iMyanmarHouse.com - Best Property Website for Myanmar
×



နန္းျမတ္ၿဖိဳးသင္းက သားသားေလးကို တစိမ့္စိမ့္ၾကည့္ၿပီး ခ်စ္မဝျဖစ္လို႔ေနပါတယ္။ နန္းျမတ္ၿဖိဳးသင္းက သားေလးကို ဧၿပီလ(၁၂) ရက္ေန႔က ဂရန္းဟံသာ ေဆး႐ုံမွာ ေမြးခဲ့တာပါ။

သ႐ုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္းကေတာ့ ပထမဦးဆုံး ရင္ေသြးေလးကို ေအာင္ျမင္စြာ ေမြးဖြားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ သားေလးကို ဧၿပီ(၁၂) ရက္ေန႔က ဂရန္းဟံသာေဆး႐ုံမွာ ေမြးဖြားခဲ့တာ ျဖစ္ၿပီး ၅ေပါင္နဲ႔ ၁၁ေအာင္စ ရွိတယ္လိုု႔ သိရပါတယ္။

နန္းျမတ္က ႏွစ္ဆန္း(၁) ရက္ေန႔က သားေလးပုံေလးနဲ႔အတူ ႏွစ္သစ္ဆုေတာင္းစကားေလး ေတာင္းေပးထားတာေတြ႕ရပါတယ္။“ႏွစ္သစ္မွာ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစေၾကာင္းဆုမြန္ေကာင္းေတာင္းပါတယ္ခင္ဗ်ာ “ ဆိုၿပီး နန္းျမတ္ရဲ႕ ေဖ့စ္ဘြတ္မွာ ဧၿပီ(၁၇) ရက္ေန႔က ေရးသားထားတာေတြ႕ရပါတယ္။

လက္ရွိမွာေတာ့နန္းျမတ္က ေဆး႐ုံက ဆင္းၿပီး ျဖစ္ကာ မိခင္ေရာ ကေလးပါ က်န္းမာတယ္လို႔ သိရပါတယ္။ နန္းျမတ္က သားေလးကို ခ်စ္စႏိုးနဲ႔ Jack Jack ဆိုၿပီး နာမည္ေပးထားပါေသးတယ္။ အႏုပညာအလုပ္ေတြ ခဏရပ္နားထားတဲ့ နန္းျမတ္ၿဖိဳးသင္းက ကုသိုလ္ေကာင္းမႈေလးေတြ လုပ္ျဖစ္ေနသလို က်န္းမာေရးေကာင္းမြန္ေအာင္ ေနထိုင္ေနတယ္လို႔ ဆိုပါတယ္။



သားဦးေလးေမြးၿပီး ေနာက္ပိုင္းမွာ အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကိုင္ဖို႔အတြက္ ႀကိဳးစားသြားမယ္လို႔လည္း ဇန္နဝါရီ(၁) ရက္ေန႔ ျပဳလုပ္တဲ့ ပိုင္ၿဖိဳးသုရဲ႕ မဂၤလာပြဲမွာ Duwun Media သို႔ ေျဖဆိုေပးခဲ့ပါတယ္။

နန္းျမတ္ၿဖိဳးသင္းကို တီဗီေၾကာ္ျငာ၊ မဂၢဇင္းကာဗာေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ အဲ့ဒီေနာက္ ေဖ့စ္ဘြတ္႐ြာ ႐ုပ္ရွင္ဇာတ္ကားႀကီးကေန သ႐ုပ္ေဆာင္ေလာကထဲကို စတင္ဝင္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္း(Nann Myat Phyo Thin)ဟာ ခ်စ္သူ ကိုတာတာမ်ိဳးနဲ႔ ၂၀၁၇ခုႏွစ္၊ ႏိုဝင္ဘာ(၂၆) ရက္ေန႔က လပ္ထပ္ခဲ့တာ ျဖစ္ပါတယ္။ မဂၤလာပြဲကို ရန္ကုန္ၿမိဳ႕၊ ဆီဒိုးနားဟိုတယ္မွာ က်င္းပခဲ့ၿပီး မဂၤလာညစာစားပြဲကို ရန္ကုန္ၿမိဳ႕၊ အင္းလ်ားလိတ္ဟိုတယ္မွာ ႏိုဝင္ဘာ(၂၇) ရက္ေန႔ သူငယ္ခ်င္း အေပါင္းအသင္းေတြနဲ႔ ေပ်ာ္႐ႊင္စြာျပဳလုပ္ခဲ့တာပါ။



Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


နန်းမြတ်ဖြိုးသင်းက သားသားလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်မဝဖြစ်လို့နေပါတယ်။ နန်းမြတ်ဖြိုးသင်းက သားလေးကို ဧပြီလ(၁၂) ရက်နေ့က ဂရန်းဟံသာ ဆေးရုံမှာ မွေးခဲ့တာပါ။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ ပထမဦးဆုံး ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သားလေးကို ဧပြီ(၁၂) ရက်နေ့က ဂရန်းဟံသာဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ၅ပေါင်နဲ့ ၁၁အောင်စ ရှိတယ်လို့ သိရပါတယ်။

နန်းမြတ်က နှစ်ဆန်း(၁) ရက်နေ့က သားလေးပုံလေးနဲ့အတူ နှစ်သစ်ဆုတောင်းစကားလေး တောင်းပေးထားတာတွေ့ရပါတယ်။“နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာ “ ဆိုပြီး နန်းမြတ်ရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၁၇) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

လက်ရှိမှာတော့နန်းမြတ်က ဆေးရုံက ဆင်းပြီး ဖြစ်ကာ မိခင်ရော ကလေးပါ ကျန်းမာတယ်လို့ သိရပါတယ်။ နန်းမြတ်က သားလေးကို ချစ်စနိုးနဲ့ Jack Jack ဆိုပြီး နာမည်ပေးထားပါသေးတယ်။ အနုပညာအလုပ်တွေ ခဏရပ်နားထားတဲ့ နန်းမြတ်ဖြိုးသင်းက ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဖြစ်နေသလို ကျန်းမာရေးကောင်းမွန်အောင် နေထိုင်နေတယ်လို့ ဆိုပါတယ်။

သားဦးလေးမွေးပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့လည်း ဇန်နဝါရီ(၁) ရက်နေ့ ပြုလုပ်တဲ့ ပိုင်ဖြိုးသုရဲ့ မင်္ဂလာပွဲမှာ Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

နန်းမြတ်ဖြိုးသင်းကို တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲ့ဒီနောက် ဖေ့စ်ဘွတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကနေ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း(Nann Myat Phyo Thin)ဟာ ချစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာပြုလုပ်ခဲ့တာပါ။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top