iMyanmarHouse.com - Best Property Website for Myanmar
×


ေရႊဆိုတာ ေရွးယခင္ေခတ္တည္းက တန္ဖိုးထားျပီးဝတ္ဆင္သံုးစြဲခဲ့ၾကတဲ့ အရာပါ။ ဘုရင္ေခတ္ကဆို အသံုးအေဆာင္ေတြမွာပါ ေရႊနဲ႔ခ်ည္းပဲ သံုးခဲ့ၾကတာ၊ အဝတ္အထည္ေတြမွာပါ ထည့္သြင္းရက္ လုပ္ၾကပါတယ္။ ေရႊကို အလွအတြက္တင္မကဘဲ ေဆးကုမႈအေနနဲ႔ပါ အသံုးျပဳၾကတယ္ဆိုတာေရာ သင္သိရဲ႕လား။

မ်က္ႏွာေရႊသြင္းတယ္ဆိုတာေတာ့ ၾကားဖူးမွာေပါ့။ ဒီလိုပါပဲ ေရာဂါအမ်ိဳးမ်ိဳးအတြက္ ကုထံုးတခ်ိဳ႕မွာ ေရႊကိုထည့္သြင္းအသံုးျပဳေနၾကတာေတြရွိလာပါျပီ။ အခုေျပာျပမွာကေတာ့ ေရႊထည္ဝတ္ဆင္တာပဲ ျဖစ္ျဖစ္၊ ကုထံုးမွာ ပါဝင္တာပဲျဖစ္ျဖစ္ လူ႔က်န္းမာေရးကို ဘယ္လိုအက်ိဳးေက်းဇူးေပးနုိင္သလဲ ဆိုတာပါပဲ။

ေရႊက ဘယ္လိုက်န္းမာေရးကိုအက်ိဳးျပဳေနသလဲ

အဆစ္ေရာင္လကၡဏာေတြကို သက္သာေစတယ္

ေရႊက ေလးဘက္နာအဆစ္ေရာင္ေရာဂါရဲ႕လကၡဏာေတြကို သက္သာေလ်ာ့ပါးေစနုိင္လို႔ ကုသေရးမွာအသံုးျပဳၾကတာပါ။ အေရျပားမွာ ထိကပ္ျပီး ေရႊထည္လက္ဝတ္ရတနာေတြဝတ္ဆင္ရံုနဲ႔ ဒီေဝဒနာခံစားရတာေတြကို သိသာတဲ့ရာခိုင္ႏႈန္းအထိ သက္သာေစနိုင္ပါတယ္။

နာက်င္မႈကို ေလ်ာ့ေစတယ္

နာက်င္ကိုက္ခဲမႈခံစားေနရတဲ့ေနရာ သို႔မဟုတ္ ဒဏ္ရာရွိတဲ့ေနရာမွာ ေရႊကိုထားေပးရင္ အနာသက္သာေစဖို႔ အေထာက္အကူေပးပါတယ္။ ေရႊက ေသြးေၾကာေတြကို ေျပေလ်ာ့ေစျပီး ေသြးလည္ပတ္မႈေကာင္းေစတဲ့အာနိသင္ရွိတာေၾကာင့္ ခႏၶာကိုယ္အတြင္း ေအာက္ဆီဂ်င္ေရာက္ရွိမႈပိုေကာင္းေစဖို႔ အနာက်က္၊ အနာသက္သာဖို႔ အားေပးတာျဖစ္ပါတယ္။

ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းညွိေပးတယ္

ေရႊက ခႏၶာကိုယ္အပူခ်ိန္ကိုထိန္းညွိေပးနုိင္ပါတယ္။ ကိုယ္အပူခ်ိန္မွန္ေနရင္ လူရဲ႕ကိုယ္ခံအားစနစ္ကိုလည္း ပိုေကာင္းေစနုိင္တယ္။ အထူးသျဖင့္ ခ်မ္းတုန္တတ္သူေတြ၊ ညဘက္ေခြ်းထြက္သူေတြ၊ hot flash ျဖစ္တတ္သူေတြ အတြက္ ပိုျပီးသိသာေစပါလိမ့္မယ္။

ေသြးလည္ပတ္မႈေကာင္းေစတယ္

ေသြးလည္ပတ္မႈပိုေကာင္းေစဖို႔၊ ခႏၶာကိုယ္အႏွံ႔ကိုေအာက္ဆီဂ်င္ေရာက္ေစဖို႔ ေရႊကိုအသံုးျပဳၾကတယ္။ ေသြးလည္ပတ္မႈေကာင္းရင္ လူက်န္းမာျပီး ေရာဂါကင္းေစနုိင္တာေပါ့။

အေရျပားကုထံုးအျဖစ္ သံုးနိုင္တယ္

ကလီယိုပက္ထရာဟာ အသားအေရႏုပ်ိဳလွပေနေစဖို႔ ေရႊစင္အစစ္နဲ႔ မ်က္ႏွာေပါင္းတင္ခဲ့တယ္လို႔ သိရပါတယ္။ ေရာမေခတ္ ကတည္းက ေရႊကို လိမ္းဆီအျဖစ္ျပဳလုပ္ျပီး အေရျပားေရာဂါေတြကုသဖို႔သံုးၾကပါတယ္။ ေဆးပညာေတြအဆင့္ျမင့္လာခဲ့ျပီး ဒီထက္ပိုအသံုးျပဳလာၾကေပမယ့္လည္း အေရျပားအေပၚ ေရႊရဲ႕အက်ိဳးျပဳအာနိသင္ကေတာ့ ထင္ရွားေနဆဲပါပဲ။ အခုဆိုရင္ အလွကုန္ပစၥည္းေတြနဲ႔ အသားအေရကုထံုးအမ်ိဳးမ်ိဳးမွာ ေရႊကိုထည့္သြင္းအသံုးျပဳေနၾကတာ အလွအပအတြက္ေကာင္းက်ိဳးထူးလို႔ပါ။

စိတ္က်န္းမာတယ္

ေရႊဝတ္ရရင္ သေဘာမက်တဲ့သူေတာ့ရွားပါတယ္။အလွအပအတြက္ေရာ ဂုဏ္ယူဝင့္ၾကြားမႈ အတြက္ေရာ ေရႊဝတ္ရတာ ႏွစ္သက္ၾကပါတယ္။ ေရႊနဲ႔လက္ဝတ္ရတနာေလးေတြ ဝတ္ထားရရင္ မွန္ထဲၾကည့္ရင္းကို ျပံဳးေနၾကတာ။ တကယ္ေတာ့ ေရွးယခင္တည္းက စိတ္ဖိစီးမႈသက္သာေစတဲ့ ေဆးတစ္လက္အျဖစ္ ေရႊကိုသံုးၾကတာ ရွိခဲ့ပါတယ္။ ကိုယ့္ကိုယ္ကုိယံုၾကည္မႈအျပည့္နဲ႔ ေရႊဝတ္ထားသူေတြကိုၾကည့္ရင္ ေရႊဝတ္ျခင္းကို စိတ္ခြန္အားတက္ေစတဲ့ အရာတစ္ခုအျဖစ္ ျမင္ရမွာပါ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ရွှေဆိုတာ ရှေးယခင်ခေတ်တည်းက တန်ဖိုးထားပြီးဝတ်ဆင်သုံးစွဲခဲ့ကြတဲ့ အရာပါ။ ဘုရင်ခေတ်ကဆို အသုံးအဆောင်တွေမှာပါ ရွှေနဲ့ချည်းပဲ သုံးခဲ့ကြတာ၊ အဝတ်အထည်တွေမှာပါ ထည့်သွင်းရက် လုပ်ကြပါတယ်။ ရွှေကို အလှအတွက်တင်မကဘဲ ဆေးကုမှုအနေနဲ့ပါ အသုံးပြုကြတယ်ဆိုတာရော သင်သိရဲ့လား။

မျက်နှာရွှေသွင်းတယ်ဆိုတာတော့ ကြားဖူးမှာပေါ့။ ဒီလိုပါပဲ ရောဂါအမျိုးမျိုးအတွက် ကုထုံးတချို့မှာ ရွှေကိုထည့်သွင်းအသုံးပြုနေကြတာတွေရှိလာပါပြီ။ အခုပြောပြမှာကတော့ ရွှေထည်ဝတ်ဆင်တာပဲ ဖြစ်ဖြစ်၊ ကုထုံးမှာ ပါဝင်တာပဲဖြစ်ဖြစ် လူ့ကျန်းမာရေးကို ဘယ်လိုအကျိုးကျေးဇူးပေးနိုင်သလဲ ဆိုတာပါပဲ။

ရွှေက ဘယ်လိုကျန်းမာရေးကိုအကျိုးပြုနေသလဲ

အဆစ်ရောင်လက္ခဏာတွေကို သက်သာစေတယ်

ရွှေက လေးဘက်နာအဆစ်ရောင်ရောဂါရဲ့လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်လို့ ကုသရေးမှာအသုံးပြုကြတာပါ။ အရေပြားမှာ ထိကပ်ပြီး ရွှေထည်လက်ဝတ်ရတနာတွေဝတ်ဆင်ရုံနဲ့ ဒီဝေဒနာခံစားရတာတွေကို သိသာတဲ့ရာခိုင်နှုန်းအထိ သက်သာစေနိုင်ပါတယ်။

နာကျင်မှုကို လျော့စေတယ်

နာကျင်ကိုက်ခဲမှုခံစားနေရတဲ့နေရာ သို့မဟုတ် ဒဏ်ရာရှိတဲ့နေရာမှာ ရွှေကိုထားပေးရင် အနာသက်သာစေဖို့ အထောက်အကူပေးပါတယ်။ ရွှေက သွေးကြောတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကောင်းစေတဲ့အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ရောက်ရှိမှုပိုကောင်းစေဖို့ အနာကျက်၊ အနာသက်သာဖို့ အားပေးတာဖြစ်ပါတယ်။

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်

ရွှေက ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အပူချိန်မှန်နေရင် လူရဲ့ကိုယ်ခံအားစနစ်ကိုလည်း ပိုကောင်းစေနိုင်တယ်။ အထူးသဖြင့် ချမ်းတုန်တတ်သူတွေ၊ ညဘက်ချွေးထွက်သူတွေ၊ hot flash ဖြစ်တတ်သူတွေ အတွက် ပိုပြီးသိသာစေပါလိမ့်မယ်။

သွေးလည်ပတ်မှုကောင်းစေတယ်

သွေးလည်ပတ်မှုပိုကောင်းစေဖို့၊ ခန္ဓာကိုယ်အနှံ့ကိုအောက်ဆီဂျင်ရောက်စေဖို့ ရွှေကိုအသုံးပြုကြတယ်။ သွေးလည်ပတ်မှုကောင်းရင် လူကျန်းမာပြီး ရောဂါကင်းစေနိုင်တာပေါ့။

အရေပြားကုထုံးအဖြစ် သုံးနိုင်တယ်

ကလီယိုပက်ထရာဟာ အသားအရေနုပျိုလှပနေစေဖို့ ရွှေစင်အစစ်နဲ့ မျက်နှာပေါင်းတင်ခဲ့တယ်လို့ သိရပါတယ်။ ရောမခေတ် ကတည်းက ရွှေကို လိမ်းဆီအဖြစ်ပြုလုပ်ပြီး အရေပြားရောဂါတွေကုသဖို့သုံးကြပါတယ်။ ဆေးပညာတွေအဆင့်မြင့်လာခဲ့ပြီး ဒီထက်ပိုအသုံးပြုလာကြပေမယ့်လည်း အရေပြားအပေါ် ရွှေရဲ့အကျိုးပြုအာနိသင်ကတော့ ထင်ရှားနေဆဲပါပဲ။ အခုဆိုရင် အလှကုန်ပစ္စည်းတွေနဲ့ အသားအရေကုထုံးအမျိုးမျိုးမှာ ရွှေကိုထည့်သွင်းအသုံးပြုနေကြတာ အလှအပအတွက်ကောင်းကျိုးထူးလို့ပါ။

စိတ်ကျန်းမာတယ်

ရွှေဝတ်ရရင် သဘောမကျတဲ့သူတော့ရှားပါတယ်။အလှအပအတွက်ရော ဂုဏ်ယူဝင့်ကြွားမှု အတွက်ရော ရွှေဝတ်ရတာ နှစ်သက်ကြပါတယ်။ ရွှေနဲ့လက်ဝတ်ရတနာလေးတွေ ဝတ်ထားရရင် မှန်ထဲကြည့်ရင်းကို ပြုံးနေကြတာ။ တကယ်တော့ ရှေးယခင်တည်းက စိတ်ဖိစီးမှုသက်သာစေတဲ့ ဆေးတစ်လက်အဖြစ် ရွှေကိုသုံးကြတာ ရှိခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ရွှေဝတ်ထားသူတွေကိုကြည့်ရင် ရွှေဝတ်ခြင်းကို စိတ်ခွန်အားတက်စေတဲ့ အရာတစ်ခုအဖြစ် မြင်ရမှာပါ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top