iMyanmarHouse.com - Best Property Website for Myanmar
×


မိမိကိုယ္ကို က်န္းမာသန္စြမ္းတယ္လို႔ အၿမဲယံုၾကည္တာက စိတ္စြမ္းအင္တစ္မ်ိဳးျဖစ္ၿပီး ေအာင္ျမင္မႈေတြရရွိဖို႔ အထူးအေရးႀကီးတဲ့အခ်က္ပါတဲ့။ ကမၻာေပၚမွာ အရည္အေသြး အျပည့္၀ဆံုး၊ အထူးျခား အတက္ႂကြဆံုး၊ တီထြင္ဉာဏ္အရွိဆံုး အမ်ိဳးသားေတြမွာ ထူးျခားတဲ့စိတ္စြမ္းအင္ေတြ ရွိေနပါလိမ့္မယ္တဲ့။

          အမ်ိဳးသားတစ္ေယာက္ကို သူတကာထက္ ပိုၿပီး ေအာင္ျမင္ ေပ်ာ္ရႊင္ေအာင္ လုပ္ေပးႏိုင္တဲ့ က်န္းမာသုခ (၇) ပါးကို ေဖာ္ျပေပးလိုက္တယ္ေနာ္။

၁။       တစ္ရက္ကို ေရ သံုးလီတာ ေသာက္သံုးတာက အလြန္အေရးပါတဲ့ အေျခခံအခ်က္ပါတဲ့။ အခ်ိဳရည္ေတြ အကုန္လံုးကို ျဖတ္ေတာက္ပစ္လိုက္ၿပီး သန္႔ရွင္းၾကည္လင္တဲ့ ေရကိုသာ တစ္လီတာၿပီး တစ္လီတာ ေသာက္သံုးၾကည့္ပါဦး။

၂။       တစ္ေန႔ကို ရွစ္နာရီ အိပ္စက္တာဟာ ဦးေႏွာက္ကို ျပန္လည္ရႊင္လန္း တက္ႂကြေစမယ့္ ဒုတိယ အေရးအႀကီးဆံုးအခ်က္ ျဖစ္ပါတယ္။ ဒါ့အျပင္ အၿမဲလန္းဆန္းၿပီး ကိုယ္ခႏၶာကို ခြန္အားျဖစ္ေစမယ့္ Revicon လိုမ်ိဳး အားေဆးေတြကိုလည္း ေသာက္သံုးေပးႏုိင္ပါေသးတယ္။

၃။       တစိုက္မတ္မတ္ ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ ကာယစြမ္းအား ႀကံ့ခိုင္ ေတာင့္တင္းလာၿပီး ေတာ္႐ံုေရာဂါကို ေ၀းေ၀း လြင့္ပစ္လိုက္ႏိုင္မွာပါပဲ။

၄။       သဘာ၀က်က်စားရတဲ့ အစားအေသာက္ကို အေလးမူ ဂ႐ုထားပါ။ အစိမ္းစားရတဲ့ အရြက္အလက္ေတြ၊ ေပါင္းထားတဲ့ သစ္ဥသစ္ဖုေတြ၊ ပဲေတြ၊ ေျပာင္းေတြ၊ ႏွမ္းေတြ စားပါ။ ေတာင့္တင္းသန္မာလာတဲ့ ခံစားခ်က္ ရမွာပါ။

၅။       စိတ္စြမ္းအားျဖည့္ဖို႔ တစ္ခုခု လုပ္ေဆာင္ပါ။ ဥပမာ - ပရဟိတ အသင္းအဖြဲ႕ေတြမွာ ပါ၀င္ေဆာင္ရြက္တာက လူေကာင္းဆိုတဲ့ ခံစားခ်က္ ရရွိေစၿပီး မိမိကိုယ္နဲ႔စိတ္ကို သိပ္အင္အားျပည့္ေစသတဲ့။

၆။       မိသားစုကို ခ်စ္ပါ။ တျခားသူကို မိမိျပဳလုပ္ေစခ်င္တဲ့ ပံုစံအတိုင္း ဆက္ထားပါ။ သူတစ္ပါးကို မိမိကိုယ္ကဲ့သို႔ ဂ႐ုစိုက္ ေစာင့္ေရွာက္ ခ်စ္ျမတ္ႏိုးပါ။

၇။       သူမ်ားကို အားမကိုးပါနဲ႔။ ဗလရွစ္တန္နဲ႔ ျပည့္စံုတဲ့ ေယာက္်ားသားဟု မိသားစုရဲ႕ အသိုင္းအ၀ိုင္းရဲ႕မွီခိုရာ၊ အားထားရာ ျဖစ္ပါေစ။ တျခားသူကို မွီခိုအားထားတာက စိတ္ကို ေပ်ာ့ညံ့လာေစၿပီး ခြန္အားဆံုး႐ႈံးေစပါတယ္။

Credit:drmyanmar

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မိမိကိုယ်ကို ကျန်းမာသန်စွမ်းတယ်လို့ အမြဲယုံကြည်တာက စိတ်စွမ်းအင်တစ်မျိုးဖြစ်ပြီး အောင်မြင်မှုတွေရရှိဖို့ အထူးအရေးကြီးတဲ့အချက်ပါတဲ့။ ကမ္ဘာပေါ်မှာ အရည်အသွေး အပြည့်ဝဆုံး၊ အထူးခြား အတက်ကြွဆုံး၊ တီထွင်ဉာဏ်အရှိဆုံး အမျိုးသားတွေမှာ ထူးခြားတဲ့စိတ်စွမ်းအင်တွေ ရှိနေပါလိမ့်မယ်တဲ့။

          အမျိုးသားတစ်ယောက်ကို သူတကာထက် ပိုပြီး အောင်မြင် ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ ကျန်းမာသုခ (၇) ပါးကို ဖော်ပြပေးလိုက်တယ်နော်။

၁။       တစ်ရက်ကို ရေ သုံးလီတာ သောက်သုံးတာက အလွန်အရေးပါတဲ့ အခြေခံအချက်ပါတဲ့။ အချိုရည်တွေ အကုန်လုံးကို ဖြတ်တောက်ပစ်လိုက်ပြီး သန့်ရှင်းကြည်လင်တဲ့ ရေကိုသာ တစ်လီတာပြီး တစ်လီတာ သောက်သုံးကြည့်ပါဦး။

၂။       တစ်နေ့ကို ရှစ်နာရီ အိပ်စက်တာဟာ ဦးနှောက်ကို ပြန်လည်ရွှင်လန်း တက်ကြွစေမယ့် ဒုတိယ အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။ ဒါ့အပြင် အမြဲလန်းဆန်းပြီး ကိုယ်ခန္ဓာကို ခွန်အားဖြစ်စေမယ့် Revicon လိုမျိုး အားဆေးတွေကိုလည်း သောက်သုံးပေးနိုင်ပါသေးတယ်။

၃။       တစိုက်မတ်မတ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကာယစွမ်းအား ကြံ့ခိုင် တောင့်တင်းလာပြီး တော်ရုံရောဂါကို ဝေးဝေး လွင့်ပစ်လိုက်နိုင်မှာပါပဲ။

၄။       သဘာဝကျကျစားရတဲ့ အစားအသောက်ကို အလေးမူ ဂရုထားပါ။ အစိမ်းစားရတဲ့ အရွက်အလက်တွေ၊ ပေါင်းထားတဲ့ သစ်ဥသစ်ဖုတွေ၊ ပဲတွေ၊ ပြောင်းတွေ၊ နှမ်းတွေ စားပါ။ တောင့်တင်းသန်မာလာတဲ့ ခံစားချက် ရမှာပါ။

၅။       စိတ်စွမ်းအားဖြည့်ဖို့ တစ်ခုခု လုပ်ဆောင်ပါ။ ဥပမာ - ပရဟိတ အသင်းအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက်တာက လူကောင်းဆိုတဲ့ ခံစားချက် ရရှိစေပြီး မိမိကိုယ်နဲ့စိတ်ကို သိပ်အင်အားပြည့်စေသတဲ့။

၆။       မိသားစုကို ချစ်ပါ။ တခြားသူကို မိမိပြုလုပ်စေချင်တဲ့ ပုံစံအတိုင်း ဆက်ထားပါ။ သူတစ်ပါးကို မိမိကိုယ်ကဲ့သို့ ဂရုစိုက် စောင့်ရှောက် ချစ်မြတ်နိုးပါ။

၇။       သူများကို အားမကိုးပါနဲ့။ ဗလရှစ်တန်နဲ့ ပြည့်စုံတဲ့ ယောက်ျားသားဟု မိသားစုရဲ့ အသိုင်းအဝိုင်းရဲ့မှီခိုရာ၊ အားထားရာ ဖြစ်ပါစေ။ တခြားသူကို မှီခိုအားထားတာက စိတ်ကို ပျော့ညံ့လာစေပြီး ခွန်အားဆုံးရှုံးစေပါတယ်။

Credit:drmyanmar

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top