iMyanmarHouse.com - Best Property Website for Myanmar
×

အခ်ိဳအစားအစာမ်ား အစားမ်ားတဲ့အခါ အစားစားၿပီးတိုင္း ပလုတ္မက်င္းတဲ့အခါ အိပ္ရာဝင္ခါနီးတိုင္း သြားမတိုက္တဲ့အခါ သြားၾကားထဲမွာ ကပ္ၿငိေနတဲ့ စားၾကြင္စားက်န္ေတြက သင့္ သြားကို တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ ေကာင္းေကာင္းႀကီး ဒုကၡေပးႏိုင္ပါတယ္။ မိမိရဲ႕ အေလ့အက်င့္ဆိုးေတြေၾကာင့္ မခံမရပ္ႏိုင္ေအာင္ သြားကိုက္လာၿပီဆိုရင္ သြားဆရာဝန္နဲ႔ မျဖစ္မေနသြားျပရပါေတာ့မယ္။

ဒါေပမဲ့ ညႀကီးအခ်ိန္မေတာ္က်မွ သြားကိုက္လာလို႔ သြားဆရာထံမသြားႏိုင္ေသးဘူးဆိုရင္ အခုေဖာ္ျပေပးမယ့္ အိမ္တြင္းေဆးနည္းေလးေတြကို အသံုးျပဳၾကည့္လိုက္ပါ။ သင္ ခံစားေနရတဲ့ ေဝဒနာကို သက္သာေပ်ာက္ကင္းေစမွာပဲျဖစ္ပါတယ္။

ဆား

အလြယ္တကူ ဝယ္ယူရ႐ွိႏိုင္တယ္ဆိုၿပီး ဆားရဲ႕ ဂုဏ္သတၱိေတြကို အထင္မေသးလိုက္ပါနဲ႔။ ဆားနဲ႔ ပလုတ္က်င္းေပးလိုက္မယ္ဆိုရင္ သြားၾကားထဲမွာ ကပ္ၿငိေနတဲ့ စားၾကြင္းစားက်န္ေတြကို ဖယ္႐ွားေပးၿပီး သြားနဲ႔သြားဖံုးက နာက်င္မႈေတြကို သက္သာေစမွာပဲျဖစ္ပါတယ္။

ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္ခန္႔ကို ေရနဲ႔ ေရာေမႊေပးလိုက္ပါ။ ထိုဆားေရနဲ႔ တစ္မိနစ္ခန္႔ ပလုတ္က်င္းေပးလိုက္႐ံုပါပဲ။ ေရက ေရခဲေရနဲ႔ ေရေႏြးမဟုတ္ဘဲ အခန္းအပူအခ်ိန္နဲ႔ ညီမွ်တဲ့ေရ ျဖစ္ရပါမယ္။

ေရခဲဝတ္ကပ္ပါ

နာက်င္မႈ၊ ေရာင္ရမ္းမႈေတြနဲ႔ ပတ္သက္လာရင္ ေရခဲဝတ္က အင္မတန္အစြမ္းထက္ပါတယ္။ ဇလံုတစ္လံုးထဲသို႔ ေရခဲေရနဲ႔ ေရခဲတံုးတို႔ထည့္လိုက္ၿပီးေနာက္ အဝတ္စတစ္ခုကို ထိုေရခဲေရထဲ ထည့္ႏွစ္လိုက္ပါ။ ေရစိုေနေသာ အဝတ္စကို အရည္ညွစ္လိုက္ၿပီးေနာက္ ၅ မိနစ္မွ ၁၀ မိနစ္အတြင္း ပါးေပၚ ကပ္ထားေပးလိုက္ပါ။ ပိုနာတဲ့ေနရာကို ပိုပိုသာသာေလး ကပ္ထားေပးလိုက္ပါ။ နာက်င္မႈ ေလ်ာ့နည္းတဲ့အထိ ေရခဲဝတ္ ကပ္ေပးႏိုင္ပါတယ္။

ပင္စိမ္း လက္ဖက္ရည္

ပင္စိမ္းလက္ဖက္ရည္ကိုေတာ့ နည္းလမ္းႏွစ္မ်ိဳးနဲ႔ အသံုးျပဳႏိုင္ပါတယ္။ ပထမတစ္နည္းကေတာ့ ပင္စိမ္း လက္ဖက္ေျခာက္အိတ္ကို တိုက္႐ိုက္အသံုးျပဳေပးရမွာပါ။ ပင္စိမ္း လက္ဖက္ေျခာက္အိတ္ကို ေရေႏြးထဲစိမ္ထားၿပီးေနာက္ ထိုအိတ္ကို အေအးခံလိုက္ပါ။ ထို႔ေနာက္ ပါးစပ္ထဲထည့္ၿပီး သြားနာတဲ့ေနရာမွာ ဖိကိုက္ေပးထားလိုက္ပါ။ မိနစ္အနည္းငယ္ေလာက္ ဖိထားေပးလိုက္ရင္ေတာ့ နာက်င္မႈ သက္သာသြားပါလိမ့္မယ္။

ေနာက္ထပ္တစ္နည္းကေတာ့ ပင္စိမ္း လက္ဖက္ေျခာက္အိတ္ စိမ္ထားတဲ့ေရေႏြးနဲ႔ ပလုတ္က်င္းေပးရမွာပါ။ ထိုလက္ဖက္ေျခာက္ရည္ကို ပါးစပ္ထဲမွာ တစ္မိနစ္ခန္႔ ငံုထားၿပီး ပလုပ္က်င္းေပးမယ္ဆိုရင္ သြားကို ထံုသြားေစမွာျဖစ္ၿပီး နာက်င္မႈကို သက္သာေစမွာပဲျဖစ္ပါတယ္။

ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴကလည္း သြားကိုက္ျခင္းကို ေပ်ာက္ကင္းေစတဲ့ မီးဖိုေခ်ာင္ထဲက ေဆးစြမ္းေကာင္းတစ္လက္ပဲျဖစ္ပါတယ္။ ၾကက္သြန္ျဖဴကို အခြံခြာၿပီး ဝါးစားေပးလိုက္႐ံုပါပဲ။ တကယ္လို႔ ပါးစပ္နံမွာ ေၾကာက္တယ္ဆိုရင္ေတာ့ ၾကက္သြန္ျဖဴနဲ႔ မကုသခင္ အထက္က ေဖာ္ျပခဲ့တဲ့နည္းလမ္းေလးေတြနဲ႔ အရင္ႀကိဳးစားၾကည့္လိုက္ပါ။

Credit: myfoodmyanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အချိုအစားအစာများ အစားများတဲ့အခါ အစားစားပြီးတိုင်း ပလုတ်မကျင်းတဲ့အခါ အိပ်ရာဝင်ခါနီးတိုင်း သွားမတိုက်တဲ့အခါ သွားကြားထဲမှာ ကပ်ငြိနေတဲ့ စားကြွင်စားကျန်တွေက သင့် သွားကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ မိမိရဲ့ အလေ့အကျင့်ဆိုးတွေကြောင့် မခံမရပ်နိုင်အောင် သွားကိုက်လာပြီဆိုရင် သွားဆရာဝန်နဲ့ မဖြစ်မနေသွားပြရပါတော့မယ်။

ဒါပေမဲ့ ညကြီးအချိန်မတော်ကျမှ သွားကိုက်လာလို့ သွားဆရာထံမသွားနိုင်သေးဘူးဆိုရင် အခုဖော်ပြပေးမယ့် အိမ်တွင်းဆေးနည်းလေးတွေကို အသုံးပြုကြည့်လိုက်ပါ။ သင် ခံစားနေရတဲ့ ဝေဒနာကို သက်သာပျောက်ကင်းစေမှာပဲဖြစ်ပါတယ်။

ဆား

အလွယ်တကူ ဝယ်ယူရရှိနိုင်တယ်ဆိုပြီး ဆားရဲ့ ဂုဏ်သတ္တိတွေကို အထင်မသေးလိုက်ပါနဲ့။ ဆားနဲ့ ပလုတ်ကျင်းပေးလိုက်မယ်ဆိုရင် သွားကြားထဲမှာ ကပ်ငြိနေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးပြီး သွားနဲ့သွားဖုံးက နာကျင်မှုတွေကို သက်သာစေမှာပဲဖြစ်ပါတယ်။

ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို ရေနဲ့ ရောမွှေပေးလိုက်ပါ။ ထိုဆားရေနဲ့ တစ်မိနစ်ခန့် ပလုတ်ကျင်းပေးလိုက်ရုံပါပဲ။ ရေက ရေခဲရေနဲ့ ရေနွေးမဟုတ်ဘဲ အခန်းအပူအချိန်နဲ့ ညီမျှတဲ့ရေ ဖြစ်ရပါမယ်။

ရေခဲဝတ်ကပ်ပါ

နာကျင်မှု၊ ရောင်ရမ်းမှုတွေနဲ့ ပတ်သက်လာရင် ရေခဲဝတ်က အင်မတန်အစွမ်းထက်ပါတယ်။ ဇလုံတစ်လုံးထဲသို့ ရေခဲရေနဲ့ ရေခဲတုံးတို့ထည့်လိုက်ပြီးနောက် အဝတ်စတစ်ခုကို ထိုရေခဲရေထဲ ထည့်နှစ်လိုက်ပါ။ ရေစိုနေသော အဝတ်စကို အရည်ညှစ်လိုက်ပြီးနောက် ၅ မိနစ်မှ ၁၀ မိနစ်အတွင်း ပါးပေါ် ကပ်ထားပေးလိုက်ပါ။ ပိုနာတဲ့နေရာကို ပိုပိုသာသာလေး ကပ်ထားပေးလိုက်ပါ။ နာကျင်မှု လျော့နည်းတဲ့အထိ ရေခဲဝတ် ကပ်ပေးနိုင်ပါတယ်။

ပင်စိမ်း လက်ဖက်ရည်

ပင်စိမ်းလက်ဖက်ရည်ကိုတော့ နည်းလမ်းနှစ်မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ ပထမတစ်နည်းကတော့ ပင်စိမ်း လက်ဖက်ခြောက်အိတ်ကို တိုက်ရိုက်အသုံးပြုပေးရမှာပါ။ ပင်စိမ်း လက်ဖက်ခြောက်အိတ်ကို ရေနွေးထဲစိမ်ထားပြီးနောက် ထိုအိတ်ကို အအေးခံလိုက်ပါ။ ထို့နောက် ပါးစပ်ထဲထည့်ပြီး သွားနာတဲ့နေရာမှာ ဖိကိုက်ပေးထားလိုက်ပါ။ မိနစ်အနည်းငယ်လောက် ဖိထားပေးလိုက်ရင်တော့ နာကျင်မှု သက်သာသွားပါလိမ့်မယ်။

နောက်ထပ်တစ်နည်းကတော့ ပင်စိမ်း လက်ဖက်ခြောက်အိတ် စိမ်ထားတဲ့ရေနွေးနဲ့ ပလုတ်ကျင်းပေးရမှာပါ။ ထိုလက်ဖက်ခြောက်ရည်ကို ပါးစပ်ထဲမှာ တစ်မိနစ်ခန့် ငုံထားပြီး ပလုပ်ကျင်းပေးမယ်ဆိုရင် သွားကို ထုံသွားစေမှာဖြစ်ပြီး နာကျင်မှုကို သက်သာစေမှာပဲဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကလည်း သွားကိုက်ခြင်းကို ပျောက်ကင်းစေတဲ့ မီးဖိုချောင်ထဲက ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူကို အခွံခွာပြီး ဝါးစားပေးလိုက်ရုံပါပဲ။ တကယ်လို့ ပါးစပ်နံမှာ ကြောက်တယ်ဆိုရင်တော့ ကြက်သွန်ဖြူနဲ့ မကုသခင် အထက်က ဖော်ပြခဲ့တဲ့နည်းလမ်းလေးတွေနဲ့ အရင်ကြိုးစားကြည့်လိုက်ပါ။

Credit: myfoodmyanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top