iMyanmarHouse.com - Best Property Website for Myanmar
×
Credit: nanmalgyi
အနုပညာ
#Unicode Version# ဖြင့်ဖတ်ပါ ။
မိုးအောင်ရင်ဟာဆိုရင် မကြာခင်နှစ်ပိုင်းက မူးယစ်ဆေးမှုနဲ့ နှစ်အတော်ကြာပြစ်ဒဏ်ကျခံခဲ့ရတာကြောင့် တစ်နိုင်ငံလုံးကပရိသတ်တွေစိတ်မကောင်းခြင်းကြီးစွာဖြစ်ခဲ့ကြရတာပါ။ ဒါပေမယ့် အခုတော့ မိုးအောင်ရင်ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီးချစ်တဲ့ မိသားစုတွေနဲ့ ပြန်လည်တွေ့ဆုံရပြီဖြစ်သလို ပရိသတ်တွေမျက်စိရှေ့ကိုလည်းပြန်ရောက်လာခဲ့ပါပြီ။ မိုးအောင်ရင်ဟာ ပြစ်ဒဏ်အပြည့်သာကျခံခဲ့ရမယ်ဆိုရင် နှစ်တော်တော်ကြာတဲ့အထိလွတ်ဦးမှာမဟုတ်ပဲ အသက်ကြီးမှသာပြန်လွတ်မယ့အနေအထားပါ။ ဒါကြောင့် အခုလိုလွတ်ငြိမ်းချမ်းသာခွင့်နဲ့
လွတ်လာတဲ့အပေါ် တစ်နိုင်ငံလုံးက ပရိသတ်တွေကရော မိုးအောင်ရင်ရဲ့မိသားစုတွေကပါ ပြောမပြတတ်အောင်ကျေးဇူးတင်ဝမ်းသာနေကြရပါတယ်။
ို မေလ (၇) ရက်နေ့မှာ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆၅၂၀ဦးကို ရာဇာဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁၊ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီးအဲဒီ အကျဉ်းသားတွေထဲမှာ မိုးအောင်ရင်ပါ ပါဝင်လာခဲ့ပါတယ်။ အခုဆိုရင်မိုးအောင်ရင်က ဖခင်ရဲ့ရင်ခွင်ထဲကိုပြန်ရောက်ပြီး အေးချမ်းစွာရှိနေပြီဖြစ်လို့ သားလေးကို ပြန်ရလို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း ဦးအောင်ရင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ကျေးဇူးတင်လွှာရေးသားထားခဲ့တာလည်းမြင်ရပါတယ်။
ဦးအောင်ရင်ဟာ ပြန်ရောက်လာတဲ့သားလေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက်ပျော်ရွှင်နေပြီး သားဖြစ်သူ မိုးအောင်ရင်ရဲ့ဓာတ်ပုံတွေကိုလည်း လူမှုကွန်ယက်မှာ ခဏခဏတင်ထားတာတွေ့ရပါတယ်။ တစ်နိုင်ငံလုံးက ပရိသတ်တွေကတော့ အကြာကြီးနေမှ ပြန်တွေ့ရတဲ့ မိုးအောင်ရင်ကို လွမ်းနေကြပြီး အလွမ်းပြေဓာတ်ပုံလေးတွေမြင်ရလို့ ပျော်ရွှင်နေကြပါတယ်။ အကြာကြီးနေမှ မိသားစုနဲ့ပြန်တွေ့ရတဲ့ မိုးအောင်ရင်ဟာ ကျန်းမာရေးလည်းကောင်းပြီး အဆင်ပြေပြေနဲ့ ကြည်လင်အေးချမ်းတဲ့မျက်နှာလေးနဲ့ ပျော်ရွှင်နေတာတွေ့ရပါတယ်။ မိသားစုတွေပေါင်းဆုံကြတဲ့ပျော်စရာမြင်ကွင်းဟာ တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့ ရင်ထဲကိုပါ အပျော်တွေကူးစက်စီးဝင်သွားစေသလိုပါပဲ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်
မိုးအောင်ရင်ရဲ့ လွတ်လာပြီးခါစ ပထမဆုံးဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော မိုးအောင်ရင်ကိုချစ်ကြလား။ မိုးအောင်ရင်ရဲ့ ရှေ့ဆက်လုပ်မယ့်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။မိုးအောင်ရင်ကို နွေးထွေးတဲ့ရင်ခွင်နဲ့ ပြန်လည်ကြိုဆိုဖို့အဆင်သင့်ပဲလား။ပြောခဲ့ကြပါဦး။
Credit: nanmalgyi
အနုပညာ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top