iMyanmarHouse.com - Best Property Website for Myanmar
×

နန္းျမတ္ျဖိဳးသင္းဟာ ပရိသတ္ကအားေပးတဲ့ အဆိုေတာ္တစ္ဦးျဖစ္သလုိ အရည္အခ်င္းရွိသရုပ္ေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။ နန္းျမတ္က ခင္ပြန္းျဖစ္သူ ကုိတာတာမ်ိဳးနဲ႔ ၂၀၁၇ခုနွစ္က လက္ထပ္ခဲ့ျပီး အိမ္ေထာင္က်ျပီးေနာက္ပုိင္းပရိသတ္နဲ႔ထိေတြ႕မႈက်ဲပါးသြားတာေၾကာင့္ ပရိသတ္ေတြကလြမ္းေနရတဲ့ အနုပညာရွင္တစ္ဦးပါ။ နန္းျမတ္ဟာ အိမ္ေထာင္က်ျပီးတစ္နွစ္မျပည့္ခင္မွာ ကေလးယူဖို႔ျပင္ဆင္္ျပီးကုိယ္ဝန္ရွိလာတဲ့အတြက္ေၾကာင့္ ပရိသတ္ေတြနဲ႔ အဆက္အသြယ္လွမ္းသြားတာလည္းျဖစ္ပါတယ္။

နန္းျမတ္က အိမ္ေထာင္က်ျပီး ရွစ္လမွာ ကေလးယူခဲ့ေၾကာင္းကုိ မီဒီယာေတြနဲဲ႔အင္တာဗ်ဴးမွာ “အိမ္ေထာင္က်ခါစမွာကေလးမယူေသးဘဲ အိမ္ေထာင္သက္ရွစ္လမွာမွ ယူလိုက္တာေပ့ါ။ ကုိယ္ဝန္ရျပီးမွ ေနမေကာင္းျဖစ္လာတယ္။ အဲ့အတြက္နားေနရတယ္။ အမ်ိဳးသားကလည္းဂရုစိုက္ပါတယ္။ အမ်ိဳးသားကေတာ့ ေယာက္်ားေလးလိုခ်င္တယ္။ ပထမတစ္ေယာက္ေတာ့ ဘာရရေပါ့။ေနာက္မွကုိယ္လိုခ်င္တာမရမခ်င္းယူမယ္တဲ့”လို႔ ေျဖၾကားထားပါတယ္။

နန္းျမတ္က ကုိယ္ဝန္လနုစဥ္အခ်ိ္န္အတြင္းမွာပဲေခတ္မီနည္းပညာေတြနဲဲ႔ ေသြးေဖာက္္စစ္ေဆးခဲ့ျပီး သားေလးဆိုလို႔ေပ်ာ္ခဲ့ရေၾကာင္းကုို “ကုိယ္ကုိယ္တိုင္လည္း ကုိယ့္ကုိယ္ကုိယ္မိန္းကေလးပဲထင္တာ။ ငါကေတာ့ မိန္းကေလးပဲေမြးမွာပဲေပ့ါေနာ္။ အဲ့လိုကေန ေသြးစစ္ျပီး ေယာက္်ားေလးလို႔သိလိုက္ရေတာ့ အရမ္းအံ့ၾသသြားတာ။ေယာက္်ားေလးဆိုေတာ့ အရမ္းလည္းေပ်ာ္တယ္။ ကုိယ့္အတြက္ဆိုတာထက္အေဖ့အတြက္လည္းေပ်ာ္တယ္။ အမ်ိဳးသားအတြက္လည္းေပ်ာ္တယ္။ သူတို႔ေယာက္်ားေလးလိုခ်င္တာဆိုေတာ့”လို႔ ေျပာထားပါတယ္။

နန္းျမတ္ရဲ႕ ေမြးဖြားမယ့္ရက္ခန္႔မွန္းေျခကေတာ့ ၂၀၁၉ ခုနွစ္ ဧျပီလလို႔သိရတာမို႔ ဒီလထဲမွာေမြးဖြားေတာ့မလားဆိုတာ ရင္ခုန္စရာပါပဲ။ ပရိသတ္ေတြကလည္းနန္းျမတ္ရဲ႕ လူမႈကြန္ယက္မွာေပၚလာတဲ့ဓာတ္ပံုေလးေတြကုိၾကည့္ျပီး ေမေမဗိုက္ေလးကုိ အရိပ္တၾကည့္ၾကည့္ျဖစ္ေနၾကသလို သားေလးကုိၾကိဳဆိုဖို႔လည္းအသင့္ျဖစ္ေနၾကပါျပီ။ ကုိယ္ဝန္သက္နုစဥ္ကတည္းက ဗိုက္ဖံုးအက်ႌေလးနဲ႔ ဓာတ္ပံုေတြရိုက္ခ်င္ေနတဲ့ နန္းျမတ္ကေတာ့ သူမရဲ႕လူမႈကြန္ယက္မွာ ဗိုက္ဖံုးအက်ႌဇာပါးေလးနဲ႔ အရမ္းလွတဲ့ဓာတ္ပံုေလးေတြကုိတင္ထားလိုက္ပါျပီ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္နန္းျမတ္ရဲ႕ ဓာတ္ပံုေလးေတြကုိေဖာ္ျပေပးလိုက္ပါတယ္။
ပရိသတ္ၾကီးေရာ နန္းျမတ္ကုိခ်စ္ၾကလား။ နန္းျမတ္ရဲ႕ သားသားေလးကုိေရာ ခ်စ္ၾကမွာလား။နန္းျမတ္တစ္ေယာက္သားဦးေလးကို ေမြးဖြားရလြယ္ကူပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Can’t Wait To Say
#Unicode Version#
နန်းမြတ်ဖြိုးသင်းဟာ ပရိသတ်ကအားပေးတဲ့ အဆိုတော်တစ်ဦးဖြစ်သလို အရည်အချင်းရှိသရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ နန်းမြတ်က ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ခုနှစ်က လက်ထပ်ခဲ့ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းပရိသတ်နဲ့ထိတွေ့မှုကျဲပါးသွားတာကြောင့် ပရိသတ်တွေကလွမ်းနေရတဲ့ အနုပညာရှင်တစ်ဦးပါ။ နန်းမြတ်ဟာ အိမ်ထောင်ကျပြီးတစ်နှစ်မပြည့်ခင်မှာ ကလေးယူဖို့ပြင်ဆင်ပြီးကိုယ်ဝန်ရှိလာတဲ့အတွက်ကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ်လှမ်းသွားတာလည်းဖြစ်ပါတယ်။

နန်းမြတ်က အိမ်ထောင်ကျပြီး ရှစ်လမှာ ကလေးယူခဲ့ကြောင်းကို မီဒီယာတွေနဲ့အင်တာဗျူးမှာ “အိမ်ထောင်ကျခါစမှာကလေးမယူသေးဘဲ အိမ်ထောင်သက်ရှစ်လမှာမှ ယူလိုက်တာပေ့ါ။ ကိုယ်ဝန်ရပြီးမှ နေမကောင်းဖြစ်လာတယ်။ အဲ့အတွက်နားနေရတယ်။ အမျိုးသားကလည်းဂရုစိုက်ပါတယ်။ အမျိုးသားကတော့ ယောက်ျားလေးလိုချင်တယ်။ ပထမတစ်ယောက်တော့ ဘာရရပေါ့။နောက်မှကိုယ်လိုချင်တာမရမချင်းယူမယ်တဲ့”လို့ ဖြေကြားထားပါတယ်။

နန်းမြတ်က ကိုယ်ဝန်လနုစဉ်အချိန်အတွင်းမှာပဲခေတ်မီနည်းပညာတွေနဲ့ သွေးဖောက်စစ်ဆေးခဲ့ပြီး သားလေးဆိုလို့ပျော်ခဲ့ရကြောင်းကို “ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ်မိန်းကလေးပဲထင်တာ။ ငါကတော့ မိန်းကလေးပဲမွေးမှာပဲပေ့ါနော်။ အဲ့လိုကနေ သွေးစစ်ပြီး ယောက်ျားလေးလို့သိလိုက်ရတော့ အရမ်းအံ့သြသွားတာ။ယောက်ျားလေးဆိုတော့ အရမ်းလည်းပျော်တယ်။ ကိုယ့်အတွက်ဆိုတာထက်အဖေ့အတွက်လည်းပျော်တယ်။ အမျိုးသားအတွက်လည်းပျော်တယ်။ သူတို့ယောက်ျားလေးလိုချင်တာဆိုတော့”လို့ ပြောထားပါတယ်။

နန်းမြတ်ရဲ့ မွေးဖွားမယ့်ရက်ခန့်မှန်းခြေကတော့ ၂၀၁၉ ခုနှစ် ဧပြီလလို့သိရတာမို့ ဒီလထဲမှာမွေးဖွားတော့မလားဆိုတာ ရင်ခုန်စရာပါပဲ။ ပရိသတ်တွေကလည်းနန်းမြတ်ရဲ့ လူမှုကွန်ယက်မှာပေါ်လာတဲ့ဓာတ်ပုံလေးတွေကိုကြည့်ပြီး မေမေဗိုက်လေးကို အရိပ်တကြည့်ကြည့်ဖြစ်နေကြသလို သားလေးကိုကြိုဆိုဖို့လည်းအသင့်ဖြစ်နေကြပါပြီ။ ကိုယ်ဝန်သက်နုစဉ်ကတည်းက ဗိုက်ဖုံးအင်္ကျီလေးနဲ့ ဓာတ်ပုံတွေရိုက်ချင်နေတဲ့ နန်းမြတ်ကတော့ သူမရဲ့လူမှုကွန်ယက်မှာ ဗိုက်ဖုံးအင်္ကျီဇာပါးလေးနဲ့ အရမ်းလှတဲ့ဓာတ်ပုံလေးတွေကိုတင်ထားလိုက်ပါပြီ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်နန်းမြတ်ရဲ့ ဓာတ်ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်ကြီးရော နန်းမြတ်ကိုချစ်ကြလား။ နန်းမြတ်ရဲ့ သားသားလေးကိုရော ချစ်ကြမှာလား။နန်းမြတ်တစ်ယောက်သားဦးလေးကို မွေးဖွားရလွယ်ကူပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Can’t Wait To Say
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top