iMyanmarHouse.com - Best Property Website for Myanmar
×




Credit:nanmalgyi
အနုပညာ


#Unicode Version# ဖြင့်ဖတ်ပါ ။

မြန်မာပြည်ကရဲ့ ပရိသတ်တွေရဲ့ အချစ်တွေ မေတ္တာတွေ အထူးသဖြင့် ယောက်ျားလေး ပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကို ခံရတဲ့ ဗီယက်နမ်မင်းသမီးလေး ငုရင်ထရန်ဟုရန်မေ ကတော့ မြန်မာပြည်ကို လက်ရှိအချိန်မှာ လက်ဖက်ရည်ကြော်ငြာရိုက်ဖို့အတွက်ရောက်ရှိနေပြီး သူ့အနေနဲ့ မြန်မာပြည်ကို လာတိုင်း လာကြိုတဲ့သူတွေက အမြဲတမ်း လှိုက်လှိုက်လှဲလှဲလာကြိုကြလို့ အရမ်းပျော်ပြီး မြန်မာပြည်ကို ချစ်တယ်လို့ မီဒီယာတွေနဲ့ တွေ့ဆုံပြီး အင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။

ငုရင်ထရန်ဟုရန်မေ က “ဒီကို လာတာ အရမ်း Surprise. ဖြစ်တယ် အရမ်းဂုဏ်ယူတယ် ဒီလိုမျိုး ကြိုဆိုတာကို လုံးဝ မမျှော်လင့်ပါဘူး။ မြန်မာပြည်ကို လာရတာ အရမ်းပျော်တယ် မြန်မာပြည်ကို ချစ်တယ်။ လာတိုင်းပျော်တယ် ဘာလို့လဲဆိုတော့ မြန်မာပရိသတ်တွေက အရမ်းချစ်စရာကောင်းပြီးတော့ လှိုက်လှိုက်လှဲလှဲကြိုဆိုလို့ပါ။ Excited လည်းဖြစ်တယ် အကောင်းဆုံးပြင်ဆင်လာပါတယ် စောင့်ကြည့်ပေးပါ။ ဒါရိုက်တာစင်ရော်မောင်မောင် နဲ့ဒုတိယအကြိမ်ရိုက်ရမှာပေါ့။ သူ့ကို တော်တော်လေးကို လေးစားပါတယ်။ ကောင်းကောင်းလည်း ဂရုစိုက်တယ် ပြန်ပြီးတော့ လက်တွဲပြီးလုပ်ရမှာ တော်တော်လေးကို ဝမ်းသာပါတယ်။

အစက ဒါရိုက်တာ စင်ရော်မောင်မောင်ကို အရမ်း Serious ဖြစ်တဲ့ပုံစံလို့ထင်ခဲ့တယ် အစကတော့ နည်းနည်းလေးကြောက်ပြီး စိတ်လှုပ်ရှားခဲ့တယ် အပြင်မှာ တွေ့လိုက်တာ သူက တော်တော်လေးကို သဘောကောင်းတယ် တော်တော်လေးကို ပြုစုတော့ တော်တော်လေး သူ့အတွက်လည်း ကြိုးစားပေးမယ်။ ပြီးရင် နောက်လာမယ့် Future Project တွေအတွက်လည်း ကြိုးစားပေးပါမယ်။ မြန်မာဒါရိုက်တာတွေနဲ့ အလုပ်တွေ လုပ်ခဲ့ဖူးတယ် ပထမဆုံး ဇာတ်ကားကြီးမှာ ကိုနေတိုးနဲ့ အတူတူရိုက်ခဲ့တယ်။ ကိုနေတိုးကလည်း တော်တော်လေးကို သဘောကောင်းတယ် သရုပ်ဆောင်ဖို့အတွက် ကူညီခဲ့တယ်။ အိုက်တင်လည်း သင်ပေးတယ် အရမ်းကို သဘောကောင်းတယ် တိုးတက်အောင်လည်း ကြိုးစားနေမယ်။”လို့ ပြောသွားခဲ့ပါတယ်။

Credit:nanmalgyi
အနုပညာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top