iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ဗီတာမင် E အဆီ ”
၂။ သံပုယိုရည် ”
၃။ ရှားစောင်းလက်ပပ် ”
၎။ သခွားသီး ”
၅။ သံလွင်ဆီ ”
Credit:santhitsa
ကျန်းမာရေး
# Unicode Version # ဖြင့် ဖတ်ပါ #
အမာရွတ် တွေဟာ တကယ်ကို စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းပါတယ်။ ခြေထောက်မှာ အမာရွတ်တွေ ရှိနေတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း လျော့နည်း သလို စိတ်ကျဉ်း ကျပ်ပြီး ရှက်ရွံ့သလိုလည်း ခံစားရ ပါတယ် ။ ဒီလို စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းလွန်းတဲ့ အမာရွတ် တွေကို သက်သာပျောက်ကင်း သွားစေမယ့် နည်းလမ်းကောင်းလေး တွေကို ဖော်ပြပေးလိုက်ပါတယ် နော် …။ ။
၁။ ဗီတာမင် E အဆီ ”
ဗီတာမင် E ဆေးတောင့်လေးမှာ ပါဝင်တဲ့ အဆီလေးကို ဖောက်ထုတ် လိုက်ပါ။ ရလာတဲ့ အဆီလေးကို အမာရွတ်တွေကို လိမ်းပေးကာ နှိပ်နယ်ပေးကာ ၁၅ မိနစ်ခန့် ထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောသန့်စင် လိုက်ပါ။ ဗီတာမင် E ဟာ တစ်ချို့လူတွေဆီမှာ ဓာတ်မတည့်တာ မျိုးလည်း ရှိတတ်လို့ အဆင်မပြေ ရင်တော့ ဆက်မသုံးဖို့ အကြံပေးလိုက် ပါတယ် …။
၂။ သံပုယိုရည် ”
သံပုယိုရည်ကို ရေအနည်းငယ် ရောပြီး ဂွမ်းစလေးနဲ့ တို့ကာ အမာရွတ်ရှိတဲ့ အရေပြားပေါ်ကို ညအိပ်ရာ မဝင်ခင်တိုင်း လိမ်းပေးခြင်းဖြင့် လပိုင်းမှာ အမာရွတ်တွေ လျော့နည်းပြီး ပါးသွားတာကို တွေ့ရမှာပဲ ဖြစ်ပါ တယ် …။
၃။ ရှားစောင်းလက်ပပ် ”
ရှားစောင်းလက်ပပ်ကို ဖြတ်ပြီး အထဲက အနှစ်ကို ထုတ်ယူလိုက်ပါ။ ရလာတဲ့ အနှစ်ကို အမာရွတ်တွေအပေါ် တိုက်ရိုက် လိမ်းပေးလိုက်ပါ။ နေ့စဉ် ပုံမှန်လိမ်းပေးခြင်းဖြင့် အမာရွတ်တွေ ပျောက်ကင်း သက်သာသွားမှာ ပါ နော် …။
၄။ သခွားသီး ”
သခွားသီးကို ကြိတ်ပြီး ရလာတဲ့အနှစ်ကို သံပုယို အနည်းငယ် ရောပြီး အမာရွတ်ဖြစ်တဲ့ အရေပြားပေါ် လိမ်းပေးလိုက်ပါ။ နေ့စဉ်ပုံမှန် ဒီနည်းလမ်းလေးကို ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တွေ ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ် …။
၅။ သံလွင်ဆီ ”
သံလွင်ဆီကို အနည်းငယ် အပူပေးပြီး ရလာတဲ့ ဆီနွေးနွေးကို အမာရွတ်တွေပေါ်ကို လိမ်းပေးကာ စက်ဝိုင်းပုံ သဏ္ဍာန် နှိပ်နယ်ပေးပါ။ ညအိပ်ရာ ဝင်ခါနီးတိုင်း ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တွေ အမြန်ဆုံး ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်နော် …။ ။
Credit:santhitsa
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top