iMyanmarHouse.com - Best Property Website for Myanmar
×


သတို႔သမီးေလာင္းေလးတုိ႔ မဂၤလာပြဲေန႔အတြက္ စိုးရိမ္ပူပန္ၾကတဲ့အခ်က္ေတြထဲမွာ တစ္လတစ္ခါႀကံဳရတဲ့ ရာသီလာတာလည္း ပါဝင္မွာပါ။ သတို႔သမီးေလာင္းေလးတို႔အေနနဲ႔လည္း မဂၤလာပြဲရက္ကို ဘက္ေပါင္းစံုကေန စီစဥ္ရေတာ့ ရာသီလာရက္ကို ခ်က္ခ်င္းမေတြးမိေလာက္ပါဘူး။ မဂၤလာေဆာင္ဖုိ႔ ရက္နည္းနည္းပဲ လိုမွ ရာသီလာရက္ ျဖစ္ေနၿပီး စိတ္ေတြ ညစ္ေနရၿပီဆိုရင္ေတာ့ အဲဒီရက္မွာ ရာသီမလာေအာင္ ရက္ေရြ႔လို႔ ရပါတယ္ေနာ္။

ေန႔စဥ္တားေဆးကတ္ ေသာက္တာ

သတို႔သမီးေလာင္းေလးတို႔ေရ မဂၤလာေဆာင္ရက္က ရာသီလာရက္နဲ႔ တိုက္ေနတယ္ဆိုရင္ေတာ့ ေန႔စဥ္ေသာက္ေဆးကတ္ ေသာက္ၿပီး ေရြ႔တာမ်ိဳး လုပ္လုိ႔ ရပါတယ္ေနာ္။ ေန႔စဥ္တားေဆးကတ္မွာ စုစုေပါင္း(၂၈) လံုး ပါဝင္ၿပီး အျဖဴေရာင္ (၂၁) လံုးနဲ႔ အညိဳေရာင္(၇) လံုး ပါဝင္ပါတယ္။

အဲဒီ အျဖဴေရာင္ေဆးလံုးေလးေတြကေတာ့ ေဟာ္မုန္းပါဝင္ၿပီး အညိဳေရာင္ေလးေတြကေတာ့ ေဟာ္မုန္းမပါဝင္ပါဘူး။ ရာသီလာတဲ့ရက္ကို ေရႊ႕ခ်င္တယ္ဆုိရင္ေတာ့ အဲဒီအျဖဴေရာင္ ေဆးလံုးကတ္ေလးကို တေန႔တလံုး ရာသီရက္ေရြ႔ခ်င္တဲ့အထိ ေသာက္သြားေပးပါ။ မဂၤလာပြဲရက္ ၿပီးၿပီဆိုရင္ေတာ့ ေဆးကတ္ေသာက္တာကို ရပ္လိုက္လို႔ ရပါၿပီေနာ္။

သတိျပဳရမယ့္အခ်က္

သတို႔သမီးေလာင္းေလးတို႔ေရ ေဆးက ေဟာ္မုန္းပါတဲ့ ေဆးမို႔ ရာသီလာတာ အေျပာင္းအလဲေတြ ျဖစ္ႏိုင္တဲ့အျပင္ ေဟာ္မုန္းရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြ ခံစားရႏိုင္ပါတယ္ေနာ္။

ဆရာဝန္နဲ႔ တိုင္ပင္ပါ

သတုိ႔သမီးေလးေလာင္းေလးတို႔ ေသာက္မယ္ဆိုရင္ ဆရာဝန္နဲ႔ မျဖစ္မေန တိုင္ပင္ဖုိ႔ လိုပါတယ္။ ဆရာဝန္ ညႊန္ၾကားတဲ့ရက္၊ ေဆးကို တိတိက််က် လုိက္နာၿပီး ေသာက္ဖုိ႔ လိုပါတယ္ေနာ္။ ရာသီလာရက္ကို မေရြ႔ခ်င္ဘူး ရာသီအလာနည္းခ်င္တာမ်ိဳးဆုိရင္လည္း ဆရာဝန္နဲ႔ ေသခ်ာ တိုင္ပင္ၿပီး ေဆြးေႏြးပါ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲနေ့အတွက် စိုးရိမ်ပူပန်ကြတဲ့အချက်တွေထဲမှာ တစ်လတစ်ခါကြုံရတဲ့ ရာသီလာတာလည်း ပါဝင်မှာပါ။ သတို့သမီးလောင်းလေးတို့အနေနဲ့လည်း မင်္ဂလာပွဲရက်ကို ဘက်ပေါင်းစုံကနေ စီစဉ်ရတော့ ရာသီလာရက်ကို ချက်ချင်းမတွေးမိလောက်ပါဘူး။ မင်္ဂလာဆောင်ဖို့ ရက်နည်းနည်းပဲ လိုမှ ရာသီလာရက် ဖြစ်နေပြီး စိတ်တွေ ညစ်နေရပြီဆိုရင်တော့ အဲဒီရက်မှာ ရာသီမလာအောင် ရက်ရွေ့လို့ ရပါတယ်နော်။

နေ့စဉ်တားဆေးကတ် သောက်တာ

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာဆောင်ရက်က ရာသီလာရက်နဲ့ တိုက်နေတယ်ဆိုရင်တော့ နေ့စဉ်သောက်ဆေးကတ် သောက်ပြီး ရွေ့တာမျိုး လုပ်လို့ ရပါတယ်နော်။ နေ့စဉ်တားဆေးကတ်မှာ စုစုပေါင်း(၂၈) လုံး ပါဝင်ပြီး အဖြူရောင် (၂၁) လုံးနဲ့ အညိုရောင်(၇) လုံး ပါဝင်ပါတယ်။

အဲဒီ အဖြူရောင်ဆေးလုံးလေးတွေကတော့ ဟော်မုန်းပါဝင်ပြီး အညိုရောင်လေးတွေကတော့ ဟော်မုန်းမပါဝင်ပါဘူး။ ရာသီလာတဲ့ရက်ကို ရွှေ့ချင်တယ်ဆိုရင်တော့ အဲဒီအဖြူရောင် ဆေးလုံးကတ်လေးကို တနေ့တလုံး ရာသီရက်ရွေ့ချင်တဲ့အထိ သောက်သွားပေးပါ။ မင်္ဂလာပွဲရက် ပြီးပြီဆိုရင်တော့ ဆေးကတ်သောက်တာကို ရပ်လိုက်လို့ ရပါပြီနော်။

သတိပြုရမယ့်အချက်

သတို့သမီးလောင်းလေးတို့ရေ ဆေးက ဟော်မုန်းပါတဲ့ ဆေးမို့ ရာသီလာတာ အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့အပြင် ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်နော်။

ဆရာဝန်နဲ့ တိုင်ပင်ပါ

သတို့သမီးလေးလောင်းလေးတို့ သောက်မယ်ဆိုရင် ဆရာဝန်နဲ့ မဖြစ်မနေ တိုင်ပင်ဖို့ လိုပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ရက်၊ ဆေးကို တိတိကျျကျ လိုက်နာပြီး သောက်ဖို့ လိုပါတယ်နော်။ ရာသီလာရက်ကို မရွေ့ချင်ဘူး ရာသီအလာနည်းချင်တာမျိုးဆိုရင်လည်း ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီး ဆွေးနွေးပါ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top