iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္ဥဆိုတာ ေရွးယခင္ေခတ္ကတည္းက အေရျပားျပႆနာေတြကို ေျဖရွင္းဖို႔အတြက္ အေကာင္းဆံုးေဆးၿမီးတိုတစ္ခုပါပဲ။ ၾကက္ဥတစ္လံုးမွာ collagen နဲ႔ ဗိုက္တာမင္ေအ ၾကြယ္ဝၿပီး (၂) မ်ိဳးစလံုးက အမာရြတ္ေတြ၊ ဝက္ျခံေတြ၊ အေရးအေၾကာင္းေတြ ေပ်ာက္ကင္းဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။ ၾကက္ဥေတြဟာ အေရျပားေလးတင္းရင္းလာေစဖို႕၊ ေခြ်းေပါက္ေတြက်ဥ္းေစဖို႔နဲ႔ အဆီျပန္ျခင္းေၾကာင္႔ျဖစ္တဲ႔ အဆီဖုေတြကို ေလ်ာ႔နည္းေစဖို႔ အေကာင္းဆံုးေဆးၿမီးတုိတစ္မ်ိဳးျဖစ္ပါတယ္။

ေအာက္မွာေဖာ္ျပထားတာကေတာ႔ ၾကက္ဥကိုသံုးၿပီး မ်က္ႏွာအေရျပားျပႆနာေျဖရွင္းနည္းေလးေတြ ျဖစ္ပါတယ္။

၁။ အေရျပားေျခာက္ေသြ႕မႈေတြအတြက္

အေရျပားေျခာက္ေသြ႕တတ္သူေတြအတြက္ေတာ႔ အုတ္ဂ်ံဳမႈန္႕နည္းနည္းရယ္၊ ၾကက္ဥရယ္ ေရာသမေမႊထားတဲ႔ face mask ေလးက အေကာင္းဆံုးပါပဲ။ အရင္ဆံုး ၾကက္ဥတစ္လံုးကိုယူၿပီး ခြဲလိုက္ပါ။ ၿပီးတာနဲ႔ ၾကက္ဥအႏွစ္ကုိဖယ္ထုတ္ၿပီး ၾကက္ဥအကာခ်ည္းပဲ ယူလိုက္ပါ။ ၾကက္ဥအကာထည္႔ထားတဲ႔ပန္းကန္ထဲကုိ အုတ္ဂ်ံဳမႈန္႕နည္းနည္းထည္႔လိုက္ပါ။ ပါဝင္ပစၥည္းေတြကို သမေအာင္ေရာေမႊၿပီး မ်က္ႏွာနဲ႔ လည္ပင္းေပၚမွာလိမ္းလိုက္ပါ။ ၿပီးရင္ mask ကိုအေျခာက္ခံၿပီး ေရေအးနဲ႔ျပန္ေဆးခ်ေပးလိုက္ပါ။ ဒါဆိုရင္ေတာ႔ ႏူးညံ႕စိုေျပတဲ႔မ်က္ႏွာေလးကို ပိုင္ဆိုင္ႏိုင္ပါၿပီ။

၂။ အဆီျပန္တဲ႔အသားအေရေတြအတြက္

ၾကက္ဥအကာေတြဟာ အဆီျပန္တဲ႔အသားအေရပိုင္ရွင္ေတြအတြက္ေတာ႔ ကယ္တင္ရွင္ပါပဲ။ ဘာလို႔လဲဆိုေတာ႔ ၾကက္ဥအကာဟာ မ်က္ႏွာေပၚက အဆီေတြကိုစစ္ထုတ္သြားႏိုင္ၿပီး ေခြ်းေပါက္ေတြကိုလည္း က်ဥ္းေစလို႔ပါပဲ။

ျပဳလုပ္နည္္းကေတာ႔ အရင္ဆံုးၾကက္ဥတစ္လံုးခြဲၿပီး အကာနဲ႔ အႏွစ္ခြဲထုတ္လိုက္ပါ။ ၿပီးရင္ ၾကက္ဥအကာခ်ည္းပဲကို ဝါဂြမ္းစေလးနဲ႔ တို႔ၿပီး မ်က္ႏွာျပင္တစ္ခုလံုး ႏွံ႕ေအာင္လိမ္းေပးလိုက္ပါ။ ၿပီးရင္ (၁၅) မိနစ္ေလာက္ ဒီအတိုင္းထားလိုက္ပါ။ ေျခာက္ေသြ႕သြားၿပီ ဆိုတာနဲ႔ ၾကက္ဥအကာကို ေရေႏြးစြတ္ထားတဲ႔ မ်က္ႏွာသုတ္ပုဝါေသးေသးေလးနဲ႔သုတ္ၿပီး ဖယ္ရွားေပးလိုက္ပါ။ အာနိသင္ ပုိမိုေကာင္းမြန္ေစဖို႔ ၾကက္ဥအကာထဲကို သံပုရာသီးတစ္ျခမ္းေလာက္ ညွစ္ထည္႔ရင္လည္း ရတယ္ေနာ္။

၃။ အေမႊးအမွ်င္ေတြဖယ္ရွားရန္အတြက္

ထံုးစံအတိုင္း ၾကက္ဥအကာအနည္းငယ္ကို ယူထားလိုက္ပါ။ ၿပီးရင္ ေျပာင္းဖူးမႈန္႕ လက္ဖက္ရည္ဇြန္း (၁)ဇြန္းစာခန္႕နဲ႔ ေရာလိုက္ပါ။ ရလာတဲ႔အႏွစ္ကို ဘရပ္ရွ္ေလးနဲ႔တို႔ၿပီး မလိုခ်င္တဲ႔ အေမႊးအမွ်င္ေတြရွိေနတဲ႔ ေနရာေတြကို သုတ္လိမ္းေပးလိုက္ပါ။ (တခ်ိဳ႕မိန္းကေလး ေတြမွာ ႏႈတ္ခမ္းေမႊးေရးေရးေလးေပါက္တတ္ၿပီး သူတို႔က အဲဒီႏႈတ္ခမ္းေမႊးေရးေရးေလးေတြကို မုန္းတီးတတ္ၾကပါတယ္။) ၿပီးရင္ အဲဒီလိုအႏွစ္ လိမ္းထားတဲ႔အေပၚမွာ တစ္ရွဴးေလးတစ္ရြက္နဲ႔အုပ္လိုက္ၿပီး အဲဒီတစ္ရွဴးအေပၚကမွ အႏွစ္နည္းနည္းထပ္တင္လိုက္ပါ။ ေျခာက္သြားၿပီဆိုေတာ႔မွ ညင္သာစြာခြာၿပီး ေရေအးေလးနဲ႔ျပန္ေဆးခ်ေပးလိုက္ပါ။

Credit: MM
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကြက်ဥဆိုတာ ရှေးယခင်ခေတ်ကတည်းက အရေပြားပြဿနာတွေကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးဆေးမြီးတိုတစ်ခုပါပဲ။ ကြက်ဥတစ်လုံးမှာ collagen နဲ့ ဗိုက်တာမင်အေ ကြွယ်ဝပြီး (၂) မျိုးစလုံးက အမာရွတ်တွေ၊ ဝက်ခြံတွေ၊ အရေးအကြောင်းတွေ ပျောက်ကင်းဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ကြက်ဥတွေဟာ အရေပြားလေးတင်းရင်းလာစေဖို့၊ ချွေးပေါက်တွေကျဉ်းစေဖို့နဲ့ အဆီပြန်ခြင်းကြောင့်ဖြစ်တဲ့ အဆီဖုတွေကို လျော့နည်းစေဖို့ အကောင်းဆုံးဆေးမြီးတိုတစ်မျိုးဖြစ်ပါတယ်။

အောက်မှာဖော်ပြထားတာကတော့ ကြက်ဥကိုသုံးပြီး မျက်နှာအရေပြားပြဿနာဖြေရှင်းနည်းလေးတွေ ဖြစ်ပါတယ်။

၁။ အရေပြားခြောက်သွေ့မှုတွေအတွက်

အရေပြားခြောက်သွေ့တတ်သူတွေအတွက်တော့ အုတ်ဂျုံမှုန့်နည်းနည်းရယ်၊ ကြက်ဥရယ် ရောသမမွှေထားတဲ့ face mask လေးက အကောင်းဆုံးပါပဲ။ အရင်ဆုံး ကြက်ဥတစ်လုံးကိုယူပြီး ခွဲလိုက်ပါ။ ပြီးတာနဲ့ ကြက်ဥအနှစ်ကိုဖယ်ထုတ်ပြီး ကြက်ဥအကာချည်းပဲ ယူလိုက်ပါ။ ကြက်ဥအကာထည့်ထားတဲ့ပန်းကန်ထဲကို အုတ်ဂျုံမှုန့်နည်းနည်းထည့်လိုက်ပါ။ ပါဝင်ပစ္စည်းတွေကို သမအောင်ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းပေါ်မှာလိမ်းလိုက်ပါ။ ပြီးရင် mask ကိုအခြောက်ခံပြီး ရေအေးနဲ့ပြန်ဆေးချပေးလိုက်ပါ။ ဒါဆိုရင်တော့ နူးညံ့စိုပြေတဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

၂။ အဆီပြန်တဲ့အသားအရေတွေအတွက်

ကြက်ဥအကာတွေဟာ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက်တော့ ကယ်တင်ရှင်ပါပဲ။ ဘာလို့လဲဆိုတော့ ကြက်ဥအကာဟာ မျက်နှာပေါ်က အဆီတွေကိုစစ်ထုတ်သွားနိုင်ပြီး ချွေးပေါက်တွေကိုလည်း ကျဉ်းစေလို့ပါပဲ။

ပြုလုပ်နည်းကတော့ အရင်ဆုံးကြက်ဥတစ်လုံးခွဲပြီး အကာနဲ့ အနှစ်ခွဲထုတ်လိုက်ပါ။ ပြီးရင် ကြက်ဥအကာချည်းပဲကို ဝါဂွမ်းစလေးနဲ့ တို့ပြီး မျက်နှာပြင်တစ်ခုလုံး နှံ့အောင်လိမ်းပေးလိုက်ပါ။ ပြီးရင် (၁၅) မိနစ်လောက် ဒီအတိုင်းထားလိုက်ပါ။ ခြောက်သွေ့သွားပြီ ဆိုတာနဲ့ ကြက်ဥအကာကို ရေနွေးစွတ်ထားတဲ့ မျက်နှာသုတ်ပုဝါသေးသေးလေးနဲ့သုတ်ပြီး ဖယ်ရှားပေးလိုက်ပါ။ အာနိသင် ပိုမိုကောင်းမွန်စေဖို့ ကြက်ဥအကာထဲကို သံပုရာသီးတစ်ခြမ်းလောက် ညှစ်ထည့်ရင်လည်း ရတယ်နော်။

၃။ အမွှေးအမျှင်တွေဖယ်ရှားရန်အတွက်

ထုံးစံအတိုင်း ကြက်ဥအကာအနည်းငယ်ကို ယူထားလိုက်ပါ။ ပြီးရင် ပြောင်းဖူးမှုန့် လက်ဖက်ရည်ဇွန်း (၁)ဇွန်းစာခန့်နဲ့ ရောလိုက်ပါ။ ရလာတဲ့အနှစ်ကို ဘရပ်ရှ်လေးနဲ့တို့ပြီး မလိုချင်တဲ့ အမွှေးအမျှင်တွေရှိနေတဲ့ နေရာတွေကို သုတ်လိမ်းပေးလိုက်ပါ။ (တချို့မိန်းကလေး တွေမှာ နှုတ်ခမ်းမွှေးရေးရေးလေးပေါက်တတ်ပြီး သူတို့က အဲဒီနှုတ်ခမ်းမွှေးရေးရေးလေးတွေကို မုန်းတီးတတ်ကြပါတယ်။) ပြီးရင် အဲဒီလိုအနှစ် လိမ်းထားတဲ့အပေါ်မှာ တစ်ရှူးလေးတစ်ရွက်နဲ့အုပ်လိုက်ပြီး အဲဒီတစ်ရှူးအပေါ်ကမှ အနှစ်နည်းနည်းထပ်တင်လိုက်ပါ။ ခြောက်သွားပြီဆိုတော့မှ ညင်သာစွာခွာပြီး ရေအေးလေးနဲ့ပြန်ဆေးချပေးလိုက်ပါ။

Credit: MM
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top