iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေပ်ာ္ရႊင္စြာေနထိုင္ဖို႔အတြက္ အ႐ိုးအဆစ္မ်ား ႀကံ႕ခိုင္သန္မာေနဖို႔လိုပါတယ္။ ဒါေပမဲ့ အသက္အရြယ္ႀကီးရင့္လာျခင္း၊ က်န္းမာေရးနဲ႔ မညီညႊတ္ေသာ အစားအေသာက္မ်ား စားသံုးျခင္း စတဲ့ အခ်က္ေတြေၾကာင့္ အ႐ိုးမ်ားအားနည္းလာၿပီး အ႐ိုးပြေရာဂါမ်ား ခံစားရပါေတာ့တယ္။ ေလ့လာခ်က္မ်ားအရ တစ္ႏွစ္ကို လူေပါင္း ၈.၉ သန္းခန္႔က အ႐ိုးပြေရာဂါကို ခံစားေနၾကရတာပါ။

အမ်ိဳးသမီးေတြဆိုရင္ အသက္ (၃၀) ေက်ာ္လာတဲ့အခါ အ႐ိုးသိပ္သည္းဆအားနည္းလာၿပီး ေခ်ာ္လဲျခင္းနဲ႔ ထိခိုက္ဒဏ္ရာအနာတရျဖစ္လာတာနဲ႔ အ႐ိုးရဲ႕ အားျပန္ေကာင္းႏိုင္ေခ် ၾကန္႔ၾကာသြားပါေတာ့တယ္။ အသက္ရလာတဲ့အခါ အ႐ိုးပြေရာဂါမခံစားရေအာင္ အ႐ိုးအဆစ္ေတြ သန္မာေနေအာင္ ဘယ္လိုအစားအစာေတြ စားသံုးသင့္သလဲ။

ဒိန္ခ်ဥ္

ကယ္လစီယမ္၊ ပိုတက္စီယမ္၊ ဗီတာမင္ ဒီ၊ ဗီတာမင္ ေအနဲ႔ ပ႐ိုဘိုင္အိုးတစ္တို႔ ၾကြယ္ဝစြာပါဝင္တဲ့ ဒိန္ခ်ဥ္က အ႐ိုးတည္ေဆာက္မႈ အားေကာင္းေအာင္ ကူညီပံ့ပိုးေပးနိုင္ပါတယ္။ တစ္ေန႔ကို ဒိန္ခ်ဥ္ ၃ ခြက္ခန္႔ စားသံုးေပးမယ္ဆိုရင္ အ႐ိုးက်န္းမာေရးအတြက္ အထူးေကာင္းမြန္မွာပဲျဖစ္ပါတယ္။

ႏြားႏို႔

ကယ္လစီယမ္၊ ေဖာ့စဖရပ္စ္၊ ပိုတက္စီယမ္၊ ဗီတာမင္ ေအႏွင့္ ဗီတာမင္ ဒီတို႔ ၾကြယ္ဝတဲ့ အစားအစာေနာက္တစ္မ်ိဳးကေတာ့ ႏြားႏို႔ပဲျဖစ္ပါတယ္။ တစ္ေန႔ကို ႏြားႏို႔ႏွစ္ခြက္ ပံုမွန္ေသာက္သံုးေပးျခင္းက အ႐ိုးအဆစ္မ်ားက်န္းမာႀကံ႕ခိုင္ေနေစမွာျဖစ္သလို အသားအေရလည္း လွပေစမွာပဲျဖစ္ပါတယ္။

အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္မ်ား

ဟင္းႏုႏြယ္ရြက္၊ ကိုက္လံရြက္၊ ဆလပ္ရြက္ စတဲ့ အစိမ္းရင့္ေရာင္႐ွိေသာ ဟင္းသီးဟင္းရြက္ေတြက ကယ္လစီယမ္ဓာတ္၊ ဗီတာမင္ စီႏွင့္ ဗီတာမင္ ေက၊ Antioxidants တို႔ ပါဝင္တဲ့အတြက္ေၾကာင့္ တစ္ေန႔ကို အမ်ိဳးအစားကြဲ ဟင္းသီးဟင္းရြက္ ၃ မ်ိဳး စားသံုးေပးမယ္ဆိုရင္ အ႐ိုးအဆစ္ေတြလည္း က်န္းမာေစမယ့္အျပင္ ကိုယ္ခံစြမ္းအားလည္း ျမင့္မားလာမွာပဲျဖစ္ပါတယ္။

ဒိန္ခဲ

ဒိန္ခဲမ်ားက ႏြားႏို႔က ျပဳလုပ္ထားတာျဖစ္တဲ့အတြက္ေၾကာင့္ ကယ္လစီယမ္ဓာတ္ မၾကြယ္ဝမွာကိုေတာ့ ပူစရာမလိုပါဘူး။ ကယ္လစီဓာတ္တစ္ခုတည္းတင္ မကပါဘူး။ ဗီတာမင္ ေအ၊ ဗီတာမင္ B12၊ ဇင့္နဲ႔ ေဖာ့စဖရပ္စ္ဓာတ္တို႔လည္း အမ်ားအျပားပါဝင္ပါတယ္။ ဒိန္ခဲကို အစားအေသာက္ ခ်က္ျပဳတ္ျပင္ဆင္တဲ့အခါ အသံုးျပဳေပးမယ္ဆိုရင္ အစားအေသာက္ရဲ႕ အရသာလည္း ပိုမိုေကာင္းမြန္မယ့္အျပင္ အ႐ိုးအဆစ္မ်ားလည္း က်န္းမာသန္စြမ္းမွာပဲျဖစ္ပါတယ္။

ငါး

ငါးေသတၱာ၊ တူနာငါး၊ ေဆာ္လမြန္ငါးမ်ားမွ အ႐ိုးသိပ္သည္းဆကို ျမွင့္တင္ေပးနိုင္မယ့္ ဗီတာမင္ ဒီဓာတ္ ၾကြယ္ဝစြာပါဝင္ပါတယ္။ တစ္ေန႔ကို ငါး ၃ ေအာင္စခန္႔ စားေပးျခင္းက အ႐ိုးက်န္းမာေရးအတြက္ မ႐ွိမျဖစ္လိုအပ္တဲ့ ကယ္လစီယမ္ဓာတ္ကို ေထာက္ပံ့ေပးနိုင္မွာပဲျဖစ္ပါတယ္။

ဥအမ်ိဳးမ်ိဳး

ၾကက္ဥအႏွစ္ထဲမွာ ဗီတာမင္ ဒီ၊ ဗီတာမင္ ေအ၊ ဗီတာမင္ အီးႏွင့္ ဗီတာမင္ ေကတို႔ ပါဝင္ပါတယ္။ ဒါေပမဲ့ ၾကက္ဥကို အႏွစ္ခ်ည္းပဲစားသံုးမယ္၊ ၾကက္ဥအကာခ်ည္းပဲ စားသံုးမယ့္အစား ၾကက္ဥတစ္လံုးလံုးကို စားသံုးေပးသင့္ပါတယ္။ တစ္ေန႔ကို ၾကက္ဥ ၂ လံုးခန္႔ စားသံုးေပးျခင္းက အ႐ိုးအဆစ္မ်ား ႀကံ႕ခိုင္ေနေအာင္ ကူညီေပးမွာပဲျဖစ္ပါတယ္။

ေ႐ွာင္ၾကဥ္သင့္တဲ့အစားအစာမ်ား

အ႐ိုးက်န္းမာေနဖို႔အတြက္ အငန္ဓတ္ကဲေသာ အစားအစာေတြျဖစ္တဲ့ အာလူးေခ်ာင္းေၾကာ္၊ ၾကက္အူေခ်ာင္း၊ ၾကက္သားေၾကာ္မ်ား၊ ကာဖိန္းဓာတ္ပါဝင္ေသာ ေဖ်ာ္ရည္မ်ား၊ အရက္ ဘီယာမ်ား စတဲ့ က်န္းမာေရးနဲ႔မညီညႊတ္တဲ့အစားအစာမ်ားကို တတ္ႏိုင္သမွ် ေ႐ွာင္ၾကဥ္သင့္ပါတယ္။

Credit: myfoodmyanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျန်းမာပျော်ရွှင်စွာနေထိုင်ဖို့အတွက် အရိုးအဆစ်များ ကြံ့ခိုင်သန်မာနေဖို့လိုပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကြီးရင့်လာခြင်း၊ ကျန်းမာရေးနဲ့ မညီညွှတ်သော အစားအသောက်များ စားသုံးခြင်း စတဲ့ အချက်တွေကြောင့် အရိုးများအားနည်းလာပြီး အရိုးပွရောဂါများ ခံစားရပါတော့တယ်။ လေ့လာချက်များအရ တစ်နှစ်ကို လူပေါင်း ၈.၉ သန်းခန့်က အရိုးပွရောဂါကို ခံစားနေကြရတာပါ။

အမျိုးသမီးတွေဆိုရင် အသက် (၃၀) ကျော်လာတဲ့အခါ အရိုးသိပ်သည်းဆအားနည်းလာပြီး ချော်လဲခြင်းနဲ့ ထိခိုက်ဒဏ်ရာအနာတရဖြစ်လာတာနဲ့ အရိုးရဲ့ အားပြန်ကောင်းနိုင်ချေ ကြန့်ကြာသွားပါတော့တယ်။ အသက်ရလာတဲ့အခါ အရိုးပွရောဂါမခံစားရအောင် အရိုးအဆစ်တွေ သန်မာနေအောင် ဘယ်လိုအစားအစာတွေ စားသုံးသင့်သလဲ။

ဒိန်ချဉ်

ကယ်လစီယမ်၊ ပိုတက်စီယမ်၊ ဗီတာမင် ဒီ၊ ဗီတာမင် အေနဲ့ ပရိုဘိုင်အိုးတစ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ဒိန်ချဉ်က အရိုးတည်ဆောက်မှု အားကောင်းအောင် ကူညီပံ့ပိုးပေးနိုင်ပါတယ်။ တစ်နေ့ကို ဒိန်ချဉ် ၃ ခွက်ခန့် စားသုံးပေးမယ်ဆိုရင် အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်မှာပဲဖြစ်ပါတယ်။

နွားနို့

ကယ်လစီယမ်၊ ဖော့စဖရပ်စ်၊ ပိုတက်စီယမ်၊ ဗီတာမင် အေနှင့် ဗီတာမင် ဒီတို့ ကြွယ်ဝတဲ့ အစားအစာနောက်တစ်မျိုးကတော့ နွားနို့ပဲဖြစ်ပါတယ်။ တစ်နေ့ကို နွားနို့နှစ်ခွက် ပုံမှန်သောက်သုံးပေးခြင်းက အရိုးအဆစ်များကျန်းမာကြံ့ခိုင်နေစေမှာဖြစ်သလို အသားအရေလည်း လှပစေမှာပဲဖြစ်ပါတယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

ဟင်းနုနွယ်ရွက်၊ ကိုက်လံရွက်၊ ဆလပ်ရွက် စတဲ့ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်တွေက ကယ်လစီယမ်ဓာတ်၊ ဗီတာမင် စီနှင့် ဗီတာမင် ကေ၊ Antioxidants တို့ ပါဝင်တဲ့အတွက်ကြောင့် တစ်နေ့ကို အမျိုးအစားကွဲ ဟင်းသီးဟင်းရွက် ၃ မျိုး စားသုံးပေးမယ်ဆိုရင် အရိုးအဆစ်တွေလည်း ကျန်းမာစေမယ့်အပြင် ကိုယ်ခံစွမ်းအားလည်း မြင့်မားလာမှာပဲဖြစ်ပါတယ်။

ဒိန်ခဲ

ဒိန်ခဲများက နွားနို့က ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ကယ်လစီယမ်ဓာတ် မကြွယ်ဝမှာကိုတော့ ပူစရာမလိုပါဘူး။ ကယ်လစီဓာတ်တစ်ခုတည်းတင် မကပါဘူး။ ဗီတာမင် အေ၊ ဗီတာမင် B12၊ ဇင့်နဲ့ ဖော့စဖရပ်စ်ဓာတ်တို့လည်း အများအပြားပါဝင်ပါတယ်။ ဒိန်ခဲကို အစားအသောက် ချက်ပြုတ်ပြင်ဆင်တဲ့အခါ အသုံးပြုပေးမယ်ဆိုရင် အစားအသောက်ရဲ့ အရသာလည်း ပိုမိုကောင်းမွန်မယ့်အပြင် အရိုးအဆစ်များလည်း ကျန်းမာသန်စွမ်းမှာပဲဖြစ်ပါတယ်။

ငါး

ငါးသေတ္တာ၊ တူနာငါး၊ ဆော်လမွန်ငါးများမှ အရိုးသိပ်သည်းဆကို မြှင့်တင်ပေးနိုင်မယ့် ဗီတာမင် ဒီဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ တစ်နေ့ကို ငါး ၃ အောင်စခန့် စားပေးခြင်းက အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လစီယမ်ဓာတ်ကို ထောက်ပံ့ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဥအမျိုးမျိုး

ကြက်ဥအနှစ်ထဲမှာ ဗီတာမင် ဒီ၊ ဗီတာမင် အေ၊ ဗီတာမင် အီးနှင့် ဗီတာမင် ကေတို့ ပါဝင်ပါတယ်။ ဒါပေမဲ့ ကြက်ဥကို အနှစ်ချည်းပဲစားသုံးမယ်၊ ကြက်ဥအကာချည်းပဲ စားသုံးမယ့်အစား ကြက်ဥတစ်လုံးလုံးကို စားသုံးပေးသင့်ပါတယ်။ တစ်နေ့ကို ကြက်ဥ ၂ လုံးခန့် စားသုံးပေးခြင်းက အရိုးအဆစ်များ ကြံ့ခိုင်နေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

ရှောင်ကြဉ်သင့်တဲ့အစားအစာများ

အရိုးကျန်းမာနေဖို့အတွက် အငန်ဓတ်ကဲသော အစားအစာတွေဖြစ်တဲ့ အာလူးချောင်းကြော်၊ ကြက်အူချောင်း၊ ကြက်သားကြော်များ၊ ကာဖိန်းဓာတ်ပါဝင်သော ဖျော်ရည်များ၊ အရက် ဘီယာများ စတဲ့ ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာများကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

Credit: myfoodmyanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top