iMyanmarHouse.com - Best Property Website for Myanmar
×


တစ္ခ်ိဳ႔သူေတြဟာ အခ်စ္ကုိ ဘဝတစ္ခုထင္ျပီး အခ်စ္မရွိေတာ့တဲ့အခါမွာ ဘဝကို ေရစုန္ေမွ်ာပစ္တတ္ၾကပါတယ္။ ဒါဟာလည္း ကိုယ့္ရဲ႕ေရြးခ်ယ္မႈနဲ႔ ဆံုးျဖတ္ခ်က္ေတြေပၚမွာ မူတည္ေနပါတယ္။ ဒါေပမယ့္လညး္ တခ်ိဳ႔မိန္းကေလးေတြကေတာ့ အသညး္ကြဲရံုေလာက္နဲ႔ ဘဝကို အပ်က္အစီးခံမွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သူတုိ႔ဟာ တန္ဖိုးရွိတဲ့ မိန္းကေလးေတြျဖစ္တယ္ဆိုတာ သူတို႔ကိုယ္သူတို႔ ေကာင္းေကာငး္သိလို႔ျဖစ္ပါတယ္။

(၁) ဒီလိုမိန္းကေလးေတြဟာ အခ်စ္နဲ႔ ဘဝကို ဘယ္ေတာ့မွ ေလာင္းေၾကးထပ္ထားတာ မဟုတ္တဲ့အတြက္ အသည္းကြဲလည္း သူတုိ႔အတြက္ ဘယ္ေတာ့မွ အရံႈးမရွိပါဘူး။

(၂) ဒီလိုမိန္းကေလးေတြဟာ ကိုယ့္ဘဝထဲမွာ မေနခ်င္ေတာ့တဲ့သူတစ္ေယာက္ ဒါမွမဟုတ္ ကိုယ့္ဘဝထဲမွာ မရွိေစခ်င္ေတာ့တဲ့ သူတစ္ေယာက္ကို စြန္႔လႊတ္ဖို႔ ဆံုးျဖတ္ျပီးရင္ ဘယ္ေတာ့မွ ေနာက္ျပန္လွည့္တတ္တဲ့သူေတြ မဟုတ္ပါဘူး။

(၃) ဒီလိုမိန္းကေလးေတြဟာ အသည္းကြဲတဲ့အခါ သူတို႔လည္း အရမး္နာက်င္ပါတယ္။ ဒါေပမယ့္ ခဏတာ နာက်င္မႈကို တစ္ဘဝလံုးစာအတြက္ ေတာင့္ခံႏိုင္ၾကပါတယ္။ ဒီအရာေတြဟာ အခ်ိန္က ကုစားသြားျပီး အနာက်တ္သြားမယ္ဆိုတာ ေကာင္းေကာငး္သိထားၾကသလို၊ အခ်ိန္က ကုသေပးတဲ့ အပိုင္းအျခားေလးကိုလညး္ သည္းခံႏိုင္ၾကပါတယ္။

(၄) ဒီလိုမိန္းကေလးေတြဟာ အသည္းကြဲတာနဲ႔ပဲ အရာအားလံုးကို အဆံုးရံႈးခံမယ့္သူေတြ မဟုတ္ပါဘူး။ အခ်စ္ဆိုတာ သူတို႔အတြက္ အရမး္အေရးပါသည့္တိုင္ေအာင္ ဘဝေလာက္ေတာ့ အေရးမၾကီးပါဘူး။ အခ်စ္ကို ဆံုးရံႈးလိုက္ရသည့္တိုင္ေအာင္ သူတုိ႔ဘဝကိုေတာ့ သူတုိ႔လက္ထဲမွာပဲ ရွိေနေစမယ့္သူေတြျဖစ္ပါတယ္။

(၅) တန္ဖိုးျမင့္တဲ့ မိန္းကေလးေတြရဲ႕ တန္ဖိုးဆိုတာ ဘဝရဲ႕အခက္အခဲဆံုးအခ်ိန္ေတြကို ဘယ္လိုျဖစ္သန္းလဲ ဆိုတဲ့အေပၚမွာ မူတည္ပါတယ္။ ဒါေၾကာင့္ သူတုိ႔ေတြဟာ ဘယ္ေလာက္နာက်င္ေနပါေစ၊ ဘယ္ေလာက္ပဲ ဝမး္နည္းေၾကကြဲေနပါေစ မိမိရဲ႕ အရွက္နဲ႔သိကၡာကို အျမဲတမ္းငဲ့ကြက္တဲ့သူေတြျဖစ္တာေၾကာင့္ ကိုယ့္ကို ထားသြားတဲ့သူကို မ်က္ရည္ေတြနဲ႔ ျပန္ဆြဲေခၚေနမယ့္သူေတြ မဟုတ္ပါဘူး။

(၆) ဒီလိုမိန္းကေလးေတြဟာ အသညး္ခြဲခဲ့တဲ့သူတစ္ေယာက္ေၾကာင့္ တစ္နည္းအားျဖင့္ ကိုယ့္အေပၚ မေကာငး္ခဲ့တဲ့သူတစ္ေယာက္ေၾကာင့္နဲ႔ လူေတြအားလံုးကုိ အဆိုးျမင္ေနမယ့္သူေတြ မဟုတ္ပါဘူး။ ကုိယ့္အနားက ထြက္သြားတဲ့သူထက္ ကုိယ့္ေဘးမွာ က်န္ခဲ့တဲ့သူေတြကိုသာ တစ္ေန႔ထက္တစ္ေန႔ တန္ဖိုးထားတတ္ေအာင္ ၾကိဳးစားေနမယ့္သူေတြျဖစ္ပါတယ္။

(၇) ဒီလုိမိန္းကေလးေတြဟာ အတိတ္မွာ ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့ အနာဂတ္မွာ တူညီတဲ့အမွားေတြ ထပ္မလုပ္မိဖို႔ကိုသာ အာရံုစုိက္တဲ့သူေတြျဖစ္ပါတယ္။ အတိတ္ကို သင္ခန္းစာယူျပီး အလွပဆံုးေသာ အနာဂတ္သစ္ကို ရေအာင္ ပံုေဖာ္သြားမယ့္သူေတြျဖစ္ပါတယ္။

Credit:akswln

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်ချို့သူတွေဟာ အချစ်ကို ဘဝတစ်ခုထင်ပြီး အချစ်မရှိတော့တဲ့အခါမှာ ဘဝကို ရေစုန်မျှောပစ်တတ်ကြပါတယ်။ ဒါဟာလည်း ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့်လည်း တချို့မိန်းကလေးတွေကတော့ အသည်းကွဲရုံလောက်နဲ့ ဘဝကို အပျက်အစီးခံမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ တန်ဖိုးရှိတဲ့ မိန်းကလေးတွေဖြစ်တယ်ဆိုတာ သူတို့ကိုယ်သူတို့ ကောင်းကောင်းသိလို့ဖြစ်ပါတယ်။

(၁) ဒီလိုမိန်းကလေးတွေဟာ အချစ်နဲ့ ဘဝကို ဘယ်တော့မှ လောင်းကြေးထပ်ထားတာ မဟုတ်တဲ့အတွက် အသည်းကွဲလည်း သူတို့အတွက် ဘယ်တော့မှ အရှုံးမရှိပါဘူး။

(၂) ဒီလိုမိန်းကလေးတွေဟာ ကိုယ့်ဘဝထဲမှာ မနေချင်တော့တဲ့သူတစ်ယောက် ဒါမှမဟုတ် ကိုယ့်ဘဝထဲမှာ မရှိစေချင်တော့တဲ့ သူတစ်ယောက်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ နောက်ပြန်လှည့်တတ်တဲ့သူတွေ မဟုတ်ပါဘူး။

(၃) ဒီလိုမိန်းကလေးတွေဟာ အသည်းကွဲတဲ့အခါ သူတို့လည်း အရမ်းနာကျင်ပါတယ်။ ဒါပေမယ့် ခဏတာ နာကျင်မှုကို တစ်ဘဝလုံးစာအတွက် တောင့်ခံနိုင်ကြပါတယ်။ ဒီအရာတွေဟာ အချိန်က ကုစားသွားပြီး အနာကျတ်သွားမယ်ဆိုတာ ကောင်းကောင်းသိထားကြသလို၊ အချိန်က ကုသပေးတဲ့ အပိုင်းအခြားလေးကိုလည်း သည်းခံနိုင်ကြပါတယ်။

(၄) ဒီလိုမိန်းကလေးတွေဟာ အသည်းကွဲတာနဲ့ပဲ အရာအားလုံးကို အဆုံးရှုံးခံမယ့်သူတွေ မဟုတ်ပါဘူး။ အချစ်ဆိုတာ သူတို့အတွက် အရမ်းအရေးပါသည့်တိုင်အောင် ဘဝလောက်တော့ အရေးမကြီးပါဘူး။ အချစ်ကို ဆုံးရှုံးလိုက်ရသည့်တိုင်အောင် သူတို့ဘဝကိုတော့ သူတို့လက်ထဲမှာပဲ ရှိနေစေမယ့်သူတွေဖြစ်ပါတယ်။

(၅) တန်ဖိုးမြင့်တဲ့ မိန်းကလေးတွေရဲ့ တန်ဖိုးဆိုတာ ဘဝရဲ့အခက်အခဲဆုံးအချိန်တွေကို ဘယ်လိုဖြစ်သန်းလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ ဘယ်လောက်နာကျင်နေပါစေ၊ ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲနေပါစေ မိမိရဲ့ အရှက်နဲ့သိက္ခာကို အမြဲတမ်းငဲ့ကွက်တဲ့သူတွေဖြစ်တာကြောင့် ကိုယ့်ကို ထားသွားတဲ့သူကို မျက်ရည်တွေနဲ့ ပြန်ဆွဲခေါ်နေမယ့်သူတွေ မဟုတ်ပါဘူး။

(၆) ဒီလိုမိန်းကလေးတွေဟာ အသည်းခွဲခဲ့တဲ့သူတစ်ယောက်ကြောင့် တစ်နည်းအားဖြင့် ကိုယ့်အပေါ် မကောင်းခဲ့တဲ့သူတစ်ယောက်ကြောင့်နဲ့ လူတွေအားလုံးကို အဆိုးမြင်နေမယ့်သူတွေ မဟုတ်ပါဘူး။ ကိုယ့်အနားက ထွက်သွားတဲ့သူထက် ကိုယ့်ဘေးမှာ ကျန်ခဲ့တဲ့သူတွေကိုသာ တစ်နေ့ထက်တစ်နေ့ တန်ဖိုးထားတတ်အောင် ကြိုးစားနေမယ့်သူတွေဖြစ်ပါတယ်။

(၇) ဒီလိုမိန်းကလေးတွေဟာ အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အနာဂတ်မှာ တူညီတဲ့အမှားတွေ ထပ်မလုပ်မိဖို့ကိုသာ အာရုံစိုက်တဲ့သူတွေဖြစ်ပါတယ်။ အတိတ်ကို သင်ခန်းစာယူပြီး အလှပဆုံးသော အနာဂတ်သစ်ကို ရအောင် ပုံဖော်သွားမယ့်သူတွေဖြစ်ပါတယ်။

Credit:akswln

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top