iMyanmarHouse.com - Best Property Website for Myanmar
×


စစ္တမ္း ေကာက္ယူခ်က္ေတြအရ ၄၄% ေသာ လက္ထပ္ၿပီး စုံတြဲေတြက တစ္ပတ္တစ္ခါ ရန္ျဖစ္စကားမ်ားရင္ အခ်ိန္ၾကာၾကာ ပိုခ်စ္ၾကတယ္လို႔ ေျပာပါတယ္ ။ တကယ္ေတာ့ စကားမ်ားတတ္တဲ့ စုံတြဲေတြက ပိုၿပီး ၿမဲၾကပါတယ္ ။ တစ္ေယာက္နဲ႔တစ္ေယာက္ ၾကားမွာ အထင္လြဲစရာေတြ နည္းသြားၿပီး တစ္ေယာက္အေၾကာင္း တစ္ေယာက္က ပိုသိလာၾကပါတယ္ ။

၉။ ရန္ျဖစ္တယ္ဆိုတာ ရင့္က်က္တဲ့အခ်စ္ေရးရဲ႕ လကၡဏာေတြပါ

စကားမမ်ား၊ ရန္မျဖစ္ပဲ ေနတာက တကယ့္ေတာ့ မေကာင္းပါဘူး ။ စကားမ်ား ရန္ျဖစ္ေနတဲ့ အခ်ိန္မွာ စိတ္ထဲ ရွိသမွ်ကို ပြင့္ပြင့္လင္းလင္း ေျပာႏိုင္ပါတယ္ ။ အဲဒီလို စိတ္ထဲမရွင္းလင္း သမွ်ကို ေျပာခ်လိုက္လို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုရင္းႏွီးသြားပါတယ္ ။ ရင့္က်က္သြားတဲ့သူေတြက ကိုယ္ေရးကိုယ္တာ ကိစၥေတြကို မတိုက္ခိုက္ တတ္သလို ေအာ္ဟစ္ၿပီးလည္း မေျပာပါဘူး ။ စကားမ်ားၿပီးေတာ့ အဆင္ေျပေအာင္ ညႇိႏႈိင္းယူမယ္ဆိုရင္ သင္တို႔ အခ်စ္ေရးက ေပ်ာ္စရာ ေကာင္းမွာပါ ။

၈။ ရန္ျဖစ္တယ္ဆိုတာ ဂ႐ုစိုက္ေပးတာပါ

သင့္ခ်စ္သူရဲ႕ အျပဳအမႈေလးေတြကို ဥေပကၡာ ဂ႐ုမစိုက္တတ္တာဟာ မေကာင္းပါဘူး ။ တစ္ကယ္ဆို တစ္ေယာက္ရဲ႕ နာက်င္မႈကို တစ္ေယာက္ကလည္း မွ်ေဝ ခံစားေပးရမွာပါ ။ အဲဒါေၾကာင့္ သင့္ခ်စ္သူရဲ႕ အေၾကာင္းကို ဂ႐ုျပဳမိၿပီး စကားမ်ား ရန္ျဖစ္တာက အခ်စ္စစ္ကို ျဖစ္ေပၚေစပါတယ္ ။ စကားမ်ားတာက ပိုခ်စ္လို႔ပါ ။ ေမာင္ႏွမေတြနဲ႔ စကားမ်ားတာကလည္းခ်စ္လို႔ပါ ။ အဲဒီလိုပါပဲ ။ စုံတြဲေတြ စကားမ်ား ရန္ျဖစ္တာက တစ္ေယာက္ ကိုတစ္ေယာက္ဂ႐ုစိုက္လို႔ပါ ။

၇။ ရန္ျဖစ္ျခင္းက သင္တို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးေတြကို ေျပျပစ္ေစတယ္

သင့္ခ်စ္သူသင့္ကို ယုံၾကည္ေစခ်င္ရင္ ေအးတိေအးစက္ မေနပါနဲ႔ ။ တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္ပြင့္လင္းလင္း ေျပာသင့္ပါတယ္ ။ သူေျပာတာကို ေသခ်ာနားေထာင္ေပးတာကလည္း ခ်စ္ျခင္း တစ္မ်ိဴးပါပဲ ။ ျငင္းဆိုၿပီးၾကၿပီဆိုရင္ ရင္းႏွီးမႈ ၊ ယုံၾကည္မႈေတြ တိုးလာပါတယ္ ။ ၿပီးေတာ့ ေနာက္ထပ္ အဆင္ေျပေအာင္ ဘယ္လို ေနၾကမလဲဆိုတာပါ သိလာပါတယ္ ။

၆။ ရန္ျဖစ္ စကားမ်ားတယ္ဆိုတာ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အခ်စ္ေရးပါ

စိတ္ပညာရွင္ေတြ ေျပာျပတဲ့ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အခ်စ္ရဲ႕ လကၡဏာေတြထဲမွာ ရန္ျဖစ္စကားမ်ားတာလည္း ပါဝင္ပါတယ္ ။ တစ္ခါမွ ရန္မျဖစ္ဘူး ဆိုရင္ေတာ့ တစ္ခုခုမွားေနလို႔ပါ ။ ရန္ျဖစ္ၿပီဆိုရင္ ကိုယ့္ရဲ႕ စိတ္ခံစားခ်က္ေတြကို ျပန္ၿပီး သုံးသပ္လာႏိုင္ပါတယ္ ။ နားလည္မႈ လြဲေနတာေတြ ေပ်ာက္ကင္းသြားဖို႔က အဓိကပါ ။ ဒါေပမယ့္ ေအးေအးေဆးေဆး စကားမ်ားတာပဲ ျဖစ္သင့္ၿပီး မေခၚမေျပာပဲေနတာ ၊ အသံက်ယ္က်ယ္ေျပာတာေတြက ပိုၿပီး စိတ္ထိခိုက္ေစပါတယ္ ။

၅။ ရန္ျဖစ္စကားမ်ားျခင္းက သင္တို႔အခ်စ္ေရးကို ခိုင္မာေစတယ္

ရန္ျဖစ္စကားမ်ားရင္ အႏိုင္၊ အရႈံးဆိုတာ အေရးမႀကီးပါဘူး ။ သူ႔ကို နားလည္ေပးႏိုင္ဖို႔ပဲအေရးႀကီးပါတယ္ ။ အေသးအဖြဲ စကားမ်ားတာက သင္တို႔ရဲ႕ ဇာတိ႐ုပ္ အစစ္ကို ေပၚလာေစတာပါ ။ ေရွ႕ျဖစ္လာမယ့္ စိန္ေခၚမႈေတြကို ေျဖရွင္းလာႏိုင္ပါတယ္ ။ စကားမ်ားျခင္းက သင္တို႔ႏွစ္ေယာက္ကို ပိုၿပီး ခိုင္ၿမဲေစမယ့္ နည္းလမ္းေတြ သိလာမွာပါ ။

၄။ ရန္ျဖစ္စကားမ်ားျခင္းက မေက်ခ်မ္းမႈေတြကို ေျပေလ်ာ့ေစပါတယ္

ရည္းစားထားရတာလည္း မလြယ္လွပါဘူး ။ သူ႔ကိုတကယ္ခ်စ္ရင္ အေလးထားဖို႔လဲ လိုပါတယ္ ။ အေလးထားရင္ မေက်ခ်မ္းမႈေတြ ေလ်ာ့လာပါလိမ့္မယ္ ။ မေက်ခ်မ္းမႈေတြကို မေျဖရွင္းရင္ ပိုၿပီး ႀကီးထြားလာမွာပါ ။ အဲဒီအခါ သင္တို႔ အခ်စ္ေရးလည္း အဆင္မေျပေတာ့ပါဘူး ။ အေကာင္းဆုံး ေျဖရွင္းဖို႔က သူမေက်နပ္တာေတြ ၊ သင့္ လိုအပ္ခ်က္ေတြကို ေျပာခြင့္ေပးလိုက္ပါ ။

၃။ ရန္ျဖစ္စကားမ်ားျခင္းက ခ်စ္သူသက္တမ္း ပိုၾကာေစတယ္

တစ္ခုခုမွားေနတယ္ဆိုတာ သိေပမယ့္ မေျပာဘဲ သူ႔ကို ေရွာင္ေနတာ အႀကီးဆုံး အမွားပါ ။ လမ္းခြဲတာ အထိလည္း ျဖစ္ႏိုင္ပါတယ္ ။ စုံတြဲ အမ်ားစုက ျပႆနာ ျဖစ္ေစမယ့္အေၾကာင္းအရာေတြကို မေျပာသင့္ဘူးလို႔ ထင္ၾကပါတယ္ ။ ျပႆနာေတြကို မေျဖရွင္းရင္ ပိုၿပီး ႀကီးလာမွာပါ ။ အဲ့တာေၾကာင့္ ျပႆနာေတြကို စိတ္ထဲ မထားဘဲ ေျဖရွင္းရင္း စကားမ်ားသြားတာက ပိုၿပီးေတာ့ ၿမဲေစပါတယ္ ။

၂။ ရန္ျဖစ္ခ်င္းက သင့္အခ်စ္ေတြကို ေဖာ္ျပေပးတယ္

ရန္ျဖစ္တယ္ဆိုတာ အခ်စ္ႀကီးလို႔ပါ ။ သင့္ခ်စ္သူနဲ႔ အခ်ိန္အၾကာႀကီး ျဖတ္သန္းခ်င္ရင္ သံသယေတြ မထားပါနဲ႔ ။ သံသယေတြ ေပ်ာက္သြားဖို႔ စကားမ်ားလိုက္တာက အေကာင္းဆုံးပဲဆိုတာ မေမ့ပါနဲ႔ေနာ္ ။

၁။ ရန္ျဖစ္စကားမ်ားတာက ပ်င္းရိၿငီးေငြ႕တာကို ေပ်ာက္ေစတယ္

ႏွစ္ေတြအၾကာႀကီး တြဲလာၿပီဆိုရင္ သူ႔အေပၚမွာ သေဘာမက်တဲ့ အခ်က္ေတြကို ထုတ္ေျပာလိုက္ပါ ။ ႏွစ္ေယာက္လုံး စိတ္ကူကိုယ္တူ ျဖစ္တယ္ဆိုရင္ ေပ်ာ္စရာေကာင္းမွာပါ ။ အဲဒါေၾကာင့္ ေနာက္တစ္ခါ ရန္ျဖစ္ရမွာကိုလည္း မေၾကာက္ပါနဲ႔ ။ ရန္ျဖစ္ျခင္းက သင္တို႔အခ်စ္ေရးမွာ အက်ိဳးရွိေစပါတယ္ ။

Credit:Zombie ( Love အတိုစေလးမ်ား )

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

စစ်တမ်း ကောက်ယူချက်တွေအရ ၄၄% သော လက်ထပ်ပြီး စုံတွဲတွေက တစ်ပတ်တစ်ခါ ရန်ဖြစ်စကားများရင် အချိန်ကြာကြာ ပိုချစ်ကြတယ်လို့ ပြောပါတယ် ။ တကယ်တော့ စကားများတတ်တဲ့ စုံတွဲတွေက ပိုပြီး မြဲကြပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် ကြားမှာ အထင်လွဲစရာတွေ နည်းသွားပြီး တစ်ယောက်အကြောင်း တစ်ယောက်က ပိုသိလာကြပါတယ် ။

၉။ ရန်ဖြစ်တယ်ဆိုတာ ရင့်ကျက်တဲ့အချစ်ရေးရဲ့ လက္ခဏာတွေပါ

စကားမများ၊ ရန်မဖြစ်ပဲ နေတာက တကယ့်တော့ မကောင်းပါဘူး ။ စကားများ ရန်ဖြစ်နေတဲ့ အချိန်မှာ စိတ်ထဲ ရှိသမျှကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ် ။ အဲဒီလို စိတ်ထဲမရှင်းလင်း သမျှကို ပြောချလိုက်လို့ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးသွားပါတယ် ။ ရင့်ကျက်သွားတဲ့သူတွေက ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မတိုက်ခိုက် တတ်သလို အော်ဟစ်ပြီးလည်း မပြောပါဘူး ။ စကားများပြီးတော့ အဆင်ပြေအောင် ညှိနှိုင်းယူမယ်ဆိုရင် သင်တို့ အချစ်ရေးက ပျော်စရာ ကောင်းမှာပါ ။

၈။ ရန်ဖြစ်တယ်ဆိုတာ ဂရုစိုက်ပေးတာပါ

သင့်ချစ်သူရဲ့ အပြုအမှုလေးတွေကို ဥပေက္ခာ ဂရုမစိုက်တတ်တာဟာ မကောင်းပါဘူး ။ တစ်ကယ်ဆို တစ်ယောက်ရဲ့ နာကျင်မှုကို တစ်ယောက်ကလည်း မျှဝေ ခံစားပေးရမှာပါ ။ အဲဒါကြောင့် သင့်ချစ်သူရဲ့ အကြောင်းကို ဂရုပြုမိပြီး စကားများ ရန်ဖြစ်တာက အချစ်စစ်ကို ဖြစ်ပေါ်စေပါတယ် ။ စကားများတာက ပိုချစ်လို့ပါ ။ မောင်နှမတွေနဲ့ စကားများတာကလည်းချစ်လို့ပါ ။ အဲဒီလိုပါပဲ ။ စုံတွဲတွေ စကားများ ရန်ဖြစ်တာက တစ်ယောက် ကိုတစ်ယောက်ဂရုစိုက်လို့ပါ ။

၇။ ရန်ဖြစ်ခြင်းက သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေကို ပြေပြစ်စေတယ်

သင့်ချစ်သူသင့်ကို ယုံကြည်စေချင်ရင် အေးတိအေးစက် မနေပါနဲ့ ။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ် ။ သူပြောတာကို သေချာနားထောင်ပေးတာကလည်း ချစ်ခြင်း တစ်မျိူးပါပဲ ။ ငြင်းဆိုပြီးကြပြီဆိုရင် ရင်းနှီးမှု ၊ ယုံကြည်မှုတွေ တိုးလာပါတယ် ။ ပြီးတော့ နောက်ထပ် အဆင်ပြေအောင် ဘယ်လို နေကြမလဲဆိုတာပါ သိလာပါတယ် ။

၆။ ရန်ဖြစ် စကားများတယ်ဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးပါ

စိတ်ပညာရှင်တွေ ပြောပြတဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရဲ့ လက္ခဏာတွေထဲမှာ ရန်ဖြစ်စကားများတာလည်း ပါဝင်ပါတယ် ။ တစ်ခါမှ ရန်မဖြစ်ဘူး ဆိုရင်တော့ တစ်ခုခုမှားနေလို့ပါ ။ ရန်ဖြစ်ပြီဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ပြန်ပြီး သုံးသပ်လာနိုင်ပါတယ် ။ နားလည်မှု လွဲနေတာတွေ ပျောက်ကင်းသွားဖို့က အဓိကပါ ။ ဒါပေမယ့် အေးအေးဆေးဆေး စကားများတာပဲ ဖြစ်သင့်ပြီး မခေါ်မပြောပဲနေတာ ၊ အသံကျယ်ကျယ်ပြောတာတွေက ပိုပြီး စိတ်ထိခိုက်စေပါတယ် ။

၅။ ရန်ဖြစ်စကားများခြင်းက သင်တို့အချစ်ရေးကို ခိုင်မာစေတယ်

ရန်ဖြစ်စကားများရင် အနိုင်၊ အရှုံးဆိုတာ အရေးမကြီးပါဘူး ။ သူ့ကို နားလည်ပေးနိုင်ဖို့ပဲအရေးကြီးပါတယ် ။ အသေးအဖွဲ စကားများတာက သင်တို့ရဲ့ ဇာတိရုပ် အစစ်ကို ပေါ်လာစေတာပါ ။ ရှေ့ဖြစ်လာမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းလာနိုင်ပါတယ် ။ စကားများခြင်းက သင်တို့နှစ်ယောက်ကို ပိုပြီး ခိုင်မြဲစေမယ့် နည်းလမ်းတွေ သိလာမှာပါ ။

၄။ ရန်ဖြစ်စကားများခြင်းက မကျေချမ်းမှုတွေကို ပြေလျော့စေပါတယ်

ရည်းစားထားရတာလည်း မလွယ်လှပါဘူး ။ သူ့ကိုတကယ်ချစ်ရင် အလေးထားဖို့လဲ လိုပါတယ် ။ အလေးထားရင် မကျေချမ်းမှုတွေ လျော့လာပါလိမ့်မယ် ။ မကျေချမ်းမှုတွေကို မဖြေရှင်းရင် ပိုပြီး ကြီးထွားလာမှာပါ ။ အဲဒီအခါ သင်တို့ အချစ်ရေးလည်း အဆင်မပြေတော့ပါဘူး ။ အကောင်းဆုံး ဖြေရှင်းဖို့က သူမကျေနပ်တာတွေ ၊ သင့် လိုအပ်ချက်တွေကို ပြောခွင့်ပေးလိုက်ပါ ။

၃။ ရန်ဖြစ်စကားများခြင်းက ချစ်သူသက်တမ်း ပိုကြာစေတယ်

တစ်ခုခုမှားနေတယ်ဆိုတာ သိပေမယ့် မပြောဘဲ သူ့ကို ရှောင်နေတာ အကြီးဆုံး အမှားပါ ။ လမ်းခွဲတာ အထိလည်း ဖြစ်နိုင်ပါတယ် ။ စုံတွဲ အများစုက ပြဿနာ ဖြစ်စေမယ့်အကြောင်းအရာတွေကို မပြောသင့်ဘူးလို့ ထင်ကြပါတယ် ။ ပြဿနာတွေကို မဖြေရှင်းရင် ပိုပြီး ကြီးလာမှာပါ ။ အဲ့တာကြောင့် ပြဿနာတွေကို စိတ်ထဲ မထားဘဲ ဖြေရှင်းရင်း စကားများသွားတာက ပိုပြီးတော့ မြဲစေပါတယ် ။

၂။ ရန်ဖြစ်ချင်းက သင့်အချစ်တွေကို ဖော်ပြပေးတယ်

ရန်ဖြစ်တယ်ဆိုတာ အချစ်ကြီးလို့ပါ ။ သင့်ချစ်သူနဲ့ အချိန်အကြာကြီး ဖြတ်သန်းချင်ရင် သံသယတွေ မထားပါနဲ့ ။ သံသယတွေ ပျောက်သွားဖို့ စကားများလိုက်တာက အကောင်းဆုံးပဲဆိုတာ မမေ့ပါနဲ့နော် ။

၁။ ရန်ဖြစ်စကားများတာက ပျင်းရိငြီးငွေ့တာကို ပျောက်စေတယ်

နှစ်တွေအကြာကြီး တွဲလာပြီဆိုရင် သူ့အပေါ်မှာ သဘောမကျတဲ့ အချက်တွေကို ထုတ်ပြောလိုက်ပါ ။ နှစ်ယောက်လုံး စိတ်ကူကိုယ်တူ ဖြစ်တယ်ဆိုရင် ပျော်စရာကောင်းမှာပါ ။ အဲဒါကြောင့် နောက်တစ်ခါ ရန်ဖြစ်ရမှာကိုလည်း မကြောက်ပါနဲ့ ။ ရန်ဖြစ်ခြင်းက သင်တို့အချစ်ရေးမှာ အကျိုးရှိစေပါတယ် ။

Credit:Zombie ( Love အတိုစလေးများ )

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top