iMyanmarHouse.com - Best Property Website for Myanmar
×


ႏွာ ေခ် တဲ့ အ ခါ မွာ ပါး စပ္ နဲ႔ ႏွာ ေခါင္း ကို ပိတ္ တာ ဟာ ယဥ္ ေက်း တဲ့ အ မႈ အ ရာ တစ္ ခု ပါ။

ဒါ ေပ မဲ့ ျပင္း ထန္ တဲ့ ေလ တြန္း အား ေၾကာင့္ လူ တစ္ ေယာက္ ေသ ေလာက္ တဲ့ ဒဏ္ ရာ ရ သြား တဲ့ ေနာက္ ပိုင္းမွာ ေတာ့ ဆ ရာ ဝန္ ေတြ ဟာ ဒီ ယဥ္ ေက်း တဲ့ အ မူ အ ရာ နဲ႔ ပက္ သက္ ၿပီး သ တိ ေပး လာ ၾက ပါ တယ္။

အ သက္ ၃၄ ႏွစ္ အ ႐ြယ္ လူ တစ္ ေယာက္ ဟာ ႏွာ ေခ် တာ ကို ထိန္း ခ်ဳပ္ ဖို႔ အ တြက္ ပါး စပ္ ကို လက္ ျဖင့္ အုပ္ ၿပီး ႏွာ ေခါင္း ကို ပိတ္ ခဲ့ တဲ့ အ တြက္ ေဆး ႐ုံ ကို အ ေရး ေပၚ လူ နာ အ ျဖစ္ ေရာက္ သြား ခဲ့ ပါ တယ္။

ဆရာဝန္ေတြရဲ႕ ေဆးစစ္ခ်က္အရ ထိုလူရဲ႕ လည္ေခ်ာင္းမွ ရင္ေခါင္းအထိ ထူးဆန္းတဲ့ အက္ကြဲေနတဲ့အသံေတြ ၾကားေနရၿပီး အဆုတ္မွလာတဲ့ ေလေတြဟာ ထြက္ေပါက္မရွိေတာ့တဲ့အတြက္ တစ္ရွဴးနဲ႔ ႂကြက္သားေတြအတြင္းပိုင္းကို ဝင္ေရာက္သြားရာမွ ထြက္လာတဲ့ အသံျဖစ္ ေၾကာင္း သိခဲ့ရပါတယ္။

ျပင္းထန္တဲ့ ႏွာေခ်ျခင္းကို ခ်ဳပ္ထားျခင္းဟာ နားစည္ေပါက္ကြဲျခင္း၊ မ်က္လုံးတြင္း ေသြးေၾကာမ်ားေပါက္ကြဲျခင္း၊ မ်ာက္ႏွာျပင္နာဗ့္ေၾကာမ်ား ထိခိုက္ျခင္း၊ လႈပ္ရွားႏိုင္တဲ့ ႂကြက္သားမ်ားအပါအဝင္ နံ႐ိုးပါ အက္ကြဲေစေၾကာင္းေတြ႕ရသည္။

ယခင္ျဖစ္ခဲ့ဖူးတဲ့ သူမ်ားရဲ႕ ေဆးစစ္ခ်က္မ်ားအရ သိရၿပီး ရင္ဘတ္နဲ႔ အဆုတ္ ၾကားမွာ ပိတ္မိသြားတဲ့ ေလေတြ ဟာ ဦးေႏွာက္ ေသြးေၾကာေတြအထိ ဝင္ေရာက္ေပါက္ကြဲေစႏိုင္တယ္လို႔ ေဆးပညာရွင္ေတြ မွတ္ခ်က္ခ်ခဲ့ၾက ပါတယ္။

ျပင္းထန္တဲ့ ႏွာေခ်ျခင္းေတြဟာ တစ္နာရီ မိုင္ ၂၀၀ ႏႈန္း သြားႏိုင္ၿပီး ေက်ာက္ခဲအပိုင္းအစေတြကို ၂၅ ေပအကြာအေဝးထိေရာက္ေအာင္ လြင့္စင္သြားႏိုင္ေစပါတယ္။

ျပင္းထန္တဲ့ ႏွာေခ်ျခင္းကို ထိန္းခ်ဳပ္ဖို႔ ဆိုရင္ ႏွာေခါင္းကို ပြတ္၊ ဒါမွမဟုတ္ အသက္ျပင္းျပင္းရွဴၿပီး ႏွာခမ္းအေပၚ နားကို ပြတ္ေပ ဖို႔ ကြၽမ္းက်င္သူေတြက အႀကံေပးထားပါတယ္။

Credit: popolay

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

နှာ ချေ တဲ့ အ ခါ မှာ ပါး စပ် နဲ့ နှာ ခေါင်း ကို ပိတ် တာ ဟာ ယဉ် ကျေး တဲ့ အ မှု အ ရာ တစ် ခု ပါ။

ဒါ ပေ မဲ့ ပြင်း ထန် တဲ့ လေ တွန်း အား ကြောင့် လူ တစ် ယောက် သေ လောက် တဲ့ ဒဏ် ရာ ရ သွား တဲ့ နောက် ပိုင်းမှာ တော့ ဆ ရာ ဝန် တွေ ဟာ ဒီ ယဉ် ကျေး တဲ့ အ မူ အ ရာ နဲ့ ပက် သက် ပြီး သ တိ ပေး လာ ကြ ပါ တယ်။

အ သက် ၃၄ နှစ် အ ရွယ် လူ တစ် ယောက် ဟာ နှာ ချေ တာ ကို ထိန်း ချုပ် ဖို့ အ တွက် ပါး စပ် ကို လက် ဖြင့် အုပ် ပြီး နှာ ခေါင်း ကို ပိတ် ခဲ့ တဲ့ အ တွက် ဆေး ရုံ ကို အ ရေး ပေါ် လူ နာ အ ဖြစ် ရောက် သွား ခဲ့ ပါ တယ်။

ဆရာဝန်တွေရဲ့ ဆေးစစ်ချက်အရ ထိုလူရဲ့ လည်ချောင်းမှ ရင်ခေါင်းအထိ ထူးဆန်းတဲ့ အက်ကွဲနေတဲ့အသံတွေ ကြားနေရပြီး အဆုတ်မှလာတဲ့ လေတွေဟာ ထွက်ပေါက်မရှိတော့တဲ့အတွက် တစ်ရှူးနဲ့ ကြွက်သားတွေအတွင်းပိုင်းကို ဝင်ရောက်သွားရာမှ ထွက်လာတဲ့ အသံဖြစ် ကြောင်း သိခဲ့ရပါတယ်။

ပြင်းထန်တဲ့ နှာချေခြင်းကို ချုပ်ထားခြင်းဟာ နားစည်ပေါက်ကွဲခြင်း၊ မျက်လုံးတွင်း သွေးကြောများပေါက်ကွဲခြင်း၊ မျာက်နှာပြင်နာဗ့်ကြောများ ထိခိုက်ခြင်း၊ လှုပ်ရှားနိုင်တဲ့ ကြွက်သားများအပါအဝင် နံရိုးပါ အက်ကွဲစေကြောင်းတွေ့ရသည်။

ယခင်ဖြစ်ခဲ့ဖူးတဲ့ သူများရဲ့ ဆေးစစ်ချက်များအရ သိရပြီး ရင်ဘတ်နဲ့ အဆုတ် ကြားမှာ ပိတ်မိသွားတဲ့ လေတွေ ဟာ ဦးနှောက် သွေးကြောတွေအထိ ဝင်ရောက်ပေါက်ကွဲစေနိုင်တယ်လို့ ဆေးပညာရှင်တွေ မှတ်ချက်ချခဲ့ကြ ပါတယ်။

ပြင်းထန်တဲ့ နှာချေခြင်းတွေဟာ တစ်နာရီ မိုင် ၂၀၀ နှုန်း သွားနိုင်ပြီး ကျောက်ခဲအပိုင်းအစတွေကို ၂၅ ပေအကွာအဝေးထိရောက်အောင် လွင့်စင်သွားနိုင်စေပါတယ်။

ပြင်းထန်တဲ့ နှာချေခြင်းကို ထိန်းချုပ်ဖို့ ဆိုရင် နှာခေါင်းကို ပွတ်၊ ဒါမှမဟုတ် အသက်ပြင်းပြင်းရှူပြီး နှာခမ်းအပေါ် နားကို ပွတ်ပေ ဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

Credit: popolay

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top