iMyanmarHouse.com - Best Property Website for Myanmar
×


စိတ္ဖိစီးမႈေတြမ်ားတဲ့ ကမၻာႀကီးမွာ စိတ္ညစ္စရာေတြက မၾကာခဏ ၾကံဳေနရာကေန စိတ္ဖိစီးမႈေတြ ျဖစ္လာေတာ့တာပဲ။ ဘာေတြဘယ္လိုျဖစ္ေနမွန္းကို မသိေတာ့ေလာက္ေအာင္ စိတ္ဖိစီးေနတာ။ ညဆုိလည္း ေတာ္ေတာ္နဲ႔အိပ္မေပ်ာ္သလို မနက္အိပ္ရာႏုိးကတည္းက ေပ်ာ္စရာတစ္ခုမွမ႐ွိသလို ခံစားေနရတယ္။ အလုပ္ထဲမွာ၊ ပတ္ဝန္းက်င္မွာ အမွားေတြခ်ည္း လုပ္ေနမိၿပီဆုိရင္ ကိုယ့္ရဲ႕စိတ္ဖိစီးမႈအေျခအေနက ဆိုး႐ြားေနလို႔ပါပဲ။ အားလံုးကို ရပ္လိုက္ၿပီး စိတ္ေရာကိုယ္ပါ အနားယူလိုက္ဖုိ႔ လိုေနပါၿပီ။ အခုေျပာျပမယ့္အရာေတြအားလံုး ျဖစ္ေနၿပီလား။

၁။ အိပ္မေပ်ာ္ဘူး

စိတ္ဖိစီးမႈ၊ ပူပန္ေသာကေတြက အိပ္ေပ်ာ္ဖုိ႔ ခက္ခဲေစတယ္။ ဦးေႏွာက္ထဲမွာ အေတြးေတြနဲ႔ ႐ႈပ္ေထြးလြန္းတဲ့အခါ စိတ္ေအးလက္ေအး အိပ္ေပ်ာ္ဖုိ႔ ခက္ခဲပါတယ္။

၂။ အၿမဲတမ္းေနမေကာင္းဘူး

လြယ္လြယ္ကူကူနဲ႔ ဖ်ားနာတယ္။ အေအးမိ၊ ကိုယ္ပူ စတဲ့ ဗိုင္းရပ္စ္ေတြ ကူးစက္လြယ္လာတယ္။ စိတ္ဖိစီးမႈဟာ ကိုယ္ခံစြမ္းအားစနစ္ကိုလည္း အားနည္းေစတာေၾကာင့္ အလြယ္တကူ နာဖ်ားလြယ္ေနတာပါ။ ၿပီးေတာ့ အဖ်ားေပ်ာက္ဖုိ႔လည္း ၾကာတတ္ပါတယ္။

၃။ ေမာပန္းႏံုးခ်ိတယ္

တစ္ေန႔ကို ၈ နာရီ လံုလံုေလာက္ေလာက္အိပ္ခဲ့ေပမဲ့ အိပ္ေရးမဝသလို ခံစားေနရတယ္။ ေမာပန္းႏံုးခ်ိေနတာပဲ။ ဘာေၾကာင့္လဲဆုိရင္ စိတ္ဖိစီးမႈကိုပဲ လက္ညႇိဳးထိုးရမယ္။ စိတ္ေထာင္းကိုယ္ေၾကဆိုတာမ်ိဳး ျဖစ္ေနတာပါ။ လူက က်န္းမာေပမဲ့ စိတ္ကခ်ဴခ်ာေတာ့ အားမ႐ွိသလိုပဲ ခံစားေနရတယ္ေလ။

၄။ ၾကြက္သားနာက်င္ေတာင့္တင္းမႈ

ေန႔တိုင္းလိုလို အႏွိပ္ခံခ်င္ေနမိတယ္။ ဘာမွမလုပ္ရေသးဘဲနဲ႔ကို ၾကြက္သားေတြ ေတာင့္တင္းနာက်င္ေနတာပါ။ စိတ္ဖိစီးမႈဟာ ခႏၶာကိုယ္ရဲ႕ ေဟာ္မုန္းေတြကို ေျပာင္းလဲေစၿပီး ၾကြက္သားေတြနဲ႔ အာ႐ံုေၾကာေတြကို သက္ေရာက္မႈျဖစ္တာေၾကာင့္ ေတာင့္တင္းနာက်င္မႈကို ခံစားရပါတယ္။

၅။ ခဏခဏေခါင္းကိုက္တယ္

အေပၚမွာ ေရးသားထားတဲ့ သက္ေရာက္မႈေတြအျပင္ မၾကာခဏဆုိသလို ေခါင္းကိုက္ေနတာကိုပါ ခံစားေနရတယ္ဆုိရင္ေတာ့ သင့္ရဲ႕စိတ္ဖိစီးမႈက အေတာ္ဆိုးေနပါၿပီ။ ေခါင္းကိုက္တာက နာရီဝက္ေလာက္လည္း ၾကာတတ္သလို ရက္ဆက္ကိုက္တာလည္း ျဖစ္တတ္ပါတယ္။ နဖူးတစ္ဝိုက္မွာ ဖိအားသက္ေရာက္မႈ ခံစားေနရတာ၊ ဦးေခါင္းေနာက္ပိုင္းက ကိုက္ခဲတာ စသျဖင့္ ခံစားရတယ္ဆုိရင္ေတာ့ အနားယူလုိက္ဖုိ႔ပဲ ရွိပါေတာ့တယ္။

Credit: MM
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

စိတ်ဖိစီးမှုတွေများတဲ့ ကမ္ဘာကြီးမှာ စိတ်ညစ်စရာတွေက မကြာခဏ ကြုံနေရာကနေ စိတ်ဖိစီးမှုတွေ ဖြစ်လာတော့တာပဲ။ ဘာတွေဘယ်လိုဖြစ်နေမှန်းကို မသိတော့လောက်အောင် စိတ်ဖိစီးနေတာ။ ညဆိုလည်း တော်တော်နဲ့အိပ်မပျော်သလို မနက်အိပ်ရာနိုးကတည်းက ပျော်စရာတစ်ခုမှမရှိသလို ခံစားနေရတယ်။ အလုပ်ထဲမှာ၊ ပတ်ဝန်းကျင်မှာ အမှားတွေချည်း လုပ်နေမိပြီဆိုရင် ကိုယ့်ရဲ့စိတ်ဖိစီးမှုအခြေအနေက ဆိုးရွားနေလို့ပါပဲ။ အားလုံးကို ရပ်လိုက်ပြီး စိတ်ရောကိုယ်ပါ အနားယူလိုက်ဖို့ လိုနေပါပြီ။ အခုပြောပြမယ့်အရာတွေအားလုံး ဖြစ်နေပြီလား။

၁။ အိပ်မပျော်ဘူး

စိတ်ဖိစီးမှု၊ ပူပန်သောကတွေက အိပ်ပျော်ဖို့ ခက်ခဲစေတယ်။ ဦးနှောက်ထဲမှာ အတွေးတွေနဲ့ ရှုပ်ထွေးလွန်းတဲ့အခါ စိတ်အေးလက်အေး အိပ်ပျော်ဖို့ ခက်ခဲပါတယ်။

၂။ အမြဲတမ်းနေမကောင်းဘူး

လွယ်လွယ်ကူကူနဲ့ ဖျားနာတယ်။ အအေးမိ၊ ကိုယ်ပူ စတဲ့ ဗိုင်းရပ်စ်တွေ ကူးစက်လွယ်လာတယ်။ စိတ်ဖိစီးမှုဟာ ကိုယ်ခံစွမ်းအားစနစ်ကိုလည်း အားနည်းစေတာကြောင့် အလွယ်တကူ နာဖျားလွယ်နေတာပါ။ ပြီးတော့ အဖျားပျောက်ဖို့လည်း ကြာတတ်ပါတယ်။

၃။ မောပန်းနုံးချိတယ်

တစ်နေ့ကို ၈ နာရီ လုံလုံလောက်လောက်အိပ်ခဲ့ပေမဲ့ အိပ်ရေးမဝသလို ခံစားနေရတယ်။ မောပန်းနုံးချိနေတာပဲ။ ဘာကြောင့်လဲဆိုရင် စိတ်ဖိစီးမှုကိုပဲ လက်ညှိုးထိုးရမယ်။ စိတ်ထောင်းကိုယ်ကြေဆိုတာမျိုး ဖြစ်နေတာပါ။ လူက ကျန်းမာပေမဲ့ စိတ်ကချူချာတော့ အားမရှိသလိုပဲ ခံစားနေရတယ်လေ။

၄။ ကြွက်သားနာကျင်တောင့်တင်းမှု

နေ့တိုင်းလိုလို အနှိပ်ခံချင်နေမိတယ်။ ဘာမှမလုပ်ရသေးဘဲနဲ့ကို ကြွက်သားတွေ တောင့်တင်းနာကျင်နေတာပါ။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေကို ပြောင်းလဲစေပြီး ကြွက်သားတွေနဲ့ အာရုံကြောတွေကို သက်ရောက်မှုဖြစ်တာကြောင့် တောင့်တင်းနာကျင်မှုကို ခံစားရပါတယ်။

၅။ ခဏခဏခေါင်းကိုက်တယ်

အပေါ်မှာ ရေးသားထားတဲ့ သက်ရောက်မှုတွေအပြင် မကြာခဏဆိုသလို ခေါင်းကိုက်နေတာကိုပါ ခံစားနေရတယ်ဆိုရင်တော့ သင့်ရဲ့စိတ်ဖိစီးမှုက အတော်ဆိုးနေပါပြီ။ ခေါင်းကိုက်တာက နာရီဝက်လောက်လည်း ကြာတတ်သလို ရက်ဆက်ကိုက်တာလည်း ဖြစ်တတ်ပါတယ်။ နဖူးတစ်ဝိုက်မှာ ဖိအားသက်ရောက်မှု ခံစားနေရတာ၊ ဦးခေါင်းနောက်ပိုင်းက ကိုက်ခဲတာ စသဖြင့် ခံစားရတယ်ဆိုရင်တော့ အနားယူလိုက်ဖို့ပဲ ရှိပါတော့တယ်။

Credit: MM
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top