iMyanmarHouse.com - Best Property Website for Myanmar
×



မၾကာေသးမိီက က်င္းပသြားတဲ့ Star Awards ဆုေပးပြဲၾကီးကေတာ့ ပရိသတ္ေတြေမွ်ာ္လင့္တာနဲ႔ ထပ္တူက်သြားတယ္လို႔ဆိုရမွာပါပဲ။ အေကာင္းဆံုးဇာတ္ေဆာင္မင္းသားဆုကုိ ေနတိုးရရွိခဲ့သလို အေကာင္းဆံုးဇာတ္ေဆာင္မင္းသမီးဆုကုိ ပုိင္ျဖိဳးသုရရွိျပီး Best Cinematography ဆုကုိ ဒါရုိက္တာဏၾကီး က ရရွိသြားခဲ့ပါတယ္။ ပုိင္ျဖိဳးသုနဲ႔ ဒါရုိ္က္တာဏၾကီးက အတူတူဆုေတြရရွိခဲ့တဲ့ ခံစားခ်က္ေတြကုိ မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေျပာၾကားသြားခဲ့ပါတယ္။

ဒါရိုက္တာဏၾကီးက ဆုရရွိခဲ့တဲ့ ခံစားခ်က္ကုိ “ကြ်န္ေတာ္တို႔ဆက္လုပ္ရမယ့္အလုပ္ေတြအတြက္ လမ္းျပေပးသလိုပဲ ကြ်န္ေတာ္တို႔နုိင္ငံမွာ ကြ်န္ေတာ္တို႔လုပ္ခ်င္သလုိေပါ့ေနာ္။ ကြ်န္ေတာ္တုိ႔လုပ္ခ်င္တဲ့အရာေတြကုိလုပ္လုိ႔ရွိရင္လည္းရပ္တည္လို႔ရေနတယ္ဆိုတဲ့ လမ္းမ်ိဳးေလးေပါ့။



ပင့္ကူမွ်င္ေလးက်လာသလုိေပ့ါ၊ ေရွ႕ကုိသတၱိရွိရွိနဲ႔ ငါတို႔ဘက္ကမွာလည္း ပရိသတ္ေတြရွိပါလားဆိုတာေပါ့ေနာ္။ ပရိသတ္ေတြေၾကာင့္ပါ”လို႔ေျပာထားျပီး ျမန္မာနုိင္ငံကလူေတြအတြက္အေတြးအေခၚေတြေလွ်ာ့ခ်ရမလားလို႔ေတာင္စဥ္းစားဖူးတယ္ဆိုတဲ့အေၾကာင္း “အမွန္အတိုင္းေျပာရရင္ စိတ္က နည္းနည္းျဖစ္သြားေသးတယ္။

ငါတို႔ရပ္တည္ဖိုု႔ဆိုရင္ ငါတုိ႔ရဲ႕ works ေတြကုိ ငါတို႔ရဲ႕အေတြးအေခၚေတြကုိ ေလွ်ာ့ခ်ရမ လားေပါ့။အဲ့လိုမ်ိဳးအထိေတြးျဖစ္တယ္။ ဘာလို႔ဆိုေတာ့ ျမန္မာနုိင္ငံမွာ ျမန္မာကားေတြရုိက္ခ်င္တယ္။ ျမန္မာလူမ်ိဳးေတြလက္ခံလာေအာင္ camera works ေတြ၊ Dialogue ေတြအရမ္းမ်ားတဲ့အခါက်ေတာ့ ကြ်န္ေတာ္ဆိုလို႔ရွိရင္ နည္းနည္းေလွ်ာ့ျပီးေတာ့လုပ္ထားတဲ့ဟာ မ်ိဳးေလးေတြရွိ္တယ္။

ဒါေပမယ့္ ပရိသတ္ေတြရဲ႕ အားေပးမႈေၾကာင့္ ကြ်န္ေတာ္တို႔ေတြယံုၾကည္သလုိ ကြ်န္ေတာ္ တို႔ေတြၾကိဳက္သလုိ ဆိုလို႔ရွိရင္လည္း ဒီဘက္မွာရပ္တည္မယ့္ပရိသတ္ေတြရွိတယ္ဆိုတာ။ ပရိသတ္ေတြေၾကာင့္ပါ။ဒီဟာကအားတစ္ခုပါပဲ”လို႔ ေျပာၾကားသြားပါတယ္။



ပုိင္ျဖိဳးသုက နွစ္ေယာက္အတူတူဆုရတဲ့ခံစားခ်က္နဲ႔ မီရုပ္ရွင္ဇာတ္ကားရဲ႕ တိုက္ဆိုင္မႈေတြအေၾကာင္းကုိ “အရမ္းေပ်ာ္ပါတယ္။ အမွတ္တရျဖစ္တာက မီက သုသုတို႔နွစ္ေယာက္ပထမဆံုးတြဲျပီးေတာ့ ရိုက္ခြင့္ရတဲ့ရုပ္ရွင္ကားလည္းျဖစ္တယ္။

ပြဲေလးမွာဆုရေတာ့လည္းနွစ္ေယာက္အတူတူေပါ့ေနာ္။ သုသုေမြးေန႔လည္းျဖစ္တယ္။ မီကားကလည္း ဒီေန႔ပဲရံုေတြမွာျပန္တင္ေနျပီဆိုေတာ့ သုသုတို႔အတြက္တိုက္ဆိုင္ေန တာေတြအမ်ားၾကီးပဲေပါ့ေနာ္”လို႔ ေျဖၾကားထားပါတယ္။

ဒါရုိက္တာဏၾကီးက မီဇာတ္ကားကုိဇာတ္ညႊန္းစာအုပ္ျပန္ထုတ္မယ္ဆိုတဲ့အေၾကာင္း “ဆရာမၾကီးၾကည္ေအးရဲ႕ မီကုိ ကြ်န္ေတာ္ရုပ္ရွင္ရုိက္ဖို႔အတြက္ ဇာတ္ညႊန္းခြဲထားတာရွိတယ္။ အဲဒါကုိဇာတ္ညႊန္းစာအုပ္ျပန္ုထုတ္မယ္ေပါ့ေနာ္။ ကြ်န္ေတာ္ အနုပညာတကၠသုိလ္မွာလည္း work shop ေလးလုပ္ေပးဖူးတယ္။ YU မွာလည္း workshop ေလးလုပ္ေပးဖူးတယ။္

ကေလးေတြက မီဝတၳဳနဲ႔ ကြ်န္ေတာ့္ဇာတ္ညႊန္းကုိယွဥ္ဖတ္ခ်င္တယ္။ ယွဥ္ေလ့လာခ်င္တယ္။ Development ေတြဘယ္လိုလုပ္တာလဲ။ ဝတၳဳနဲ႔ဇာတ္ညႊန္းက ဘယ္လိုကြာသြားတာလဲေပါ့”လို႔ ေျပာျပထားပါတယ္။ မီရုပ္ရွင္ဇာတ္ကားကုိ ရုပ္ရွင္ရံုၾကီးေတြမွာ ျပန္တင္ေနတာလည္း ပရိသတ္ ေတာင္းဆိုလို႔တင္ေပးတာျဖစ္တာေၾကာင့္ ပရိသတ္ေတြကုိေက်းဇူးတင္ေၾကာင္း လည္းေျပာသြား ပါတယ္။



႔ပရိသတ္ၾကီးေရာ မီဇာတ္ကားကုိ ေနာက္တစ္ၾကိမ္ထပ္သြားၾကည့္ၾကဦးမွာလား။ ပုိင္ျဖိဳးသုနဲ႔ဒါရို္က္တာဏၾကီးတို႔ဇနီးေမာင္ႏွံေလးကုိေရာ ခ်စ္ၾကလား။ ဒါရိုက္တာဏၾကီး တို႔နွစ္ေယာက္ရဲ႕ အနုပညာလႈပ္ရွားမႈေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။


Credit:burmese.asia

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

မကြာသေးမီက ကျင်းပသွားတဲ့ Star Awards ဆုပေးပွဲကြီးကတော့ ပရိသတ်တွေမျှော်လင့်တာနဲ့ ထပ်တူကျသွားတယ်လို့ဆိုရမှာပါပဲ။ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို နေတိုးရရှိခဲ့သလို အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုကို ပိုင်ဖြိုးသုရရှိပြီး Best Cinematography ဆုကို ဒါရိုက်တာဏကြီး က ရရှိသွားခဲ့ပါတယ်။ ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးက အတူတူဆုတွေရရှိခဲ့တဲ့ ခံစားချက်တွေကို မီဒီယာတွေနဲ့အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ဒါရိုက်တာဏကြီးက ဆုရရှိခဲ့တဲ့ ခံစားချက်ကို “ကျွန်တော်တို့ဆက်လုပ်ရမယ့်အလုပ်တွေအတွက် လမ်းပြပေးသလိုပဲ ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်တို့လုပ်ချင်သလိုပေါ့နော်။ ကျွန်တော်တို့လုပ်ချင်တဲ့အရာတွေကိုလုပ်လို့ရှိရင်လည်းရပ်တည်လို့ရနေတယ်ဆိုတဲ့ လမ်းမျိုးလေးပေါ့။

ပင့်ကူမျှင်လေးကျလာသလိုပေ့ါ၊ ရှေ့ကိုသတ္တိရှိရှိနဲ့ ငါတို့ဘက်ကမှာလည်း ပရိသတ်တွေရှိပါလားဆိုတာပေါ့နော်။ ပရိသတ်တွေကြောင့်ပါ”လို့ပြောထားပြီး မြန်မာနိုင်ငံကလူတွေအတွက်အတွေးအခေါ်တွေလျှော့ချရမလားလို့တောင်စဉ်းစားဖူးတယ်ဆိုတဲ့အကြောင်း “အမှန်အတိုင်းပြောရရင် စိတ်က နည်းနည်းဖြစ်သွားသေးတယ်။

ငါတို့ရပ်တည်ဖို့ဆိုရင် ငါတို့ရဲ့ works တွေကို ငါတို့ရဲ့အတွေးအခေါ်တွေကို လျှော့ချရမ လားပေါ့။အဲ့လိုမျိုးအထိတွေးဖြစ်တယ်။ ဘာလို့ဆိုတော့ မြန်မာနိုင်ငံမှာ မြန်မာကားတွေရိုက်ချင်တယ်။ မြန်မာလူမျိုးတွေလက်ခံလာအောင် camera works တွေ၊ Dialogue တွေအရမ်းများတဲ့အခါကျတော့ ကျွန်တော်ဆိုလို့ရှိရင် နည်းနည်းလျှော့ပြီးတော့လုပ်ထားတဲ့ဟာ မျိုးလေးတွေရှိတယ်။

ဒါပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ကျွန်တော်တို့တွေယုံကြည်သလို ကျွန်တော် တို့တွေကြိုက်သလို ဆိုလို့ရှိရင်လည်း ဒီဘက်မှာရပ်တည်မယ့်ပရိသတ်တွေရှိတယ်ဆိုတာ။ ပရိသတ်တွေကြောင့်ပါ။ဒီဟာကအားတစ်ခုပါပဲ”လို့ ပြောကြားသွားပါတယ်။

ပိုင်ဖြိုးသုက နှစ်ယောက်အတူတူဆုရတဲ့ခံစားချက်နဲ့ မီရုပ်ရှင်ဇာတ်ကားရဲ့ တိုက်ဆိုင်မှုတွေအကြောင်းကို “အရမ်းပျော်ပါတယ်။ အမှတ်တရဖြစ်တာက မီက သုသုတို့နှစ်ယောက်ပထမဆုံးတွဲပြီးတော့ ရိုက်ခွင့်ရတဲ့ရုပ်ရှင်ကားလည်းဖြစ်တယ်။

ပွဲလေးမှာဆုရတော့လည်းနှစ်ယောက်အတူတူပေါ့နော်။ သုသုမွေးနေ့လည်းဖြစ်တယ်။ မီကားကလည်း ဒီနေ့ပဲရုံတွေမှာပြန်တင်နေပြီဆိုတော့ သုသုတို့အတွက်တိုက်ဆိုင်နေ တာတွေအများကြီးပဲပေါ့နော်”လို့ ဖြေကြားထားပါတယ်။

ဒါရိုက်တာဏကြီးက မီဇာတ်ကားကိုဇာတ်ညွှန်းစာအုပ်ပြန်ထုတ်မယ်ဆိုတဲ့အကြောင်း “ဆရာမကြီးကြည်အေးရဲ့ မီကို ကျွန်တော်ရုပ်ရှင်ရိုက်ဖို့အတွက် ဇာတ်ညွှန်းခွဲထားတာရှိတယ်။ အဲဒါကိုဇာတ်ညွှန်းစာအုပ်ပြန်ုထုတ်မယ်ပေါ့နော်။ ကျွန်တော် အနုပညာတက္ကသိုလ်မှာလည်း work shop လေးလုပ်ပေးဖူးတယ်။ YU မှာလည်း workshop လေးလုပ်ပေးဖူးတယ။်

ကလေးတွေက မီဝတ္ထုနဲ့ ကျွန်တော့်ဇာတ်ညွှန်းကိုယှဉ်ဖတ်ချင်တယ်။ ယှဉ်လေ့လာချင်တယ်။ Development တွေဘယ်လိုလုပ်တာလဲ။ ဝတ္ထုနဲ့ဇာတ်ညွှန်းက ဘယ်လိုကွာသွားတာလဲပေါ့”လို့ ပြောပြထားပါတယ်။ မီရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်ရုံကြီးတွေမှာ ပြန်တင်နေတာလည်း ပရိသတ် တောင်းဆိုလို့တင်ပေးတာဖြစ်တာကြောင့် ပရိသတ်တွေကိုကျေးဇူးတင်ကြောင်း လည်းပြောသွား ပါတယ်။

့ပရိသတ်ကြီးရော မီဇာတ်ကားကို နောက်တစ်ကြိမ်ထပ်သွားကြည့်ကြဦးမှာလား။ ပိုင်ဖြိုးသုနဲ့ဒါရိုက်တာဏကြီးတို့ဇနီးမောင်နှံလေးကိုရော ချစ်ကြလား။ ဒါရိုက်တာဏကြီး တို့နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Credit:burmese.asia

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top