iMyanmarHouse.com - Best Property Website for Myanmar
×


ခ်ဥ္စပ္ေလးမွ၊ ရွဴးရွဲေလးမွ ၾကိဳက္တယ္ဆိုသူေတြအတြက္ေတာ့ ဝမ္းသာစရာျဖစ္ေတာ့မွာပဲ။ ငရုတ္သီးစပ္စပ္ေလးေၾကာင့္ ႏွလံုးေရာဂါျဖစ္နိုင္ေျခအႏၱရာယ္ပိုနည္းေစနုိင္တယ္လို႔ သုေတသနကေဖာ္ျပခဲ့ပါတယ္။စားကာစေတာ့ လွ်ာမွာပူျပီးထံုသြားမယ္၊ ႏႈတ္ခမ္းနဲ႔ ခံတြင္းထဲမွာ ပူစပ္ပူစပ္ျဖစ္လာျပီးတဲ့ေနာက္ေတာ့ တျခားခႏၶာကိုယ္အစိတ္အပိုင္းေတြရဲ႕တံု႔ျပန္မႈေတြစလာပါတယ္။

ေခြ်းေတြ၊ မ်က္ရည္ေတြ၊ႏွာရည္ေတြ၊ တံေတြးေတြ အကုန္ပြင့္ထြက္လာပါေရာ။ ဒီေတာ့ ဘာအတြက္ေကာင္းလဲေပါ့။ အစပ္မၾကိဳက္သူေတြကေျပာတယ္။ ဘာအရသာမ်ားရွိလို႔လဲ၊ ဘာအက်ိဳးေက်းဇူးရွိလဲဆိုတာမ်ိဳး။

အက်ိဳးေက်းဇူးကရွိပါတယ္။ ဥပမာ ဖ်ားခ်င္ခ်င္ျဖစ္ေနရင္ ပူပူစပ္စပ္ေလးစားျပီး ေခြ်းထုတ္တာ၊ေခါင္းမၾကည္လို႔ ေခြ်းထြက္ေအာင္ စားလိုက္တာ၊ ထမင္းစားပ်က္ေနရင္ အစပ္ေလးပါေတာ့ ျမိန္သြားတာမ်ိဳး။ အစာအိမ္ေရာဂါရွိရင္ေတာ့ သတိထားေပါ့။ အစပ္စားျခင္းက အဆီက်ေစဖို႔ အေထာက္အကူျပဳတယ္လို႔ သုေတသနတစ္ခုက ေဖာ္ျပဖူးပါတယ္။

အစပ္စားျခင္းက ဇီဝကမၼျဖစ္စဥ္ကို ျမန္ေစျပီး ကယ္လိုရီေတြကို ျမန္ျမန္ေလာင္ကြ်မ္းေစနိုင္တယ္လို႔ University Of Wyoming သုေတသီေတြက ေျပာပါတယ္။  အစပ္ကဲတဲ့အစားအစာေတြက ဘီယာနဲ႔တြဲရင္ေတာ့ အဆီက်ေစတဲ့အက်ိဳးေက်းဇူးကုိေလ်ာ့ပါးေစနိုင္တယ္။


အမ်ိဳးသား ၁၆၀၀၀ ေလ့လာခဲ့တဲ့ ၂၀၁၇ ခုႏွစ္ University Of Vermont ရဲ႕သုေတသနတစ္ခုအရ ငရုတ္သီးၾကိဳက္သူေတြဟာ ေသဆံုးနုိင္ေျခ ၁၃ ရာခုိုင္ႏႈန္းေလ်ာ့နည္းတယ္လို႔ ဆိုပါတယ္။

ငရုတ္သီးမွာပါတဲ့ capsaicin ဓာတ္က ခႏၶာကိုယ္အတြင္း ေရာင္ရမ္းမႈကို ေလ်ာ့နည္းေစနုိင္တယ္လို႔ ပူးတြဲသုေတသီ ေဒါက္တာ  Benjamin Litternberg ကရွင္းျပခဲ့ပါတယ္။  ငရုတ္သီးၾကိဳက္သူေတြက ႏွလံုးေသြးေၾကာေရာဂါ၊ ႏွလံုးရုတ္တရက္ရပ္ျခင္းနဲ႔ ေလျဖတ္ျခင္းတို႔ေၾကာင့္ ေသဆံုးရနိင္ေျခအနည္းဆံုးပါပဲတဲ့။

ငရုတ္သီးမွာ ဗိီတာမင္ ေအ၊ စီ တို႕အျပင္ သံဓာတ္နဲ႔ ပိုတက္ဆီယမ္တို႔လို အာဟာရဓာတ္ေတြလည္းၾကြယ္ဝပါတယ္။ capsaicin  ရဲ႕အာနိသင္ေတြထဲမွာ ခ်င္းနဲ႔ေပါင္းလိုက္ရင္ ကင္ဆာကာကြယ္နိုင္တဲ့အစြမ္းသတၱိလည္းပါဝင္ပါတယ္။  သုေတသနေတြအရ ခ်င္းမွာပါတဲ့ 6-ginerol က အက်ိတ္ျဖစ္ေပၚမႈကို ဟန္႔တားနိုင္တယ္လို႔ သိရပါတယ္။

တစ္ခုရွိတာေတာ့ capsaicin က ေရာင္ရမ္းမႈျဖစ္ေစတတ္လို႔ အစာအိမ္နဲ႔ အူသိမ္ဦးတို႔အတြက္ သတိထားသင့္ပါတယ္။ ေရာင္ရမ္းတာ ဒါမွမဟုတ္ ပူေလာင္ေစတာျဖစ္လာခဲ့ရင္ ဆဲလ္ေသဆံုး မႈေတြေၾကာင့္ျဖစ္နုိင္လို႔ တာရွည္ေရာင္ရမ္းမႈက ထိခိုက္မႈရွိေစနိုုင္တယ္၊ စားခ်ဥ့္ျပန္ေရာဂါရွိရင္လည္း အစပ္ေလွ်ာ့စားသင့္ပါတယ္။ ဒါ့ေၾကာင့္ အစာအိမ္နဲ႔အူလမ္းေၾကာင္းမေကာင္းရင္ေတာ့ သိပ္မစားသင့္ပါဘူး။

ဘာအရသာ မို႔လဲ

ငရုတ္သီးကိုၾကိဳက္ၾကတာ ဘာေၾကာင့္လဲဆိုေတာ့ ျပန္ေတာ့ေျဖတတ္ၾကမယ္မထင္ပါဘူး။ အစပ္စားလိုက္တဲ့အခါ ထိေတြ႔မႈနဲ႔အပူခ်ိန္ဆိုင္ရာ အာရံုႏိႈးဆြမႈေတြျဖစ္လာလုိ႔ အေရျပားေနရာ အႏွံ႔ရယ္၊ ႏွာေခါင္း၊ပါးစပ္နဲ႔ မ်က္လံုးတို႔ရဲ႕ ခြ်ဲအေျမွးပါးေတြကိုပါ အာရံုႏိႈးဆြနိုင္တာပါ။ 

စိတ္ဝင္စားဖို႔ေကာင္းတာက အစပ္ဟာ ခ်ိဳ၊ခ်ဥ္၊ငန္၊ခါး တို႔လို သက္ဆိုင္ရာလွ်ာအစိတ္အပိုင္းေတြမွာမွ ခံစားသိရွိနိုင္တဲ့ အရသာေတြမဟုတ္ဘဲ သူ႔အရသာကို လွ်ာတစ္ခုလံုးမွာ ခံစားရတာပဲျဖစ္တယ္လို႔  Science Centre Singapore ရဲ႕အမႈေဆာင္ခ်ဳပ္ တြဲဖက္ပါေမာကၡ Lim Tit Meng ကေျပာပါတယ္။

ပူစပ္တာေလးစားလိုက္တဲ့အခါ endorphin နဲ႔ dopamine တို႔လို ဓာတ္ေတြထုတ္ေပးတဲ့နည္းနဲ႔ ခႏၶာကိုယ္က အလိုအေလ်ာက္တံု႔ျပန္ပါတယ္။

“ Endorphin က ပူတာ၊စပ္တာ၊နာက်င္တာလို ခံစားခ်က္ေတြသတင္းပို႔တဲ့ အာရံုေၾကာလုပ္ေဆာင္ခ်က္ေတြကို တားဆီးေပးျပီး dopamine ကေတာ့ ေပ်ာ္ရႊင္သာယာတဲ့ခံစားခ်က္ကို ျဖစ္လာေစတယ္” လို႔ Changi General Hospital မွ အာဟာရပညာရွင္ Charlotte Tan ကေျပာပါတယ္။

ဘာလို႔ အစပ္ေလးပါေစခ်င္တာလဲ

အာရွလူမ်ိဳးေတြေတာ္ေတာ္မ်ားမ်ား အစပ္ကို ဘာလို႔နည္းနည္းျဖစ္ျဖစ္ထည့္ၾကတာလဲဆိုေတာ့ သူ႔ရဲ႕ဘက္တီးရီးယားေသေစတဲ့အာနိသင္ေၾကာင့္ အစားအေသာက္ကို တာရွည္ခံေစဖို႔ရည္ရြယ္ခ်က္နဲ႔ပါ။ အစပ္မစားနုိင္ဘူးဆိုေပမယ့္ အနည္းငယ္ေတာ့စားလို႔ရတယ္ဆိုတာ Capsaicin ရဲ႕အာရံုျပယ္အာနိသင္ကို ယံုၾကည္လိုက္ပါ။

Capsaicin desensitisation ဆိုတာ အစပ္ခဏခဏစားေပးရင္ ပူစပ္တဲ့အာရံုခံစားခ်က္ကို ေလ်ာ့နည္းလာေစတယ္လို႔ ဆိုပါတယ္။ အစပ္ၾကိဳက္တဲ့သူေတြ ေတာ္ရံုနဲ႔ မစပ္တာ၊ မတိုးတာ ေတြက ဒီျဖစ္စဥ္ေၾကာင့္ပါ။ capsaicin  နဲ႔မၾကာခဏထိေတြ႔မိရင္ ပူစပ္တဲ့အာရံုပို႔လႊတ္မႈကို တားဆီးနုိင္တယ္လို႔ သိရပါတယ္။

ဥပမာ မကၠဆီကို မိဘေတြက ကေလးေတြကို အစပ္စားနုိင္ေအာင္ ငရုတ္သီးမႈန္႔နဲ႔သၾကားေရာစပ္ထားတဲ့အထုပ္ေလးေတြထည့္ေကြ်းတတ္တယ္လို႔ သိရပါတယ္။

အစပ္ေျပေစနိုင္တဲ့အရာေတြကေတာ့ ႏြားႏို႔၊ ဒိန္ခ်ဥ္တို႔နဲ႔အဆင္ေျပပါလိမ့္မယ္။ ႏို႔ထြက္ပစၥည္းေတြက capsaicin နဲ႔ေပါင္းစည္းနိုင္တဲ့ casein ဓာတ္ေတြပါဝင္ျပီး မ်ိဳခ်တဲ့အခါ အတူပါသြားေစတတ္တယ္။ capsaicin  ကိုစုပ္ယူသြားနိုင္တဲ့ ေပါင္မုန္႔တို႔၊ ထမင္းတို႔ကလည္း အစပ္ေျပေစနုိင္ပါတယ္။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ချဉ်စပ်လေးမှ၊ ရှူးရှဲလေးမှ ကြိုက်တယ်ဆိုသူတွေအတွက်တော့ ဝမ်းသာစရာဖြစ်တော့မှာပဲ။ ငရုတ်သီးစပ်စပ်လေးကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေအန္တရာယ်ပိုနည်းစေနိုင်တယ်လို့ သုတေသနကဖော်ပြခဲ့ပါတယ်။စားကာစတော့ လျှာမှာပူပြီးထုံသွားမယ်၊ နှုတ်ခမ်းနဲ့ ခံတွင်းထဲမှာ ပူစပ်ပူစပ်ဖြစ်လာပြီးတဲ့နောက်တော့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့တုံ့ပြန်မှုတွေစလာပါတယ်။

ချွေးတွေ၊ မျက်ရည်တွေ၊နှာရည်တွေ၊ တံတွေးတွေ အကုန်ပွင့်ထွက်လာပါရော။ ဒီတော့ ဘာအတွက်ကောင်းလဲပေါ့။ အစပ်မကြိုက်သူတွေကပြောတယ်။ ဘာအရသာများရှိလို့လဲ၊ ဘာအကျိုးကျေးဇူးရှိလဲဆိုတာမျိုး။

အကျိုးကျေးဇူးကရှိပါတယ်။ ဥပမာ ဖျားချင်ချင်ဖြစ်နေရင် ပူပူစပ်စပ်လေးစားပြီး ချွေးထုတ်တာ၊ခေါင်းမကြည်လို့ ချွေးထွက်အောင် စားလိုက်တာ၊ ထမင်းစားပျက်နေရင် အစပ်လေးပါတော့ မြိန်သွားတာမျိုး။ အစာအိမ်ရောဂါရှိရင်တော့ သတိထားပေါ့။ အစပ်စားခြင်းက အဆီကျစေဖို့ အထောက်အကူပြုတယ်လို့ သုတေသနတစ်ခုက ဖော်ပြဖူးပါတယ်။

အစပ်စားခြင်းက ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ကယ်လိုရီတွေကို မြန်မြန်လောင်ကျွမ်းစေနိုင်တယ်လို့ University Of Wyoming သုတေသီတွေက ပြောပါတယ်။  အစပ်ကဲတဲ့အစားအစာတွေက ဘီယာနဲ့တွဲရင်တော့ အဆီကျစေတဲ့အကျိုးကျေးဇူးကိုလျော့ပါးစေနိုင်တယ်။


အမျိုးသား ၁၆၀၀၀ လေ့လာခဲ့တဲ့ ၂၀၁၇ ခုနှစ် University Of Vermont ရဲ့သုတေသနတစ်ခုအရ ငရုတ်သီးကြိုက်သူတွေဟာ သေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်းလျော့နည်းတယ်လို့ ဆိုပါတယ်။

ငရုတ်သီးမှာပါတဲ့ capsaicin ဓာတ်က ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို လျော့နည်းစေနိုင်တယ်လို့ ပူးတွဲသုတေသီ ဒေါက်တာ  Benjamin Litternberg ကရှင်းပြခဲ့ပါတယ်။  ငရုတ်သီးကြိုက်သူတွေက နှလုံးသွေးကြောရောဂါ၊ နှလုံးရုတ်တရက်ရပ်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကြောင့် သေဆုံးရနိင်ခြေအနည်းဆုံးပါပဲတဲ့။

ငရုတ်သီးမှာ ဗီတာမင် အေ၊ စီ တို့အပြင် သံဓာတ်နဲ့ ပိုတက်ဆီယမ်တို့လို အာဟာရဓာတ်တွေလည်းကြွယ်ဝပါတယ်။ capsaicin  ရဲ့အာနိသင်တွေထဲမှာ ချင်းနဲ့ပေါင်းလိုက်ရင် ကင်ဆာကာကွယ်နိုင်တဲ့အစွမ်းသတ္တိလည်းပါဝင်ပါတယ်။  သုတေသနတွေအရ ချင်းမှာပါတဲ့ 6-ginerol က အကျိတ်ဖြစ်ပေါ်မှုကို ဟန့်တားနိုင်တယ်လို့ သိရပါတယ်။

တစ်ခုရှိတာတော့ capsaicin က ရောင်ရမ်းမှုဖြစ်စေတတ်လို့ အစာအိမ်နဲ့ အူသိမ်ဦးတို့အတွက် သတိထားသင့်ပါတယ်။ ရောင်ရမ်းတာ ဒါမှမဟုတ် ပူလောင်စေတာဖြစ်လာခဲ့ရင် ဆဲလ်သေဆုံး မှုတွေကြောင့်ဖြစ်နိုင်လို့ တာရှည်ရောင်ရမ်းမှုက ထိခိုက်မှုရှိစေနိုင်တယ်၊ စားချဉ့်ပြန်ရောဂါရှိရင်လည်း အစပ်လျှော့စားသင့်ပါတယ်။ ဒါ့ကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းမကောင်းရင်တော့ သိပ်မစားသင့်ပါဘူး။

ဘာအရသာ မို့လဲ

ငရုတ်သီးကိုကြိုက်ကြတာ ဘာကြောင့်လဲဆိုတော့ ပြန်တော့ဖြေတတ်ကြမယ်မထင်ပါဘူး။ အစပ်စားလိုက်တဲ့အခါ ထိတွေ့မှုနဲ့အပူချိန်ဆိုင်ရာ အာရုံနှိုးဆွမှုတွေဖြစ်လာလို့ အရေပြားနေရာ အနှံ့ရယ်၊ နှာခေါင်း၊ပါးစပ်နဲ့ မျက်လုံးတို့ရဲ့ ချွဲအမြှေးပါးတွေကိုပါ အာရုံနှိုးဆွနိုင်တာပါ။ 

စိတ်ဝင်စားဖို့ကောင်းတာက အစပ်ဟာ ချို၊ချဉ်၊ငန်၊ခါး တို့လို သက်ဆိုင်ရာလျှာအစိတ်အပိုင်းတွေမှာမှ ခံစားသိရှိနိုင်တဲ့ အရသာတွေမဟုတ်ဘဲ သူ့အရသာကို လျှာတစ်ခုလုံးမှာ ခံစားရတာပဲဖြစ်တယ်လို့  Science Centre Singapore ရဲ့အမှုဆောင်ချုပ် တွဲဖက်ပါမောက္ခ Lim Tit Meng ကပြောပါတယ်။

ပူစပ်တာလေးစားလိုက်တဲ့အခါ endorphin နဲ့ dopamine တို့လို ဓာတ်တွေထုတ်ပေးတဲ့နည်းနဲ့ ခန္ဓာကိုယ်က အလိုအလျောက်တုံ့ပြန်ပါတယ်။

“ Endorphin က ပူတာ၊စပ်တာ၊နာကျင်တာလို ခံစားချက်တွေသတင်းပို့တဲ့ အာရုံကြောလုပ်ဆောင်ချက်တွေကို တားဆီးပေးပြီး dopamine ကတော့ ပျော်ရွှင်သာယာတဲ့ခံစားချက်ကို ဖြစ်လာစေတယ်” လို့ Changi General Hospital မှ အာဟာရပညာရှင် Charlotte Tan ကပြောပါတယ်။

ဘာလို့ အစပ်လေးပါစေချင်တာလဲ

အာရှလူမျိုးတွေတော်တော်များများ အစပ်ကို ဘာလို့နည်းနည်းဖြစ်ဖြစ်ထည့်ကြတာလဲဆိုတော့ သူ့ရဲ့ဘက်တီးရီးယားသေစေတဲ့အာနိသင်ကြောင့် အစားအသောက်ကို တာရှည်ခံစေဖို့ရည်ရွယ်ချက်နဲ့ပါ။ အစပ်မစားနိုင်ဘူးဆိုပေမယ့် အနည်းငယ်တော့စားလို့ရတယ်ဆိုတာ Capsaicin ရဲ့အာရုံပြယ်အာနိသင်ကို ယုံကြည်လိုက်ပါ။

Capsaicin desensitisation ဆိုတာ အစပ်ခဏခဏစားပေးရင် ပူစပ်တဲ့အာရုံခံစားချက်ကို လျော့နည်းလာစေတယ်လို့ ဆိုပါတယ်။ အစပ်ကြိုက်တဲ့သူတွေ တော်ရုံနဲ့ မစပ်တာ၊ မတိုးတာ တွေက ဒီဖြစ်စဉ်ကြောင့်ပါ။ capsaicin  နဲ့မကြာခဏထိတွေ့မိရင် ပူစပ်တဲ့အာရုံပို့လွှတ်မှုကို တားဆီးနိုင်တယ်လို့ သိရပါတယ်။

ဥပမာ မက္ကဆီကို မိဘတွေက ကလေးတွေကို အစပ်စားနိုင်အောင် ငရုတ်သီးမှုန့်နဲ့သကြားရောစပ်ထားတဲ့အထုပ်လေးတွေထည့်ကျွေးတတ်တယ်လို့ သိရပါတယ်။

အစပ်ပြေစေနိုင်တဲ့အရာတွေကတော့ နွားနို့၊ ဒိန်ချဉ်တို့နဲ့အဆင်ပြေပါလိမ့်မယ်။ နို့ထွက်ပစ္စည်းတွေက capsaicin နဲ့ပေါင်းစည်းနိုင်တဲ့ casein ဓာတ်တွေပါဝင်ပြီး မျိုချတဲ့အခါ အတူပါသွားစေတတ်တယ်။ capsaicin  ကိုစုပ်ယူသွားနိုင်တဲ့ ပေါင်မုန့်တို့၊ ထမင်းတို့ကလည်း အစပ်ပြေစေနိုင်ပါတယ်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top