


Credit:thutastar
#Unicode Version#
ပရိသတ်တွေက ခီမောင်နှံဆိုပြီး အရမ်းချစ်ကြတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဇနီးမောင်နှံနှစ်ဦးကတော့ ချစ်ရတဲ့အနုပညာအလုပ်တွေကို အတူတကွဖန်တီးရင်း ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုလည်း ပုံဖော်နေကြတာပါ။ ဒါရိုက်တာနဲ့ မင်းသားတို့ရဲ့ အိမ်ထောင်ရေးကတော့ ရာခိုင်နှုန်းအပြည့် နားလည်မှုတွေနဲ့ အကောင်းဆုံး အနုပညာတွေကို ပရိသတ်တွေကို ချပြဖို့ ကြိုးစားနေတာပါ။ လတ်တလောမှာတော့ ခရစ္စတီးနားခီက ဇဏ်ခီ၊ ပိုင်ဖြိုးသုတို့နဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပြီး ဒီနေ့မှာတော့ ဇာတ်လမ်းတစ်ခုလုံး ရိုက်ကူးပြီးစီး သွားခဲ့ပါပြီ။
ခင်ပွန်းရဲ့အချစ်ဇာတ်လမ်းကို နောက်တစ်ခါ မရိုက်နိုင်တော့လောက်အောင် နှစ်သက်တယ်ဆိုတဲ့ ခရစ္စတီးနားခီ 2
ဇဏ် ခီနဲ့ ပိုင်ဖြိုးသုတို့ရဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်က အရမ်းကိုကောင်းလွန်းလို့ ခရစ္စတီးနားခီတစ်ယောက် ခင်ပွန်းရဲ့ အချစ်ဇာတ်လမ်းတွေကို နောက်တစ်ခါ မရိုက်နိုင်တော့အောင် ဖြစ်သွားတယ်လို့ ချစ်စဖွယ်လေး ရေးသားထားပါသေးတယ်။
ခင်ပွန်းရဲ့အချစ်ဇာတ်လမ်းကို နောက်တစ်ခါ မရိုက်နိုင်တော့လောက်အောင် နှစ်သက်တယ်ဆိုတဲ့ ခရစ္စတီးနားခီ 3
ပရိသတ် တွေအတွက် ခင်ပွန်းရဲ့အချစ်ဇာတ်လမ်းကို နောက်တစ်ခါ မရိုက်နိုင်တော့လောက်အောင် နှစ်သက်တယ်ဆိုတဲ့ ခရစ္စတီးနားခီရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခင်ပွန်းရဲ့အချစ်ဇာတ်လမ်းကို နောက်တစ်ခါ မရိုက်နိုင်တော့လောက်အောင် နှစ်သက်တယ်ဆိုတဲ့ ခရစ္စတီးနားခီ 5
ခရစ္စတီးနားခီက တော့ “နောက်တခါအချစ်ဇာတ်လမ်း မရိုက်နိုင်တော့လောက်အောင် သူ့အချစ်ဇာတ်လမ်းအား အလွန်နှစ်သက်မိပါကြောင်း!!!ယုံကြည်စွာနဲ့သေချာရေးပေးပြီး အမြဲဖတ်ဖြစ်..ကြည့်ဖြစ်မယ့် အချစ်ရုပ်ရှင်ဇာတ်ကားအား ဒါရိုက်တာလုပ်ခွင့်ရတာ အရမ်းကံကောင်းတယ်လို့ခံယူထားပါကြောင်း!!!NowAndEver (ထာဝရနှောင်ကြိုး)” ဆိုပြီး သူမတို့ရဲ့ ရုပ်ရှင်အသစ်အကြောင်း ရေးသားထားခဲ့တာပါ။
ဇဏ် ခီနဲ့ ခရစ္စတီးနားခီတို့ဇနီးမောင်နှံနှစ်ဦးကတော့ စစ်မှန်တဲ့အနုပညာအတွက် အချိန်ယူပြီး အကောင်းဆုံးလုပ်ကိုင်နေကြတာပါ။ ပရိသတ်တွေလည်း မကြာခင် ကြည့်ရှုကြရတော့မယ့် ခီမောင်နှံရဲ့ ရုပ်ရှင်အသစ်လေးကို အားပေးမယ်ဆိုရင် Share သွားကြဖို့မမေ့ပါနဲ့နော်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:thutastar