iMyanmarHouse.com - Best Property Website for Myanmar
×
Credit: MM
ချစ်ရေးချစ်ရာ
#Unicode Version# ဖြင့်ဖတ်ပါ ။
လူတစ်ယောက်ဟာ သူတို့ရဲ့ဘဝသက်တမ်းတစ်လျှောက်မှာ ၁၆.၅ ဂါလံလောက်ပမာဏရှိတဲ့မျက်ရည်တွေကိုငိုကြွေးကြပါတယ်။ ဒါပေမယ့်လူတွေဆိုတာကတော့သူတို့ရဲ့ခံစားချက်တွေကို တခြားသူသိသွားမှာ ရှက်တတ်ကြပါတယ်။ တကယ်လို့တစ်ယောက်ယောက်အတွက်ခံစားငိုကြွေးနေရမယ်ဆိုရင်တောင် အဲ့ဒီငိုကြွေးခြင်းက ကိုယ့်အတွက်အကျိုးရှိနေတယ်ဆိုတာ သိသွားရင် ငိုရကျိုးနပ်သွားနိုင်မယ်ထင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သုတေသနပြုသူတွေ တွေ့ရှိခဲ့တဲ့ ပြတ်သွားတဲ့ရီးစားဟောင်းအတွက် ခံစားငိုကြွေးခြင်းကဝိတ်ကျစေနိုင်တယ်ဆိုတဲ့အကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ဒါပေမယ့် တချို့တွေကတော့ ရီးစားဟောင်းအတွက်ငိုကြွေးခြင်းဟာတကယ်ပဲဝိတ်ကျစေနိုင်သလားဆိုတာသံသယရှိနေနိုင်ပါတယ်။
ပုံမှန်တော့အစားလျော့ခြင်း၊ လမ်းလျှောက်ခြင်းတွေလုပ်မှသာဝိတ်ကျနိုင်တာမို့ဒီလိုအခြေအနေရှိနေတာဟာ ရီစရာကောင်းနေနိုင်ပါတယ်။ ဒါပေမယ့်ဆက်ဖက်ကြည့်လိုက်ရအောင်ပါ။
ကျန်းမာရေးဆောင်းပါးတွေမှာရေးသားလေ့ရှိတာက စိတ်ဖိစီးမှုဖြစ်တဲ့အခါတုံ့ပြန်ထွက်ပေါ်လာတဲ့ဟော်မုန်းဟာဝဖြိုးခြင်းနဲ့ဆက်စပ်နေတယ်ဆိုတာတွေပါ။ မကြာခင်ကပဲ သိပ္ပံပညာရှင်တွေထပ်မံတွေ့ရှိခဲ့တာကတော့ ခံစားချက်ကြောင့်ကျတဲ့မျက်ရည်မှာ Cortisol Level ကိုမြင့်တက်စေတဲ့ဟော်မုန်းပါဝင်ပြီး သူတို့တွေမှာ ဖိအားများတဲ့အခါထွက်လာတတ်တဲ့ prolactin, leu-enkephalin, adrenocorticotropin ဟော်မုန်းတွေလဲပါဝင်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ခံစားချက်တွေကိုမဖွင့်ထုတ်ပဲ ရုပ်ပိုင်းဆိုင်ရာကနေငိုကြွေးမှုပြုလုပ်လိုက်တဲ့အခါ အဲ့ဒီဟော်မုန်းတွေကိုထုတ်ပေးလိုက်ပြီး Cortisol Level ကိုကျဆင်းသွားစေပါတယ်။ ရလဒ်ကတော့ ကျွန်တော်တို့ခန္ဓာကိုယ်ဟာ စိတ်ဖိစီးမှုအခြေအနေပြီးဆုံးသွားပြီဖြစ်လို့ အဆီကိုဆက်ထိန်းထားစရာမလိုတော့ဘူးဆိုတဲ့အချက်ပြချက်ကို ရရှိသွားပါတယ်။
ဒါပေမယ့် ငိုချင်လို့ကြက်သွန်လှီးပြီး မျက်ရည်ကျတာမျိုးကတော့ ဝိတ်မကျစေနိုင်ဘူးဆိုတာသတိပေးချင်ပါတယ်။ တကယ်စိတ်ခံစားချက်ကြောင့်ဖြစ်တဲ့ငိုကြွေးခြင်းတွေကသာ လိုအပ်တဲ့ဟော်မုန်းတွေပါဝင်တာဖြစ်ပြီး သိပ္ပံပညာရှင်တွေပြောကြားချက်အရ ခံစားချက်အရငိုလို့အကောင်းဆုံးအချိန်တွေဟာ ည ၇ နာရီကနေ ၁၀ နာရီအတွင်းဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်တွေဟာ လက်တွေ့မှာချစ်သူနဲ့အတူတူ ရုပ်ရှင်ကြည့်တာ၊ စကားစမြည်ပြောကြာတာတွေ လုပ်တတ်ကြတဲ့အချိန်လဲဖြစ်ပါတယ်။
ဒါကြောင့် Relationship တစ်ခုအဆုံးသတ်သွားလို့ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းနေရတယ်ဆိုရင် အဲ့ဒါတွေအားလုံးကိုမျက်ရည်ဖြစ်အောင်ကြိုးစားကြည့်လိုက်ပါ။
Credit: MM
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top