iMyanmarHouse.com - Best Property Website for Myanmar
×

ဖ်ားတဲ့အခါ အစားအေသာက္ေတြစားရတာ ခါးသလို ျဖစ္ေနျပီး စားခ်င္ေသာက္ခ်င္စိတ္ ေပ်ာက္ေနတတ္ပါတယ္။ေလ့လာခ်က္တစ္ခုအရ ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္ ခါးလာတာဟာ အရသာကို ခံစားတဲ့အာရုံက ပိုအကဲဆတ္လာျပီး အခါးအရသာကို ပိုျပီးလည္းခံစားလြယ္လာလို႔ ျဖစ္ပါတယ္။

အဆိုပါေလ့လာခ်က္ကို Brain, Behavior, and Immunity ဂ်ာနယ္မွာ ေဖာ္ျပခဲ့တာျဖစ္ျပီး TNF-α လို႔ေခၚတဲ့ ပရိုတိန္းဟာ ဖ်ားနာေနတဲ့အခ်ိန္မွာ အရည္အတြက္ ျမင့္မားလာတာ ျဖစ္ပါတယ္။ အဆုိပါ ပရိုတိန္းဟာ ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ရာမွာ ကူညီေပးျပီး ေရာဂါျဖစ္ပြားေစတဲ့ ပိုးမႊားေတြကို တိုက္ခိုက္ေပးတာ ျဖစ္ပါတယ္။ TNF-α ပရိုတိန္းျမင့္မားလာတာေၾကာင့္ လွ်ာေပၚက အရသာခံအဖုေလးေတြဟာ ခါးသက္တဲ့အရသာကို ပိုျပီးခံစားလာႏုိင္တာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ဖ်ားတဲ့အခ်ိန္မွာ အစားအေသာက္ေတြစားရတာဟာ ခါးသလို ျဖစ္ေနတာပါ။

(သင္စိတ္ဝင္စားႏုိင္တဲ့သတင္း -ဗိိုက္ေအာင္႔ေစတဲ႔ အေၾကာင္းရင္း (၅) မ်ိဳး )

ဒီျပသနာကို ေအာက္ပါအခ်က္ သံုးခ်က္နဲ႔ ေျဖရွင္းႏုိင္ပါတယ္။

နည္းနည္းျခင္းစား

အစားအေသာက္ေတြကိုစားတဲ့အခါ တစ္ထုိင္တည္း အေျမာက္အမ်ားစားတာမ်ိဳးမလုပ္ဘဲ ပမာဏာနည္းနည္းျခင္းနဲ႔ ခဏခဏ စားတာမ်ိဳးလုပ္ပါ။ ၂ နာရီေလာက္ျခားျပီး ဆန္ျပဳတ္တို႔၊ အသီးအရြက္တုိ႔ကို စားေပးသင့္တာ ျဖစ္ပါတယ္။

အနံ႔

စားမယ့္အစားအစာမွာ အနံ႔ေလးေတြ ထည့္ျပီးစားေပးတာက စားခ်င္စိတ္ကို ျဖစ္ေစမွာပါ။ ငရုပ္ေကာင္းၾကိဳက္ရင္ ငရုပ္ေကာင္းထည့္တာမ်ိဳး၊ နံနံပင္အနံ႔ကို ၾကိဳက္ရင္ နံနံပင္မ်ားမ်ား ထည့္ျပီး စားတာမ်ိဳးပါ။

လိေမၼာ္သီး

လိေမၼာ္ေဖ်ာ္ရည္မ်ိဳးလည္း ေသာက္ႏုိင္ပါတယ္။ ဒါမွမဟုတ္ လိေမၼာ္သီးစားေပးလို႔လည္း ရပါတယ္။ ခ်ဥ္ခ်ိဳအရသာဟာ ခံတြင္းမွာ တံေတြးေတြ ပိုမိုထြက္လာေစျပီး လွ်ာေပၚက ခါးသက္တဲ့အရာသာကို ဖယ္ရွားေပးႏုိင္ပါတယ္။

Credit: MM

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဖျားတဲ့အခါ အစားအသောက်တွေစားရတာ ခါးသလို ဖြစ်နေပြီး စားချင်သောက်ချင်စိတ် ပျောက်နေတတ်ပါတယ်။လေ့လာချက်တစ်ခုအရ နေမကောင်းဖြစ်နေတဲ့အချိန် ခါးလာတာဟာ အရသာကို ခံစားတဲ့အာရုံက ပိုအကဲဆတ်လာပြီး အခါးအရသာကို ပိုပြီးလည်းခံစားလွယ်လာလို့ ဖြစ်ပါတယ်။

အဆိုပါလေ့လာချက်ကို Brain, Behavior, and Immunity ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး TNF-α လို့ခေါ်တဲ့ ပရိုတိန်းဟာ ဖျားနာနေတဲ့အချိန်မှာ အရည်အတွက် မြင့်မားလာတာ ဖြစ်ပါတယ်။ အဆိုပါ ပရိုတိန်းဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ရာမှာ ကူညီပေးပြီး ရောဂါဖြစ်ပွားစေတဲ့ ပိုးမွှားတွေကို တိုက်ခိုက်ပေးတာ ဖြစ်ပါတယ်။ TNF-α ပရိုတိန်းမြင့်မားလာတာကြောင့် လျှာပေါ်က အရသာခံအဖုလေးတွေဟာ ခါးသက်တဲ့အရသာကို ပိုပြီးခံစားလာနိုင်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဖျားတဲ့အချိန်မှာ အစားအသောက်တွေစားရတာဟာ ခါးသလို ဖြစ်နေတာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -ဗိုက်အောင့်စေတဲ့ အကြောင်းရင်း (၅) မျိုး )

ဒီပြသနာကို အောက်ပါအချက် သုံးချက်နဲ့ ဖြေရှင်းနိုင်ပါတယ်။

နည်းနည်းခြင်းစား

အစားအသောက်တွေကိုစားတဲ့အခါ တစ်ထိုင်တည်း အမြောက်အများစားတာမျိုးမလုပ်ဘဲ ပမာဏာနည်းနည်းခြင်းနဲ့ ခဏခဏ စားတာမျိုးလုပ်ပါ။ ၂ နာရီလောက်ခြားပြီး ဆန်ပြုတ်တို့၊ အသီးအရွက်တို့ကို စားပေးသင့်တာ ဖြစ်ပါတယ်။

အနံ့

စားမယ့်အစားအစာမှာ အနံ့လေးတွေ ထည့်ပြီးစားပေးတာက စားချင်စိတ်ကို ဖြစ်စေမှာပါ။ ငရုပ်ကောင်းကြိုက်ရင် ငရုပ်ကောင်းထည့်တာမျိုး၊ နံနံပင်အနံ့ကို ကြိုက်ရင် နံနံပင်များများ ထည့်ပြီး စားတာမျိုးပါ။

လိမ္မော်သီး

လိမ္မော်ဖျော်ရည်မျိုးလည်း သောက်နိုင်ပါတယ်။ ဒါမှမဟုတ် လိမ္မော်သီးစားပေးလို့လည်း ရပါတယ်။ ချဉ်ချိုအရသာဟာ ခံတွင်းမှာ တံတွေးတွေ ပိုမိုထွက်လာစေပြီး လျှာပေါ်က ခါးသက်တဲ့အရာသာကို ဖယ်ရှားပေးနိုင်ပါတယ်။

Credit: MM

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top