iMyanmarHouse.com - Best Property Website for Myanmar
×













Credit:Nanmalgyi
#Unicode Version#
ဝက်ခြံဟာ လူပျိုဖော် အပျိုဖော် ဝင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲအရ ပေါက်တယ်ဆိုပေမယ့် တချို့က တော်ရုံနဲ့ မပျောက်တော့ပဲ ညှစ်မိရင် ပိုပိုများများလာသလို ကျောက်ပေါက်တွေလို အချိုင့်တွေ အမာရွတ်တွေ များစွာ ကျန်ခဲ့တာဖြစ်ပါတယ်။ဒါကို ဝက်ခြံပေါက်ဖူးသူတိုင်းကြောက်လန့်တဲ့ ကိစ္စဖြစ်ပြီး ရှောင်ရမယ့် နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

1.ဝက်ခြံပေါက်ပြီဆို တချိုကက လက်သည်းနဲက ဆိတ်ပစ်တာဖြစ်ပြီး လက်က မသန့်ရှင်းတဲ့ ဘက်တီးယားနဲ့ ဝက်ခြံရည်တွေက ပွားစေတာဖြစ်ပါတယ်။ဒီလိုဖြစ်ရတာဟာ မျက်နှာ မသန့်ရှင်းလို့ ဖြစ်ပြီး အပြင်ထွက်ပြီး ပြန်လာတိုင်း မျက်နှာသစ်ပါ။

2.အရေပြားကို အကောင်းဆုံးထောက်ပံ့ပေးတာက ရှားစောင်းလက်ပတ်က ဂျယ်ဖြစ်ပြီး မနက်မိုးလင်းတိုင်း မျက်နှာကို 5 မိနစ်လောက် ပွတ်သပ်ထားပေးသင့်ပါတယ်။

3.ဝက်ခြံပေါက်လွယ်တဲ့အသားအရေနဲ့ အဆီပြန်သူတွေဟာ မျက်နှာသစ်ရင် ရေနွေးကိုသုံးသင့်ပါတယ်။ဒါမှ အရေပြားအတွင်းပိုင်းထိ သန့်ရှင်းပေးနိုင်ပြီး ချွေးပေါက်လေးတွေ ပွင့်ကာ အညစ်အကြေးတွေ ထွက်စေပါတယ်။

4.သင့်မျက်နှာကို သင့်လက်နဲ့ ကိုင်မယ်ဆိုရင် လက်တွေ သန့်ရှင်မှုရှိဖို့ လိုပါတယ်။မဟုတ်ရင် တစ်ရှုးလေးခံပြီး ကိုင်သင့်ပါတယ်။လက်သန့်ဆေးသုံးပြီး ကိုင်တာအကောင်းဆုံးဖြစ်ပါတယ်။

5..ဝက် ခြံကို မနေနိုင်လို့ ညှစ်ရင် ဝက်ခြံနဲ့ ဝေးဝေးကို လက်နှစ်ချောင်းက နေရာယူပြီး ညှစ်ပေးပါ။ဒါမှ ဝက်ခြံထဲ ဘက်တီးရီးယားတွေ ပြန်မဝင်ပဲ ထပ်မပေါက်တော့မှာဖြစ်ပါတယ်။

6.ဝက်ခြံညှစ်တဲ့အခါ အားစိုက်ထုတ်ပြီး ညှစ်တာမျိုးမလုပ်သင့်ပါဘူး။ဒီလိုလုပ်ရင် သင့်ရဲ့ အရေပြားကို ပျက်စီးစေနိုင်ပြီး သင့်မျက်နှာမှာ လက်သည်းဆိပ်တက်လာတတ်ပါတယ်။

7.မျက်နှာသစ်တဲ့အခါ အချိန်ပြီး ဆပ်ပြာတိုက်တာနဲ့ ရေအနှံ့ရအောင် ဆေးကြောပေးပါ။ဒါမှ ထိရောက်မှာဖြစ်ပါတယ်။ရေကိုလည်း သန့်ရှင်းတဲ့ရေသာ ရွေးသုံးပါ။

8.လက်မှာချွေးရှိနေတာ ဆီတို့ အညစ်အကြေးတို့နဲ့ အခြားသော အလှကုန်တွေ ရှိနေရင်လည်း မျက်နှာကို မကိုင်သင့်ပါဘူး။ဒါက ဝက်ခြံကို ပိုမိုပွားများစေပါတယ်။

9.ဝက်ခြံနဲက ဆားဝက်ခြံကို အားတိုင်းညှစ်တာမျိုး မလုပ်သင့်ပါဘူးတကယ်လို့ ညှစ်လဲ ဝက်ခြံရဲ့ အဖြူတောင့်တွေ ထွက်အောင် လုပ်သင့်ပါတယ်။မဟုတ်ရင် ဝက်ခြံက မြုံပြီး လက်သည်းဆိပ်ကြောင့် အနာပိုရင်းတတ်ပါတယ်။

10.ဝက်ခြံဖြစ်လာဖို့ အလားအလာရှိရင် ပိုးသတ်ဆေးဖြစ်ဖြစ် ပန်နဆလင်ဖြစ်ဖြစ် ဒီနေရာလေးကို ကွက်ပြီး လိမ်းထားနိုင်ပါတယ်။ဒါဆို ပိုးသေပြီး မပွားနိုင်တော့ပါဘူး။

11.သင့်စိတ်က ယားယံတာတို့ အရေပြားနာကျင်ပြီး အဖုတွေပိုပွားလာတယ်လို့ ထင်မိရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။မဟုတ်ရင် ဝက်ခြံတွေ ဗရပွဖြစ်သွားပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Nanmalgyi
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top