iMyanmarHouse.com - Best Property Website for Myanmar
×


လက္ဖက္ရည္ၾကမ္း တစ္ေန႔ကို ေလးခြက္မွ် ပံုမွန္ ေသာက္သံုးသူ မ်ားတြင္ ေလျဖတ္ ေဝဒနာ ခံစားရႏိုင္ေခ် ၂၀% ေလ်ာ့နည္း ႏိုင္ေၾကာင္း ေလ့လာမႈ တစ္ရပ္တြင္ ေဖာ္ျပထားသည္။

သုေတသီမ်ားသည္ ဆြီဒင္ ႏိုင္ငံရွိ လက္ဖက္ရည္ ေသာက္သံုးသူ မ်ားကို အထူးျပဳ ေလ့လာခဲ့ၿပီး ယင္းတို႕သည္ ဦးေႏွာက္တြင္း ေသြးခဲ ပိတ္ဆို႕မႈေၾကာင့္ ျဖစ္ပြားရေသာ ေလျဖတ္ ေဝဒနာကို ေလွ်ာ့ ခ် ေပးႏိုင္ေၾကာင္း ေဖာ္ထုတ္ ႏိုင္ခဲ့သည္။ယခုေလ့လာမႈကို ဆြီဒင္ႏိုင္ငံ၊ Karolinska Instituteမွ သိပၸံပညာရွင္ မ်ားက ဦးေဆာင္ ေလ့လာခဲ့ၿပီး စေတာ့ ဟုမ္းၿမိဳ႕ရွိ လူဦးေရ ၇၅၀ဝ၀ခန့္ကို ေလ့လာခဲ့သည္။

အဂၤလန္ တစ္ႏိုင္ငံ တည္းတြင္ပင္ ေလျဖတ္ ေဝဒ နာေၾကာင့္ ေသဆံုးရသူ မ်ားမွာ ေန႕စဥ္၂၀ဝဦးခန္႕ ရွိၿပီး အမ်ားစုမွာ မသန္စြမ္း ျဖစ္မႈႏွင့္ ေၾကာက္ရြံ႕စြာ ေနထိုင္ရမႈမ်ားက ရွိရင္းစြဲ ေဝဒနာကို ပိုဆိုး ေစသျဖင့္ ေသဆံုး ရသည္ဟု ယခုစာတမ္းတြင္ ေရးသား ထားသည္။

ေလျဖတ္သူ ဦးေရ၏ ၈၅%မွာ Ischaemic stroke ဟုေခၚသည့္ ဦးေႏွာက္တြင္းသို႕သြားေသာ ေသြးေၾကာ မ်ားတြင္ ေသြးခဲ ပိတ္ဆို႕ျခင္းႏွင့္ ဦးေႏွာက္ ေသြးလွည့္ပတ္မႈ ပံုမွန္ မျဖစ္ျခင္းေၾကာင့္ ျဖစ္ပြားရ သည့္ ေလျဖတ္ျခင္းကို ခံစားရသည္။ က်န္ ၁၅%မွံာ Haemorrhagic stroke ဟုေခၚသည့္ ဦးေႏွာက္တြင္းမွ ေသြးေၾကာ ေပါက္ျခင္းေၾကာင့္ ျဖစ္ပြားရေသာ ေလျဖတ္ျခင္းကို ခံစားရသည္။

ေလ့လာမႈ မ်ားစြာ အရ လက္ဖက္စိမ္း (green-tea)ရည္က ဦးေႏွာက္ အေပၚ ကာကြယ္ႏိုင္မႈ အေပၚ အထူးျပဳျခင္းမ်ားသာ ရွိေနၿပီး လက္ဖက္ရည္ၾကမ္း (black-tea) အေပၚ ေလ့လာမႈမ်ား နည္းပါး ေနသည္ဟု ဆိုထား သည္။ ယခုေလ့လာမႈ တြင္လူေပါင္း၇၅၀ဝ၀ အနက္၄၀ဝ၀ ခန္႕သည္ ျပင္းထန္ေသာ ေလျဖတ္ ေဝဒနာကို ခံစားေနရသူမ်ား ျဖစ္ၿပီး ယခုေလ့လာမႈကို ၁၉၉၇ခုႏွစ္မွ စတင္ခဲ့ျခင္း ျဖစ္သည္။

ရလဒ္မ်ား အနက္ ေလျဖတ္ ေဝဒနာကို မခံစား ရသူမ်ားသည္ လက္ဖက္ရည္ၾကမ္း ေသာက္သံုးသူ အမ်ားစု ျဖစ္ေနသည္ကို ေတြ႕ခဲ့ရၿပီး ယင္းလက္ဖက္ရည္ၾကမ္း ေသာက္သံုး သူမ်ားသည္ မေသာက္သံုး သူမ်ားထက္ ေလျဖတ္ ေဝဒနာကို၂၀% ပိုမိုေလ်ာ့ နည္းေၾကာင္းကို ေဖာ္ထုတ္ ႏိုင္ခဲ့သည္။

ယခုေလ့လာမႈတြင္ ပါဝင္ေသာ ေလျဖတ္ ေဝဒနာကို ေလ်ာ့ပါး ေစႏိုင္သည့္ အာနိသင္သည္ လက္ဖက္ရည္ၾကမ္းတြင္ ပါဝင္ေသာ ႏွလံုးႏွင့္ ဦးေႏွာက္ က်န္းမာေရးကို ေကာင္းမြန္ ေစသည့္ flavonoid ဓာတ္ေပါင္း မ်ားေၾကာင့္ ျဖစ္သည္ဟု ဆိုထားသည္။ ယခု ေလ့လာမႈကို lnter national journal of Stroke တြင္ေဖာ္ျပထားျခင္း ျဖစ္သည္။

Credit:Health Updates Journal

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

လက်ဖက်ရည်ကြမ်း တစ်နေ့ကို လေးခွက်မျှ ပုံမှန် သောက်သုံးသူ များတွင် လေဖြတ် ဝေဒနာ ခံစားရနိုင်ချေ ၂၀% လျော့နည်း နိုင်ကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြထားသည်။

သုတေသီများသည် ဆွီဒင် နိုင်ငံရှိ လက်ဖက်ရည် သောက်သုံးသူ များကို အထူးပြု လေ့လာခဲ့ပြီး ယင်းတို့သည် ဦးနှောက်တွင်း သွေးခဲ ပိတ်ဆို့မှုကြောင့် ဖြစ်ပွားရသော လေဖြတ် ဝေဒနာကို လျှော့ ချ ပေးနိုင်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။ယခုလေ့လာမှုကို ဆွီဒင်နိုင်ငံ၊ Karolinska Instituteမှ သိပ္ပံပညာရှင် များက ဦးဆောင် လေ့လာခဲ့ပြီး စတော့ ဟုမ်းမြို့ရှိ လူဦးရေ ၇၅၀ဝဝခန့်ကို လေ့လာခဲ့သည်။

အင်္ဂလန် တစ်နိုင်ငံ တည်းတွင်ပင် လေဖြတ် ဝေဒ နာကြောင့် သေဆုံးရသူ များမှာ နေ့စဉ်၂၀ဝဦးခန့် ရှိပြီး အများစုမှာ မသန်စွမ်း ဖြစ်မှုနှင့် ကြောက်ရွံ့စွာ နေထိုင်ရမှုများက ရှိရင်းစွဲ ဝေဒနာကို ပိုဆိုး စေသဖြင့် သေဆုံး ရသည်ဟု ယခုစာတမ်းတွင် ရေးသား ထားသည်။

လေဖြတ်သူ ဦးရေ၏ ၈၅%မှာ Ischaemic stroke ဟုခေါ်သည့် ဦးနှောက်တွင်းသို့သွားသော သွေးကြော များတွင် သွေးခဲ ပိတ်ဆို့ခြင်းနှင့် ဦးနှောက် သွေးလှည့်ပတ်မှု ပုံမှန် မဖြစ်ခြင်းကြောင့် ဖြစ်ပွားရ သည့် လေဖြတ်ခြင်းကို ခံစားရသည်။ ကျန် ၁၅%မှံာ Haemorrhagic stroke ဟုခေါ်သည့် ဦးနှောက်တွင်းမှ သွေးကြော ပေါက်ခြင်းကြောင့် ဖြစ်ပွားရသော လေဖြတ်ခြင်းကို ခံစားရသည်။

လေ့လာမှု များစွာ အရ လက်ဖက်စိမ်း (green-tea)ရည်က ဦးနှောက် အပေါ် ကာကွယ်နိုင်မှု အပေါ် အထူးပြုခြင်းများသာ ရှိနေပြီး လက်ဖက်ရည်ကြမ်း (black-tea) အပေါ် လေ့လာမှုများ နည်းပါး နေသည်ဟု ဆိုထား သည်။ ယခုလေ့လာမှု တွင်လူပေါင်း၇၅၀ဝ၀ အနက်၄၀ဝ၀ ခန့်သည် ပြင်းထန်သော လေဖြတ် ဝေဒနာကို ခံစားနေရသူများ ဖြစ်ပြီး ယခုလေ့လာမှုကို ၁၉၉၇ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။

ရလဒ်များ အနက် လေဖြတ် ဝေဒနာကို မခံစား ရသူများသည် လက်ဖက်ရည်ကြမ်း သောက်သုံးသူ အများစု ဖြစ်နေသည်ကို တွေ့ခဲ့ရပြီး ယင်းလက်ဖက်ရည်ကြမ်း သောက်သုံး သူများသည် မသောက်သုံး သူများထက် လေဖြတ် ဝေဒနာကို၂၀% ပိုမိုလျော့ နည်းကြောင်းကို ဖော်ထုတ် နိုင်ခဲ့သည်။

ယခုလေ့လာမှုတွင် ပါဝင်သော လေဖြတ် ဝေဒနာကို လျော့ပါး စေနိုင်သည့် အာနိသင်သည် လက်ဖက်ရည်ကြမ်းတွင် ပါဝင်သော နှလုံးနှင့် ဦးနှောက် ကျန်းမာရေးကို ကောင်းမွန် စေသည့် flavonoid ဓာတ်ပေါင်း များကြောင့် ဖြစ်သည်ဟု ဆိုထားသည်။ ယခု လေ့လာမှုကို lnter national journal of Stroke တွင်ဖော်ပြထားခြင်း ဖြစ်သည်။

Credit:Health Updates Journal

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top