iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္အေၾကာင္းက အေၾကာင္းမရွိဘဲ ေခါငး္ထဲေရာက္ေရာက္လာရင္ ၊ ဆုံမိရင္ ရင္ခုန္ေနတာမ်ိဳးဆုိရင္ ဒါဟာအခ်စ္ပါ။ အခ်စ္စစ္ဆုိတာ ဖန္တီးယူလုိ႕ရတဲ့အရာ မဟုတ္သလုိ အတင္းလုပ္ယူလုိ႕ရတဲ့အရာမ်ိဳးလည္း မဟုတ္ပါဘူး။ သင့္ကုိယ့္သင္ထက္ ခ်စ္ရမယ့္ သူမ်ိဳးကို ေတြ႕ေနၿပီးဆုိရင္ သင္ဟာ အခ်စ္ကို ေတြ႔ေနပါၿပီ။ သင္အခ်စ္ကုိ ေတြ႕ၿပီဆုိရင္ေတာ့ ဒီလုိမ်ိဳးေျပာင္းလဲလာမွာပါ။

(၁) ခံစားခ်က္ေတြနားလည္လာမယ္

စုံတဲြတုိင္းမွာေတ့ာ နားလည္မႈရွိမွ ေပ်ာ္ရႊင္ရတဲ့ခ်စ္သူဘ၀ကို ပုိင္ဆုိင္ရမွာပါ။ တစ္ေယာက္ဘက္က ခ်ည္းနားလည္ေပးေနလုိ႕ မရပါဘူး။ တစ္ေယာက္က နားလည္ေပးတဲ့အခ်ိန္ တစ္ေယာက္က အလုိက္သိေနေပးရမွာပါ။ တကယ္ကို အခ်စ္စစ္နဲ႕ေတြ႕ရွိသြားတဲ့ စုံတဲြေတြကေတာ့ ခ်စ္သူက စိတ္ေတြညစ္ ၊ စိတ္ပင္ပန္းေနတဲ့ အခ်ိ္န္ေတြဆုိ ေဘးကေန အားေပးၿပီး နားလည္ေပးလာတတ္ၾကတယ္။ ခ်စ္သူရဲ႕အလုပ္ကိစၥ ၊ ၀ါသနာေတြကို နားလည္ေပးလာၾကတယ္။ အစစအရာရာ တုိင္းကို ျဖည့္ေတြးေပးလာၿပီး နားလည္ေပးလာၾကတယ္။ အေၾကာင္းကေတာ့ အခ်စ္စစ္နဲ႕ ခ်စ္မိသြားၾကလုိ႕ပါ။

(၂) အေလ်ာ႔ေပးတတ္လာမယ္
စုံတဲြတုိင္း ေလွ်ာက္ရတဲ့လမ္းေပၚမွာ ဆူး၊ခလုတ္ ေတြရွိတတ္ၾကတယ္။ စိတ္ဆုိးတဲ့အခ်ိန္နဲ႕ ရန္ျဖစ္တဲ့ အခ်ိန္လုိမ်ိဳးေပါ့။ သင္နဲ႕ သင့္ခ်စ္သူ ရန္ျဖစ္ ၊ စကားမ်ားတဲ့ အခ်ိန္ေတြမွာဆုိ ႏွစ္ေယာက္စလုံး တင္းမာေနတာမ်ိဳး မရွိဘဲ တစ္ေယာက္မဟုတ္ရင္ တစ္ေယာက္က အေလ်ာ႕ေပးတတ္လာၾကတယ္။ ဒီလုိ အေလ်ာ႕ေပးလာတာကလည္း တစ္ေယာက္နဲ႕တစ္ေယာက္ အေျခအေနေတြကို မတင္းမာေနေတာ့ပါဘူး။

(၃) ယုံၾကည္လာမယ္

ခ်စ္သူတုိင္း တဲြခါစ အခ်ိန္မွာေတာ့ ယုံၾကည္မႈနညး္တာမ်ိဳး ၊ နားမလည္ေပးႏုိင္တာမ်ိဳး ရွိေကာင္းရွိၾကမယ္။ တစ္ေယာက္နဲ႕ တစ္ေယာက္ လက္တဲြျမဲလာတဲ့ အခ်ိန္မွာေတာ့ တစ္ေယာက္နဲ႕ တစ္ေယာက္ ယုံၾကည္လာၾကမယ္။ ဘယ္သူေတြကပဲ ရန္တုိက္ေပးေနပါေစ ၊ စႏုိက္ေၾကာ္ေနပါေစ စိတ္၀မ္းမကဲြသြားဘဲ ပုိၿပီး ယုံၾကည္လာၾကတယ္။ အေၾကာင္းက သင့္တုိ႕ ႏွစ္ေယာက္ၾကားမွာ ယုံၾကည္မႈကို တည္ေဆာက္ထားတဲ့အတြက္ သင့္တုိ႕အခ်စ္ကို ဘယ္သူကမွ ဖ်က္ဆီးပစ္ႏုိင္မွာ မဟုတ္လုိ႕ပါ။

(၄) သည္းခံလာမယ္
သင့္ဘက္ကလည္း သင့္ခ်စ္သူအေပၚကို စိတ္ရွည္ ၊ သည္းခံ ၊ ခြင့္လႊတ္လာတယ္ဆုိရင္ သင့္ခ်စ္သူဘက္ကလည္း သင့္အတုိင္းပဲ ထပ္တူျဖစ္လာမွာပါ။ ခ်စ္သူက သင့္ကို စိတ္ဆုိးေအာင္ ၊ သင့္မႀကိဳက္တာေတြ လုပ္မိရင္ေတာင္ သည္းခံေပးလာတယ္။ သင့္တုိ႕ႏွစ္ေယာက္စလုံး တစ္ေယာက္အမွားကို တစ္ေယာက္ အျပစ္မျမင္ေတာ့ဘဲသည္းခံတတ္လာတယ္။ အေၾကာင္းကေတာ့ ကိစၥေသးေသးေလးေတြအတြက္ သင့္တို႕အခ်စ္ေရးကို မပ်က္ဆီးေစခ်င္ၾကလုိ႕ပါ။

(၅) ကုိယ့္ကိုယ္ကို ထက္ပုိခ်စ္လာမယ္
တကယ္လုိ႕ သင့္ နဲ႕ သင့္ခ်စ္သူတုိ႕ႏွစ္ေယာက္က ကိုယ့္ကိုယ္ကို ထက္ ပိုခ်စ္လာၾကတယ္ဆုိရင္ အခ်စ္စစ္လုိ႕ပါ။ အခ်စ္မွာ သစၥာရွိၾကရတယ္ ၊ တစ္ေယာက္နဲ႕ တစ္ေယာက္ သစၥာမေဖာက္ၾကဘဲ အနစ္နာခံတတ္လာတယ္။ တစ္ေယာက္ လုိအပ္ေနခ်ိန္မွာ တစ္ေယာက္က ျဖည့္ဆည္းေပးတတ္ၾကတယ္။ ကုိယ္အတြက္ဆုိတာ မရွိေလာက္ေအာင္ တစ္ေယာက္နဲ႕တစ္ေယာက္ အျပန္အလွန္ျဖည့္ဆည္း ၊ အနစ္နာခံတတ္လာတယ္။

Credit: မူရင္း
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

လူတစ်ယောက်အကြောင်းက အကြောင်းမရှိဘဲ ခေါင်းထဲရောက်ရောက်လာရင် ၊ ဆုံမိရင် ရင်ခုန်နေတာမျိုးဆိုရင် ဒါဟာအချစ်ပါ။ အချစ်စစ်ဆိုတာ ဖန်တီးယူလို့ရတဲ့အရာ မဟုတ်သလို အတင်းလုပ်ယူလို့ရတဲ့အရာမျိုးလည်း မဟုတ်ပါဘူး။ သင့်ကိုယ့်သင်ထက် ချစ်ရမယ့် သူမျိုးကို တွေ့နေပြီးဆိုရင် သင်ဟာ အချစ်ကို တွေ့နေပါပြီ။ သင်အချစ်ကို တွေ့ပြီဆိုရင်တော့ ဒီလိုမျိုးပြောင်းလဲလာမှာပါ။

(၁) ခံစားချက်တွေနားလည်လာမယ်

စုံတွဲတိုင်းမှာတေ့ာ နားလည်မှုရှိမှ ပျော်ရွှင်ရတဲ့ချစ်သူဘဝကို ပိုင်ဆိုင်ရမှာပါ။ တစ်ယောက်ဘက်က ချည်းနားလည်ပေးနေလို့ မရပါဘူး။ တစ်ယောက်က နားလည်ပေးတဲ့အချိန် တစ်ယောက်က အလိုက်သိနေပေးရမှာပါ။ တကယ်ကို အချစ်စစ်နဲ့တွေ့ရှိသွားတဲ့ စုံတွဲတွေကတော့ ချစ်သူက စိတ်တွေညစ် ၊ စိတ်ပင်ပန်းနေတဲ့ အချိန်တွေဆို ဘေးကနေ အားပေးပြီး နားလည်ပေးလာတတ်ကြတယ်။ ချစ်သူရဲ့အလုပ်ကိစ္စ ၊ ဝါသနာတွေကို နားလည်ပေးလာကြတယ်။ အစစအရာရာ တိုင်းကို ဖြည့်တွေးပေးလာပြီး နားလည်ပေးလာကြတယ်။ အကြောင်းကတော့ အချစ်စစ်နဲ့ ချစ်မိသွားကြလို့ပါ။

(၂) အလျော့ပေးတတ်လာမယ်
စုံတွဲတိုင်း လျှောက်ရတဲ့လမ်းပေါ်မှာ ဆူး၊ခလုတ် တွေရှိတတ်ကြတယ်။ စိတ်ဆိုးတဲ့အချိန်နဲ့ ရန်ဖြစ်တဲ့ အချိန်လိုမျိုးပေါ့။ သင်နဲ့ သင့်ချစ်သူ ရန်ဖြစ် ၊ စကားများတဲ့ အချိန်တွေမှာဆို နှစ်ယောက်စလုံး တင်းမာနေတာမျိုး မရှိဘဲ တစ်ယောက်မဟုတ်ရင် တစ်ယောက်က အလျော့ပေးတတ်လာကြတယ်။ ဒီလို အလျော့ပေးလာတာကလည်း တစ်ယောက်နဲ့တစ်ယောက် အခြေအနေတွေကို မတင်းမာနေတော့ပါဘူး။

(၃) ယုံကြည်လာမယ်

ချစ်သူတိုင်း တွဲခါစ အချိန်မှာတော့ ယုံကြည်မှုနည်းတာမျိုး ၊ နားမလည်ပေးနိုင်တာမျိုး ရှိကောင်းရှိကြမယ်။ တစ်ယောက်နဲ့ တစ်ယောက် လက်တွဲမြဲလာတဲ့ အချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်လာကြမယ်။ ဘယ်သူတွေကပဲ ရန်တိုက်ပေးနေပါစေ ၊ စနိုက်ကြော်နေပါစေ စိတ်ဝမ်းမကွဲသွားဘဲ ပိုပြီး ယုံကြည်လာကြတယ်။ အကြောင်းက သင့်တို့ နှစ်ယောက်ကြားမှာ ယုံကြည်မှုကို တည်ဆောက်ထားတဲ့အတွက် သင့်တို့အချစ်ကို ဘယ်သူကမှ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်လို့ပါ။

(၄) သည်းခံလာမယ်
သင့်ဘက်ကလည်း သင့်ချစ်သူအပေါ်ကို စိတ်ရှည် ၊ သည်းခံ ၊ ခွင့်လွှတ်လာတယ်ဆိုရင် သင့်ချစ်သူဘက်ကလည်း သင့်အတိုင်းပဲ ထပ်တူဖြစ်လာမှာပါ။ ချစ်သူက သင့်ကို စိတ်ဆိုးအောင် ၊ သင့်မကြိုက်တာတွေ လုပ်မိရင်တောင် သည်းခံပေးလာတယ်။ သင့်တို့နှစ်ယောက်စလုံး တစ်ယောက်အမှားကို တစ်ယောက် အပြစ်မမြင်တော့ဘဲသည်းခံတတ်လာတယ်။ အကြောင်းကတော့ ကိစ္စသေးသေးလေးတွေအတွက် သင့်တို့အချစ်ရေးကို မပျက်ဆီးစေချင်ကြလို့ပါ။

(၅) ကိုယ့်ကိုယ်ကို ထက်ပိုချစ်လာမယ်
တကယ်လို့ သင့် နဲ့ သင့်ချစ်သူတို့နှစ်ယောက်က ကိုယ့်ကိုယ်ကို ထက် ပိုချစ်လာကြတယ်ဆိုရင် အချစ်စစ်လို့ပါ။ အချစ်မှာ သစ္စာရှိကြရတယ် ၊ တစ်ယောက်နဲ့ တစ်ယောက် သစ္စာမဖောက်ကြဘဲ အနစ်နာခံတတ်လာတယ်။ တစ်ယောက် လိုအပ်နေချိန်မှာ တစ်ယောက်က ဖြည့်ဆည်းပေးတတ်ကြတယ်။ ကိုယ်အတွက်ဆိုတာ မရှိလောက်အောင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖြည့်ဆည်း ၊ အနစ်နာခံတတ်လာတယ်။

Credit: မူရင်း
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top