iMyanmarHouse.com - Best Property Website for Myanmar
×
Credit: burmese.asia
အနုပညာ
#Unicode Version# ဖြင့်ဖတ်ပါ ။
မော်ဒယလ်စူးရှထက်(ခေါ်)ဇာခြည်ဌေးအား အဓ္ဓိမပြုကျင့်ပြီး နှိပ်စက်ခဲ့သည့်အတွက်ကြောင့် ပုဒ်မသုံးခုဖြင့် တရားဆွဲဆိုခံထားရတဲ့ အစ္စဏီဟာ ချုပ်နှောင်ထားတာဟာ မကြာခင်အချိန်မှာ ၁ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ အဆိုတော် အစ္စဏီ(ခေါ်)ဟန်ထွန်းဇော်က ဒီအမှုနဲ့ ပတ်သက်ပြီး အမှန်တရားကို ရင်ဆိုင်သွားမှာပါလို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရုံးချိန်းမှာ မီဒီယာတွေကို ပြောသွားခဲ့ပါတယ်။
အစ္စဏီရဲ့ ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက “ဒီနေ့အခြေအနေက တိုင်းရုံးကနေပြီးတော့ မူလရုံးအမှုတွဲမရောက်သေးဘူး မရောက်သေးတော့ ရုံးချိန်းချိန်းဆိုတဲ့ဟာပဲ ရှိပါတယ်။ အမှုကတော့ တရားလိုဘက်ကနေပြီးတော့ ရုံးပြောင်းလျှောက်ထားတာရယ် သက်သေခံပယ်ဖို့အတွက်ရယ် လျှောက်တယ်။ အဲ့လိုလျှောက်တဲ့နေရာမှာ တိုင်းတရားရုံးက ပြန်ပြီး ခရိုင်ရုံးရဲ့ အမိန့်ကို အတည်ပြုပြီးခါမှ ရုံးပြောင်းပေးခွင့်ကိုလည်းပယ်ခဲ့တယ်။ ဒီသက်သေခံကိုလည်း ဆက်လက် လက်ခံခဲ့တယ်ပေါ့။ အဲ့အပေါ်မူတည်ပြီးကာမှ အမှုကို မူလအမှုတွဲ တရားရုံးကို ပြန်ရောက်ရင်တော့ အမှုဆက်စစ်မှာပါ။ အမှန်တရားတစ်ခုကို အစ်ကိုတို့လည်း ပေါ်ထွက်ဖု့ိအတွက်ကိုမြန်မြန်လေးနဲ့မှန်မှန်လေးဆောင်ရွက်အောင် ကူညီဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ တိုင်းတရားရုံးတော်တွေရော ကျန်တဲ့ ရုံးတော်တွေကရော ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ အားလုံးပဲ မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန်လေး ပြီးသွားစေချင်ပါတယ်။
ဒါပေမဲ့လို့တော့ အစ်ကိုတို့တရားရေးဆောင်ရွက်ချက်နေရာမှာ အမြန်ဆုံးပဲ ဆောင်ရွက်ပါတယ် အမှန်ဆုံးလည်း ဆောင်ရွက်ပါတယ်။ ရန်ကုန်တိုင်းတစ်တိုင်းလုံးရဲ့ အမှုများစွာကို ဆောင်ရွက်ရတဲ့ အနေအထားမို့လို့ပါ။ အစ်ကိုတို့အနေနဲ့တော့ နားလည်ပါတယ် တရားရေးရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်ပြီးတော့ပေါ့။ ရုံးချိန်းတွေကတော့ အခုလာမယ့် ၁၉ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ မူလအမှုတွဲ ပြန်ရောက်မယ်ဆိုရင်ပေါ့ တရားလိုကလည်း လာရောက်မယ်ဆိုရင်ပေါ့ အမှုက ဆက်လက်စစ်ဆေးဖြစ်မှာပါ။ တရားလိုလည်း ရောက်ရှိမယ် မူလအမှုတွဲလည်း ရောက်ရှိမယ်ဆိုရင်တော့ ဆက်လက်စစ်ဆေးဖြစ်မှာပါ။”လို့ ပြောသွားခဲ့ပါတယ်။
အစ္စဏီကလည်း “သြင်္ကန်လည်း ရောက်တော့မယ်ဆိုတော့ သြင်္ကန်မှာ အားလုံးပဲပျော်ရွှင်ကြပါစေလို့။ အားလုံးပျော်မယ်ဆိုရင် ကျွန်တော်လည်း ပျော်ပါတယ်လို့။ အားလုံးပဲ Happy Myanmar New Year ပါနော်၊ ကျွန်တော့်ကိုလည်း ဆုတောင်းပေးကြပါအုန်း အမှန်တရားကို ရင်ဆိုင်သွားမှာပါနော်။”လို့ မီဒီယာတွေကို ရုံးထုတ်လို့အပြီးမှာ ပြောသွားခဲ့ပါတယ်။
Credit: burmese.asia
အနုပညာ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top