

Skin care

အပေါ်က အဆင့် (၃) ဆင့် လုပ်ပြီးပြီဆိုရင်တော့ ပုံမှန်ကိုယ်လိမ်းနေကျ Skin care step လေးတွေ ပြန်သုံးပါ။ ရေဓါတ်များများပါတာလေးတွေ ရွေးလိမ်းပါနော်။ ဒါမှ အသားအရေ ပြန်လည်ဝင်းလာမှာပါ။ ဝက်ခြံတွေ ထွက်တာမျိုး ရှိတယ်ဆိုရင်လည်း သူ့အတွက် သေချာလေး ဂရုစိုက်ပါ။ မဟုတ်ရင် အမာရွတ်တွေ ထင်နေမှာပါ။

Special Treatment

ခုနောက်ပိုင်းမှာ အသားအရေနဲ့ ပတ်သက်တဲ့ Treatment ဆိုင်တွေ ရှိနေပါပြီနော်။ အဲဒီလို နေရာမျိုးမှာလည်း အနည်းဆုံးတော့ Treatment တကြိမ်လောက် လုပ်ပါ။ ဒါက ပိုပြီး သက်သာစေနိုင်ပါတယ်။ လိုအပ်တာတွေလည်း တိုင်ပင်ဆွေးနွေးလို့ရတယ်လေနော်။

Credit:marry

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top