iMyanmarHouse.com - Best Property Website for Myanmar
×

💓💑
တခါတုန္းက ခဏခဏ စကားမ်ား ရန္ျဖစ္ တတ္ၾကတ့ဲ ခ်စ္သူနွစ္ဦး ရွိတယ္…။ ဒါမ့ဲ စကားမ်ားတ့ဲ အခါတိုင္းမွာ ေကာင္ေလးက ေကာင္မေလးကို အေလ်ွာ့ေပး တတ္တယ္။ တစ္ခါမွာေတာ့ ေကာင္မေလးက ခ်စ္သူေကာင္ေလးကို ေမးတယ္။

" ရန္ျဖစ္တိုင္း နင္ဘာလို႔ ငါ့ကို အေလ်ွာ့ေပး တာလဲ။ တခါတေလ ငါ့ဘက္က မွားတာလဲ ရွိတယ္ေလ "

ေကာင္ေလးက ျပန္ေျဖတယ္။

" မင္းက ငါ့ခ်စ္သူေလ…။ ဘာပဲေျပာေျပာ ေရွးဘဝက ေရစက္ေၾကာင့္ ဒီဘဝမွာ ခ်စ္သူျဖစ္လာၾကတာ…။ စကားမ်ားၾကလို႕ ကိုယ္ေျပာတာ နိုင္သြားေတာ့ေရာ ဘာထူးမွာလဲ။ စကားနိုင္ေပမ့ဲ ခ်စ္ခ်င္းေမတၱာ မွာေတာ့ ရံႈးသြားမွာေလ။ ဒါကိုေတာ့ ကိုယ္အရံႈး မခံနိုင္ဘူး။ "

ေကာင္မေလးက ၿငိမ္ၿပီး နားေထာင္ ေနတယ္။ ေကာင္ေလးက ဆက္ေျပာတယ္။

" မင္းက ဆူလိုက္ ကိုယ္က ၿပံဳးၿပီး နားေထာင္လိုက္။ မင္းက စိတ္တိုလိုက္ ကိုယ္က ေခ်ာ့လိုက္။ ေတြးၾကည့္ရင္ ၾကည္ႏူးစရာႀကီးပါ။ ဒါေပမ့ဲ ကိုယ္မင္းကို အၿမဲ အေလ်ွာ့ေပးေနတာ စကားေျပာ မကြ်မ္းက်င္လို႕ေတာ့ မဟုတ္ဘူးေနာ္။ မင္းနာက်င္ေစမ့ဲ စကားမ်ိဳး ေျပာမထြက္ရက္ လို႕ပါ။ တစ္ေယာက္က တင္းေနရင္ တစ္ေယာက္က အေလ်ွာ့ေပးရမယ္ေလ။ ဒါမွ နွစ္ေယာက္လံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕ တသက္လံုး လက္တြဲသြားနိုင္မွာ။ အေလ်ွာ့ေပးရတာ ဘာမွ အပမ္းမႀကီးဘူး။ ကိုယ္တို႔ ႏွစ္ေယာက္ရဲ႕ အခ်စ္ကိုေတာ့ လံုးဝ အဆံုးရံႈး မခံနိုင္ပါဘူး။ " တ့ဲ…။

- အခ်စ္ဆိုတာ တစ္ေယာက္က တင္းေနရင္ တစ္ေယာက္က အေလ်ွာ့ေပးရတယ္။ နွစ္ဖက္လံုး တင္းရင္ေတာ့ အလြယ္တကူ ျပတ္စဲသြား ႏိုင္ပါတယ္။ 💓

Credit:EeCk
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

💓💑
တခါတုန်းက ခဏခဏ စကားများ ရန်ဖြစ် တတ်ကြတဲ့ ချစ်သူနှစ်ဦး ရှိတယ်…။ ဒါမဲ့ စကားများတဲ့ အခါတိုင်းမှာ ကောင်လေးက ကောင်မလေးကို အလျှော့ပေး တတ်တယ်။ တစ်ခါမှာတော့ ကောင်မလေးက ချစ်သူကောင်လေးကို မေးတယ်။

" ရန်ဖြစ်တိုင်း နင်ဘာလို့ ငါ့ကို အလျှော့ပေး တာလဲ။ တခါတလေ ငါ့ဘက်က မှားတာလဲ ရှိတယ်လေ "

ကောင်လေးက ပြန်ဖြေတယ်။

" မင်းက ငါ့ချစ်သူလေ…။ ဘာပဲပြောပြော ရှေးဘဝက ရေစက်ကြောင့် ဒီဘဝမှာ ချစ်သူဖြစ်လာကြတာ…။ စကားများကြလို့ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ။ စကားနိုင်ပေမဲ့ ချစ်ချင်းမေတ္တာ မှာတော့ ရှုံးသွားမှာလေ။ ဒါကိုတော့ ကိုယ်အရှုံး မခံနိုင်ဘူး။ "

ကောင်မလေးက ငြိမ်ပြီး နားထောင် နေတယ်။ ကောင်လေးက ဆက်ပြောတယ်။

" မင်းက ဆူလိုက် ကိုယ်က ပြုံးပြီး နားထောင်လိုက်။ မင်းက စိတ်တိုလိုက် ကိုယ်က ချော့လိုက်။ တွေးကြည့်ရင် ကြည်နူးစရာကြီးပါ။ ဒါပေမဲ့ ကိုယ်မင်းကို အမြဲ အလျှော့ပေးနေတာ စကားပြော မကျွမ်းကျင်လို့တော့ မဟုတ်ဘူးနော်။ မင်းနာကျင်စေမဲ့ စကားမျိုး ပြောမထွက်ရက် လို့ပါ။ တစ်ယောက်က တင်းနေရင် တစ်ယောက်က အလျှော့ပေးရမယ်လေ။ ဒါမှ နှစ်ယောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံး လက်တွဲသွားနိုင်မှာ။ အလျှော့ပေးရတာ ဘာမှ အပမ်းမကြီးဘူး။ ကိုယ်တို့ နှစ်ယောက်ရဲ့ အချစ်ကိုတော့ လုံးဝ အဆုံးရှုံး မခံနိုင်ပါဘူး။ " တဲ့…။

- အချစ်ဆိုတာ တစ်ယောက်က တင်းနေရင် တစ်ယောက်က အလျှော့ပေးရတယ်။ နှစ်ဖက်လုံး တင်းရင်တော့ အလွယ်တကူ ပြတ်စဲသွား နိုင်ပါတယ်။ 💓

Credit:EeCk
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top