iMyanmarHouse.com - Best Property Website for Myanmar
×

အခုႏွစ္ပိုင္း ျမန္မာႏိုင္ငံသားေတြအမ်ားႀကီးစိတ္ဝင္စားၿပီးအားပါးတရ အားေပးေပးတဲ့ အားကစားႏွစ္ခု႐ိွပါတယ္။ တစ္ခုက ေဘာလံုးအားကစားျဖစ္ၿပီး ၊
 ေနာက္တစ္ခုကေတာ့ ကိုယ္ခံပညာသိုင္းေပါင္းစံုၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ MMAပါပဲ။ ေအာင္လအန္ဆန္ရဲ႕ထိုးသတ္ယွဥ္ၿပိဳင္ပြဲေတြကို အမိျမန္မာႏိုင္ငံမွာ
လာေရာက္က်င္းပရင္းနဲ႔ အရည္အေသြးျပည့္ဝတဲ့ ျမန္မာႏိုင္ငံသားဖိုက္တာတစ္ေယာက္ ေပၚထြက္လာခဲ့ပါတယ္ ။ အဲ့ဒီတစ္ေယာက္ကေတာ့ ျပည္သူေတြခ်စ္တဲ့ ဖိုးေသာ္ပါ ။
ဖိုးေသာ္နဲ႔ Media 9ရဲ႕အင္တာဗ်ဴးမွာ ေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ကမိတ္ေဆြေတြ သိရေအာင္ေဖာ္ျပတင္ဆက္ေပးလိုက္ပါတယ္

ၿပိဳင္ပြဲေတြယွဥ္ၿပိဳင္ရာမွာ ပရိသတ္ေတြေထာက္ျပတာ႐ိွလားဆိုတဲ့ေမးခြန္းကိုေတာ့ “အဓိကကေတာ့ သက္လံုေပါ့။ေျပာရင္လည္းေျပာစရာပဲ က်ေနာ္ကလည္းသက္လံုမေကာင္းဘူး ။
မေကာင္းဘူးဆိုတာကလည္းမေလ့က်င့္လို႔မဟုတ္ဘူးဗ် ။ က်ေနာ့္မွာလည္းအေၾကာင္းေၾကာင္းေတြ႐ိွတာေပါ့ ။က်န္းမာေရးအရေဆးခန္းျပေနရတာေတြ႐ိွတယ္။
ဒါေတြက ပရိသတ္ကိုမေျပာျဖစ္တဲ့အေၾကာင္းအရာေတြေပါ့ေနာ္ တစ္ခ်ိန္ခ်ိန္ေတာ့ က်ေနာ္အသိေပးမွာပါ။ က
်ေနာ္မွာ စိတ္တစ္ခုနဲ႔ပဲ ဒီအေနအထားေရာက္ေအာင္႐ုန္းကန္လာရတာ ။အေနအထားအရက်ေနာ္က အသက္ႀကီးမွေဆာ့ျဖစ္တာေၾကာင့္လည္းပါသလို အရင္ကလည္းက်ေနာ္ေပေပေတေတေနခဲ့တဲ့အေၾကာင္းေတြလည္းပါတာေပါ့။
ဒီလိုတိုက္ရခိုက္ရတဲ့အားကစားမွာႀကိဳးစားႏိုင္သေလာက္ေတာ့ က်ေနာ္ေရကုန္ေရခမ္းကစားၾကည့္တယ္။ ဒါေပမယ့္သာမာန္ေကာင္းေနတဲ့ သူေတြလိုကစားၾကည့္တဲ့အခါမွာေတာ့ အခက္အခဲ႐ိွတယ္။ ဘယ္လိုပဲျဖစ္ျဖစ္နည္းလမ္းေတာ့႐ိွရမွာေပါ့ ႏိုင္ေအာင္ေတာ့ထိုးရမွာေပါ့ ။ေမာတယ္ဆိုေပမယ့္ေနာက္ဆံုးေတာ့က်ေနာ္ႏိုင္သြားခဲ့တယ္ေပါ့ ။ေမာတယ္ဆိုေပမယ့္ေနာက္ပိုင္းလည္းနည္းလမ္း႐ွာၿပီးႏိုင္ေအာင္ႏိုင္ေအာင္ထိုးရမွာေပါ့ ။
သက္လံုပိုင္းကေတာ့ အရင္ကနဲ႔စာရင္ပိုၿပီးေကာင္းလာေပမယ့္ သာမန္လူတစ္ေယာက္လိုေတာ့ျဖစ္လာမွာမဟုတ္ပါဘူး။ဘယ္ေတာ့မွလည္းျဖစ္လာမွာမဟုတ္ဘူး ။ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္မွာအားနည္းခ်က္႐ိွေနတာဆိုေတာ့။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

က်န္းမာေရးအေျခအေနကို ထုတ္ေျပာျပလို႔ရလားဆိုတဲ့ ေမးခြန္းကိုေတာ့ “ထုတ္ေျပာျပလို႔လည္းဘာမွေတာ့မျဖစ္ဘူး
ဒါေပမယ့္လည္း ေျပာၾကမွာပဲ လူေတြကလည္း အဲ့ဒါဆိုလည္းမကစားနဲ႔ေပါ့ က်န္းမာေရးမေကာင္းလည္းဘာလို႔ကစားေနေသးလည္းေပါ့ ။
က်ေနာ္Excuse မေပးခ်င္ဘူး။ေမးလိုက္လို႔သာေျဖျဖစ္သြားတာ က်ေနာ့္ဘက္ကေတာ့က်ေနာ္ဘာျဖစ္ေနလို႔ပါညာျဖစ္ေနလို႔ပါေျပာျပမွာမဟုတ္ဘူး ။
က်ေနာ့္ဘက္ကဒါကိုကစားရင္ အေကာင္းဆံုးကစားမယ္ ကိုယ့္ထက္ဘယ္သူမွပိုမသိႏိုင္ဘူး ။ဘယ္သူေတြေျပာေျပာ က်ေနာ္အေနနဲ႔လုပ္စရာ႐ိွတာကို ဆက္လုပ္သြားမယ္။
ဒါက်ေနာ့္ဘက္ကအပိုင္းေပါ့ေနာ္ ။အဲ့ဒီအတြက္ က်ေနာ္က်န္းမာေရးမေကာင္းလို႔ သက္လံုအားနည္းတယ္ဆိုရင္ေတာင္မွနည္းလမ္းေတာ့႐ိွမယ္။
ဘယ္လိုကစားရင္ႏိုင္မလဲဆိုတာ ။နည္းနည္းေတာ့ေမာမယ္။ အေမာေျပေအာင္နည္းလမ္း႐ွားၿပီးေတာ့ ေဆာ့မယ္။ ေနာက္ဆံုးမရလို႔က်ေနာ္ သက္လံုေၾကာင့္႐ႈံးသြားရင္လည္း က်ေနာ္ကစားႏိုင္တဲ့အထိကစားသြားမယ္။
 ႐ံႈးတာ႐ံႈးတာပဲ ဒါေပမယ့္က်ေနာ္အေကာင္းဆံုးကစားသြားတယ္ဆိုတာကို ပရိသတ္သိေစခ်င္တယ္။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

ၿပိဳင္ပြဲအတြက္စာခ်ဳပ္ခ်ုဳပ္ထားတာမ်ိဳးေတြ႐ိွလားဆုိတဲ့ေမးခြန္းကိုေတာ့ “One Championship နဲ႔ကေတာ့စာခ်ဳပ္႐ိွတာေပါ့ ။
 စာခ်ဳပ္႐ိွတဲ့အတြက္စာခ်ဳပ္ပြဲကိုေတာ့ က်ေနာ္ကုန္ေအာင္ထိုးႏိုင္ေအာင္က်ေနာ္ႀကိဳးစားေနပါတယ္။ အခုေလာေလာဆယ္ေတာ့ က်န္းမာေရးအေျခအေနကမေျပာတတ္ဘူးဘယ္လိုျဖစ္လာဦးမလဲ။
 ဆရာဝန္ေတြရဲ႕ Recommend ေတြလည္း အမ်ားႀကီး႐ိွတာေပါ့ေနာ္။ တခ်ိဳ႕ေတြက်လည္းက်ေနာ့္ကို Retire သြားခိုင္းတာေပါ့ မေဆာ့နဲ႔ေပါ့ေနာ္ ။အမ်ားႀကီးပဲ က်ေနာ္က ႏွလံုးဆရာဝန္နဲ႔ျပတယ္။
အဆုတ္ဆရာဝန္နဲ႔ျပတယ္။ မ်က္လံုးဆရာဝန္နဲ႔ျပတယ္။ အ႐ိုးဆရာဝန္နဲ႔ျပတယ္။ အမ်ားႀကီးပဲဆရာဝန္ေတြက ။”
ဆိုၿပီးေျဖသြားခဲ့႐ံုသာမက OneChampion နဲ႔စာခ်ဳပ္မွာ႐ိွတဲ့ ပြဲအေရအတြက္နဲ႔ယွဥ္ၿပိဳင္ဖို႔က်န္ေနတဲ့ပြဲေတြကိုလည္း “ ၆ပြဲမွာ ၂ပြဲထိုးၿပီးသြားၿပီးဆိုေတာ့ ၄ပြဲက်န္မွာေပါ့။ အဲ့ဒီ၄ပြဲေတာ့ ကုန္ေအာင္ထိုးသြားခ်င္တယ္။
အေၾကာင္းေၾကာင္းေၾကာင့္ က်ေနာ္ Early Retire ျဖစ္သြားရင္လည္းဒီမွာပဲ ႐ိွေနဦးမယ္ ႀကိဳးစားမယ္။ကိုယ္ကိုယ္တိုင္မကစားႏုိင္ေတာင္မွ အျခားကစားခ်င္တဲ့လူငယ္ေတြကို Handover လုပ္မယ္ပံ့ပိုးေပးမယ္။ ၿပီးေတာ့သူတို႔ကိုအားလံုး မွ်မွ်တတျဖစ္ေအာင္စီစဥ္ေပးမယ္။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Nanmalgyi
#Unicode Version#
အခုနှစ်ပိုင်း မြန်မာနိုင်ငံသားတွေအများကြီးစိတ်ဝင်စားပြီးအားပါးတရ အားပေးပေးတဲ့ အားကစားနှစ်ခုရှိပါတယ်။ တစ်ခုက ဘောလုံးအားကစားဖြစ်ပြီး ၊
 နောက်တစ်ခုကတော့ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲတစ်ခုဖြစ်တဲ့ MMAပါပဲ။ အောင်လအန်ဆန်ရဲ့ထိုးသတ်ယှဉ်ပြိုင်ပွဲတွေကို အမိမြန်မာနိုင်ငံမှာ
လာရောက်ကျင်းပရင်းနဲ့ အရည်အသွေးပြည့်ဝတဲ့ မြန်မာနိုင်ငံသားဖိုက်တာတစ်ယောက် ပေါ်ထွက်လာခဲ့ပါတယ် ။ အဲ့ဒီတစ်ယောက်ကတော့ ပြည်သူတွေချစ်တဲ့ ဖိုးသော်ပါ ။
ဖိုးသော်နဲ့ Media 9ရဲ့အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ကမိတ်ဆွေတွေ သိရအောင်ဖော်ပြတင်ဆက်ပေးလိုက်ပါတယ်

ပြိုင်ပွဲတွေယှဉ်ပြိုင်ရာမှာ ပရိသတ်တွေထောက်ပြတာရှိလားဆိုတဲ့မေးခွန်းကိုတော့ “အဓိကကတော့ သက်လုံပေါ့။ပြောရင်လည်းပြောစရာပဲ ကျနော်ကလည်းသက်လုံမကောင်းဘူး ။
မကောင်းဘူးဆိုတာကလည်းမလေ့ကျင့်လို့မဟုတ်ဘူးဗျ ။ ကျနော့်မှာလည်းအကြောင်းကြောင်းတွေရှိတာပေါ့ ။ကျန်းမာရေးအရဆေးခန်းပြနေရတာတွေရှိတယ်။
ဒါတွေက ပရိသတ်ကိုမပြောဖြစ်တဲ့အကြောင်းအရာတွေပေါ့နော် တစ်ချိန်ချိန်တော့ ကျနော်အသိပေးမှာပါ။ က
ျနော်မှာ စိတ်တစ်ခုနဲ့ပဲ ဒီအနေအထားရောက်အောင်ရုန်းကန်လာရတာ ။အနေအထားအရကျနော်က အသက်ကြီးမှဆော့ဖြစ်တာကြောင့်လည်းပါသလို အရင်ကလည်းကျနော်ပေပေတေတေနေခဲ့တဲ့အကြောင်းတွေလည်းပါတာပေါ့။
ဒီလိုတိုက်ရခိုက်ရတဲ့အားကစားမှာကြိုးစားနိုင်သလောက်တော့ ကျနော်ရေကုန်ရေခမ်းကစားကြည့်တယ်။ ဒါပေမယ့်သာမာန်ကောင်းနေတဲ့ သူတွေလိုကစားကြည့်တဲ့အခါမှာတော့ အခက်အခဲရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်နည်းလမ်းတော့ရှိရမှာပေါ့ နိုင်အောင်တော့ထိုးရမှာပေါ့ ။မောတယ်ဆိုပေမယ့်နောက်ဆုံးတော့ကျနော်နိုင်သွားခဲ့တယ်ပေါ့ ။မောတယ်ဆိုပေမယ့်နောက်ပိုင်းလည်းနည်းလမ်းရှာပြီးနိုင်အောင်နိုင်အောင်ထိုးရမှာပေါ့ ။
သက်လုံပိုင်းကတော့ အရင်ကနဲ့စာရင်ပိုပြီးကောင်းလာပေမယ့် သာမန်လူတစ်ယောက်လိုတော့ဖြစ်လာမှာမဟုတ်ပါဘူး။ဘယ်တော့မှလည်းဖြစ်လာမှာမဟုတ်ဘူး ။ဘာဖြစ်လို့လဲဆိုတော့ ကျနော်မှာအားနည်းချက်ရှိနေတာဆိုတော့။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ကျန်းမာရေးအခြေအနေကို ထုတ်ပြောပြလို့ရလားဆိုတဲ့ မေးခွန်းကိုတော့ “ထုတ်ပြောပြလို့လည်းဘာမှတော့မဖြစ်ဘူး
ဒါပေမယ့်လည်း ပြောကြမှာပဲ လူတွေကလည်း အဲ့ဒါဆိုလည်းမကစားနဲ့ပေါ့ ကျန်းမာရေးမကောင်းလည်းဘာလို့ကစားနေသေးလည်းပေါ့ ။
ကျနော်Excuse မပေးချင်ဘူး။မေးလိုက်လို့သာဖြေဖြစ်သွားတာ ကျနော့်ဘက်ကတော့ကျနော်ဘာဖြစ်နေလို့ပါညာဖြစ်နေလို့ပါပြောပြမှာမဟုတ်ဘူး ။
ကျနော့်ဘက်ကဒါကိုကစားရင် အကောင်းဆုံးကစားမယ် ကိုယ့်ထက်ဘယ်သူမှပိုမသိနိုင်ဘူး ။ဘယ်သူတွေပြောပြော ကျနော်အနေနဲ့လုပ်စရာရှိတာကို ဆက်လုပ်သွားမယ်။
ဒါကျနော့်ဘက်ကအပိုင်းပေါ့နော် ။အဲ့ဒီအတွက် ကျနော်ကျန်းမာရေးမကောင်းလို့ သက်လုံအားနည်းတယ်ဆိုရင်တောင်မှနည်းလမ်းတော့ရှိမယ်။
ဘယ်လိုကစားရင်နိုင်မလဲဆိုတာ ။နည်းနည်းတော့မောမယ်။ အမောပြေအောင်နည်းလမ်းရှားပြီးတော့ ဆော့မယ်။ နောက်ဆုံးမရလို့ကျနော် သက်လုံကြောင့်ရှုံးသွားရင်လည်း ကျနော်ကစားနိုင်တဲ့အထိကစားသွားမယ်။
 ရှုံးတာရှုံးတာပဲ ဒါပေမယ့်ကျနော်အကောင်းဆုံးကစားသွားတယ်ဆိုတာကို ပရိသတ်သိစေချင်တယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ပြိုင်ပွဲအတွက်စာချုပ်ချုုပ်ထားတာမျိုးတွေရှိလားဆိုတဲ့မေးခွန်းကိုတော့ “One Championship နဲ့ကတော့စာချုပ်ရှိတာပေါ့ ။
 စာချုပ်ရှိတဲ့အတွက်စာချုပ်ပွဲကိုတော့ ကျနော်ကုန်အောင်ထိုးနိုင်အောင်ကျနော်ကြိုးစားနေပါတယ်။ အခုလောလောဆယ်တော့ ကျန်းမာရေးအခြေအနေကမပြောတတ်ဘူးဘယ်လိုဖြစ်လာဦးမလဲ။
 ဆရာဝန်တွေရဲ့ Recommend တွေလည်း အများကြီးရှိတာပေါ့နော်။ တချို့တွေကျလည်းကျနော့်ကို Retire သွားခိုင်းတာပေါ့ မဆော့နဲ့ပေါ့နော် ။အများကြီးပဲ ကျနော်က နှလုံးဆရာဝန်နဲ့ပြတယ်။
အဆုတ်ဆရာဝန်နဲ့ပြတယ်။ မျက်လုံးဆရာဝန်နဲ့ပြတယ်။ အရိုးဆရာဝန်နဲ့ပြတယ်။ အများကြီးပဲဆရာဝန်တွေက ။”
ဆိုပြီးဖြေသွားခဲ့ရုံသာမက OneChampion နဲ့စာချုပ်မှာရှိတဲ့ ပွဲအရေအတွက်နဲ့ယှဉ်ပြိုင်ဖို့ကျန်နေတဲ့ပွဲတွေကိုလည်း “ ၆ပွဲမှာ ၂ပွဲထိုးပြီးသွားပြီးဆိုတော့ ၄ပွဲကျန်မှာပေါ့။ အဲ့ဒီ၄ပွဲတော့ ကုန်အောင်ထိုးသွားချင်တယ်။
အကြောင်းကြောင်းကြောင့် ကျနော် Early Retire ဖြစ်သွားရင်လည်းဒီမှာပဲ ရှိနေဦးမယ် ကြိုးစားမယ်။ကိုယ်ကိုယ်တိုင်မကစားနိုင်တောင်မှ အခြားကစားချင်တဲ့လူငယ်တွေကို Handover လုပ်မယ်ပံ့ပိုးပေးမယ်။ ပြီးတော့သူတို့ကိုအားလုံး မျှမျှတတဖြစ်အောင်စီစဉ်ပေးမယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top