iMyanmarHouse.com - Best Property Website for Myanmar
×


အမတစ္ေယာက္က ရွားေစာင္းလက္ပတ္ယိုေလး
တင္ထားတာေတြ႕လို႔ ညီမလည္းျပန္ရွယ္ပါရေစေနာ္
ဝတဲ့သူေတြ ဒါမွမဟုတ္ ဗိုက္ပူတဲ့သူေတြအတြက္အရမ္းအဆင္ေျပတယ္

အိမ္ရွင္မေတာ္ေတာ္မ်ားမ်ားရဲ႕ဒုကၡကဗိုက္ပူတာပါပဲ
ညီမေလ အဲ့ယိုလုပ္နည္းကိုေမေမကတဆင့္သိတာပါ
စားၾကည့္ေတာ့တကယ္ဗိုက္က်တယ္ရွင့္

●ရွားေစာင္းလက္ပတ္ ငါးတက္ေလာက္ကိုေဘးကစူးသြားေတြ
ကိုဓားနဲ႔ခြာပီး လက္တစ္ဆစ္ေလာက္ေလးေတြကိုလွီးပါ
(အခြံမႏႊာေတာ့ ထုပ္ထုပ္ထုပ္ နဲ႔စားလို႔ေကာင္းသလိုပိုေဆးဖက္ဝင္တာေပါ့)

●ထန္းလ်က္(အညိဳ)ငါးက်ပ္သားေလာက္ကို ဆီ ၅က်ပ္သားေလာက္ထဲကို
ထည့္ပီးအရည္ေပ်ာ္ေအာင္ေမႊပါ

●ထန္းလ်က္အရည္ေပ်ာ္သြားရင္ ရွားေစာင္းလက္ပတ္ထည့္ပါ
ရွားေစာင္းလတ္ပတ္က အရည္ထြက္တဲ့အတြက္ခနခနေမႊေပးပါ

●ရွားေစာင္းလက္ပတ္အရည္ခမ္းသြားပီးနည္းနည္းခပ္ပ်စ္ပ်စ္ျဖစ္လာရင္
ငွက္ေပ်ာသီးဖီးၾကမ္း ႏွစ္လံုးကိုပါးပါးလွီးထည့္ပါ
(ငွက္ေပ်ာသီးကမ်ားလၽွင္ခ်ဥ္တတ္လို႔ႏွစ္လံုးဆိုလံုေလာက္ပါၿပီ)

●ၾကက္ဥႏွစ္လံုးကိုေမႊပီးမွထည့္ပါ
ဇြန္းနဲ႔အဆက္မျပတ္ေမႊေပးပါ ကပ္သြားႏိုင္တဲ့အတြက္ေၾကာင့္ပါ

●ၿပီးရင္တကယ္ကိုအရသာရွိတဲ့ ရွားေစာင္းလတ္ပတ္ယိုေလးရပါၿပီရွင္
အဖံုးလံုတဲ့ပုလင္းေလးထဲကိုထည့္သိမ္းၿပီးစားလို႔ရပါၿပီ

ညီမ အစကထင္ထားတာတာက ဆီေတြလည္းမ်ားတယ္
ၾကက္ဥ ငွက္ေပ်ာသီးေရာဆိုေတာ့ဝိတ္တက္မွာပဲလို႔ထင္ထားတာ

ဒါေပမယ့္တကယ္စားၾကည့္ေတာ့ဝမ္းလည္းမွန္သလို မိန္းကေလးေတြနဲ႔ပတ္သတ္
တဲ့ေရာဂါေတြကိုလည္းကာကြယ္ေပးတယ္ဆိုေတာ့ စားရက်ိဳးနပ္ပီေပါ့ေနာ္

Credit:Phyo Lay(စားခ်က္group မွ)

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အမတစ်ယောက်က ရှားစောင်းလက်ပတ်ယိုလေး
တင်ထားတာတွေ့လို့ ညီမလည်းပြန်ရှယ်ပါရစေနော်
ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက်အရမ်းအဆင်ပြေတယ်

အိမ်ရှင်မတော်တော်များများရဲ့ဒုက္ခကဗိုက်ပူတာပါပဲ
ညီမလေ အဲ့ယိုလုပ်နည်းကိုမေမေကတဆင့်သိတာပါ
စားကြည့်တော့တကယ်ဗိုက်ကျတယ်ရှင့်

●ရှားစောင်းလက်ပတ် ငါးတက်လောက်ကိုဘေးကစူးသွားတွေ
ကိုဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေးတွေကိုလှီးပါ
(အခွံမနွှာတော့ ထုပ်ထုပ်ထုပ် နဲ့စားလို့ကောင်းသလိုပိုဆေးဖက်ဝင်တာပေါ့)

●ထန်းလျက်(အညို)ငါးကျပ်သားလောက်ကို ဆီ ၅ကျပ်သားလောက်ထဲကို
ထည့်ပီးအရည်ပျော်အောင်မွှေပါ

●ထန်းလျက်အရည်ပျော်သွားရင် ရှားစောင်းလက်ပတ်ထည့်ပါ
ရှားစောင်းလတ်ပတ်က အရည်ထွက်တဲ့အတွက်ခနခနမွှေပေးပါ

●ရှားစောင်းလက်ပတ်အရည်ခမ်းသွားပီးနည်းနည်းခပ်ပျစ်ပျစ်ဖြစ်လာရင်
ငှက်ပျောသီးဖီးကြမ်း နှစ်လုံးကိုပါးပါးလှီးထည့်ပါ
(ငှက်ပျောသီးကများလျှင်ချဉ်တတ်လို့နှစ်လုံးဆိုလုံလောက်ပါပြီ)

●ကြက်ဥနှစ်လုံးကိုမွှေပီးမှထည့်ပါ
ဇွန်းနဲ့အဆက်မပြတ်မွှေပေးပါ ကပ်သွားနိုင်တဲ့အတွက်ကြောင့်ပါ

●ပြီးရင်တကယ်ကိုအရသာရှိတဲ့ ရှားစောင်းလတ်ပတ်ယိုလေးရပါပြီရှင်
အဖုံးလုံတဲ့ပုလင်းလေးထဲကိုထည့်သိမ်းပြီးစားလို့ရပါပြီ

ညီမ အစကထင်ထားတာတာက ဆီတွေလည်းများတယ်
ကြက်ဥ ငှက်ပျောသီးရောဆိုတော့ဝိတ်တက်မှာပဲလို့ထင်ထားတာ

ဒါပေမယ့်တကယ်စားကြည့်တော့ဝမ်းလည်းမှန်သလို မိန်းကလေးတွေနဲ့ပတ်သတ်
တဲ့ရောဂါတွေကိုလည်းကာကွယ်ပေးတယ်ဆိုတော့ စားရကျိုးနပ်ပီပေါ့နော်

Credit:Phyo Lay(စားချက်group မှ)

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top