iMyanmarHouse.com - Best Property Website for Myanmar
×
10.ဘယ်ရီသီးတွေဟာ အခြားသောေ၇ာဂါတွေကို ပျောက်ကင်းသက်သာစေတဲ့အပြင် အစာအိမ်အတါက်လည်း အထူးကောင်းမွန်တဲ့အစားဖြစ်ပါတယ်။ါးကြောင့် စားပွဲတွေရဲ့ နောက်ဆက်တွဲ အချိုပွဲတွေမှာ ဘယ်ရီသီးကို ထည့်ပေးတာဖြစ်ပြီး သူ့မှာကယ်လိုရီနည်းသလို အစာအိမ်ကို ကောင်းမွန်တဲ့အထောက်အပံ့ပေးနိုင်တဲ့အသီးဖြစ်ပါတယ်။
Credit: Nanmalgyi
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
1.ဟင်းနုနွယ်ပင်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် ရိုးရှင်းစွာ ကုသပေးနိုင်တဲ့ အစားဖြစ်ပြီး သူ့မှာ အမျှင်ဓာတ်နဲ့ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်ပါတယ်။ဒါကြောင့် အူတွေကို ညှစ်အားပိုစေပြီး ဝမ်းချုပ်တဲ့ရောဂါကို သက်သာစေပါတယ်။
2.သစ်သီးအခြောက်တွေကို တော်တော်များများက အစိုလောက် မကြိုက်ကြပေမယ့် သူတို့မှာလည်း ကောင်းမွန်တဲ့အချက်တွေရှိပါတယ်။သဘာဝသကြားဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝခြင်းက အစာအိမ်ကို ကောင်းကောင်းအထောက်အပံ့ပေးနိုင်တဲ့အတွက် အစာအိမ်ကျန်းမာရေးအတွက် စားသုံးသင့်တဲ့အစားအစာဖြစ်ပါတယ်။
3.ပဲအမျိုးမျိုးကတော့ အစာအိမ်နဲ့ ဝမ်းကိုမှန်စေမှန်း လူတိုင်းနီးပါးသိပြီးသားဖြစ်မှာပါ။ပဲ နို့ဆီဘူးခွက်တစ်ဝက်လောက်ဟာ ပရိုတင်း၊ဗီတာမင် နဲ့ သတ္တုတွေ လူတစ်ယောက်အတွက် အပြည့်အဝရစေပါတယ်။ပဲကို အခြားသော အသီးအရွက်တွေနဲ့ ပေါင်းစပ်စားခြင်းကလည်း အစာအိမ်အတွက် အထူးကောင်းမွန်တဲ့အစာဖြစ်ပါတယ်။
4.ပန်းသီးဟာလည်း အစာအိမ်ပြဿနာဖြေရှင်းရေးအတွက် အထူးကောင်းမွန်တဲ့အစားအစာဖြစ်ပါတယ်။ပန်းသီးအခွံမှာ 3.6 ဂရမ်ရှိတဲ့ အမျှင်ဓာတ်တွေပါဝင်လို့ အခွံပါ စားပေးသင့်ပါတယ်။
5.ပိုက်ဆံလျှော်ပင်က အစေ့တွေဟာ အမျှင်ဓာတ်များစွာပါဝင်ပြီး စားပွဲတင်ဇွန်း နှစ်ဇွန်းစာတင် 5 ဂရမ်လောက် အမျှင်ဓာတ်ကို ရရှိတာဖြစ်ပါတယ်။ဝမ်းချုပ်ခြင်းကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာ ခါးနာတာတွေကိုပါ ပျောက်ကင်းသက်သာစေပါတယ်။
6.ပန်းမုန်လာတွေဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့အစားအစာဖြစ်ပြီး သဘာဝ ဗီတာမင်၊ပရိုတင်းတွေ ပြည့်ဝစွာပါဝင်နေတာဖြစ်ပါတယ်။ဒီအပင်ဟာ အစာချေစနစ်ကို ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်တဲ့အတွက် ထမင်းစားပြီးတိုင်း စားပေးသင့်ပါတယ်။
7.သစ်တော်သီးကတော့ မြန်မာတွေ အကြိုက်ဖြစ်ပြီး ခံတွင်းမြိန်စေတာဖြစ်ပါတယ်။သူဟာ အစာချေစနစ်အတွက်လဲ အထူးကောင်းမွန်စေပြီး သစ်တော်သီး တဝက်ခန့်တင် အမျှင်ဓာတ် 5 ဂရမ်လောက်ရှိတာဖြစ်တဲ့ ထမင်းမစားခင်နဲ့ ထမင်းစားပြီးတိုင်း စားပေးသင့်ပါတယ်။
8.အခွံမာသီးတွေအားလုံးဟာ အခြားသောကျန်းမာရေးဓာတ်စာတွေလို အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အထူးကောင်းမွန်တဲ့အစားအစာဖြစ်ပါတယ်။သူဟာ နှလုံးရောဂါအပြင် အစာအိမ်ကိုပါ ကောင်းမွန်စေပြီး မှတ်ဉာဏ်ကု တိုးတက်စေပါတယ်။အခွံမာသီး လက်တဆုပ်စာမှာ အမျှင်ဓာတ် 9 ဂရမ်ပါရှိပါတယ်။
9.အုတ်ဂျုံမုန့်တွေဟာ အစာအိမ်ကို အနားပေးနိုင်တဲ့ အစားအစာဖြစ်ပြီး ကွေကာအုပ်သောက်ရုံ၊ယာဂုကျိုသောက်ရုံနဲ့ အစာအိမ်ရဲ့ လုပ်ဆောင်မှုစနစ်ကို တိုးတက်မြန်ဆန်စေပါတယ်။ဝမ်းချုပ်ခြင်းနဲက ဝမ်းမမှန်ခြင်းကို ပျောက်ကင်းသက်သာစေပါတယ်။
10.ဘယ်ရီသီးတွေဟာ အခြားသော ရောဂါတွေကို ပျောက်ကင်းသက်သာစေတဲ့အပြင် အစာအိမ်အတါက်လည်း အထူးကောင်းမွန်တဲ့အစားဖြစ်ပါတယ်။းါကြောင့် စားပွဲတွေရဲ့ နောက်ဆက်တွဲ အချိုပွဲတွေမှာ ဘယ်ရီသီးကို ထည့်ပေးတာဖြစ်ပြီး သူ့မှာကယ်လိုရီနည်းသလို အစာအိမ်ကို ကောင်းမွန်တဲ့အထောက်အပံ့ပေးနိုင်တဲ့အသီးဖြစ်ပါတယ်။
Credit: Nanmalgyi
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top