iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ စားခ်င္တာကို အားရပါးရစားၿပီးတဲ့ေနာက္မွာ ဗိုက္ျပည့္ၿပီး တင္းတိမ္သြားရင္ေတာ့ ျပႆနာမ႐ွိေပမယ့္ အစား စားတာမ်ားသြားလို႔ အစာမေၾကျဖစ္ၿပီဆိုရင္ေတာ့ စိတ္မခ်မ္းမသာျဖစ္ရပါတယ္။

ဒီလိုအစာမေၾကျဖစ္လာၿပီဆိုရင္ ဘယ္လို အစားအစာေတြကို ေ႐ွာင္ၾကဥ္သင့္သလဲဆိုတာ စာဖတ္သူတို႔ သိၿပီးပါၿပီလား။ အစာမေၾကျဖစ္တဲ့အခါ အခုေဖာ္ျပေပးမယ့္အစားအစာေတြကို စားသံုးမိမယ္ဆို ေဝဒနာပိုဆိုးသြားတတ္ပါတယ္။

ဆီမ်ားတဲ့ အစားအစာမ်ား၊ အေၾကာ္စာမ်ား

ဆီမ်ားမ်ားနဲ႔ ခ်က္ျပဳတ္ေၾကာ္ေလွာ္ထားတဲ့အစားအစာေတြက က်န္းမာေရးအတြက္ ဆိုးရြားစြာထိခိုက္ႏိုင္ပါတယ္။ အထူးသျဖင့္ အစာမေၾကျဖစ္ေနတဲ့အခ်ိန္ဆိုရင္ ပိုဆိုးပါတယ္။ ထိုအစာထဲမွာ ပါဝင္တဲ့ အဆီဓာတ္က အစာေခ်စနစ္ကို ထိခိုက္ေစတာေၾကာင့္ အစာမေၾကမႈႏႈန္းက ပိုျမွင့္လာပါလိမ့္မယ္။

င႐ုတ္သီးေတာင့္

အစပ္ ဘယ္ေလာက္ႀကိဳက္ႀကိဳက္ အစာမေၾကျဖစ္ေနခ်ိန္မွာေတာ့ င႐ုတ္သီးေတာင့္မ်ားနဲ႔ စပ္တဲ့အစားအစာေတြကို ခဏတျဖဳတ္ ေမ့ထားသင့္ပါတယ္။ စားမိလိုက္မယ္ဆိုရင္ အစာျပြန္ကို ပူေလာင္ေစၿပီး အူလမ္းေၾကာင္းကိုလည္း ေလာင္ကြ်မ္းသြားေစပါလိမ့္မယ္။

ႏို႔ထြက္ပစၥည္းမ်ား

သင့္ ခႏၶာကိုယ္က လိုအပ္တဲ့ ကယ္လစီယမ္ဓာတ္ကို ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ားမွ ရယူႏိုင္ေပမယ့္ အစာမေၾကခ်ိန္မွာေတာ့ ထိုႏို႔ထြက္ပစၥည္းမ်ားက သင့္ကို အာဟာရဓာတ္ေတြ မေပးစြမ္းဘဲ သင့္ အစာအိမ္ထဲက အူေတြကို ထိခိုက္ပ်က္စီးေစမွာပဲျဖစ္ပါတယ္။

အရက္

လူႀကိဳက္မ်ားတဲ့ အရက္ေတြထဲမွာပါ၀င္တဲ့ ကယ္လိုရီအခ်ိဳးအစားမ်ား

အရက္၊ ဘီယာတို႔က သင့္ က်န္းမာေရးကို ထိခိုက္ေစႏိုင္တယ္ဆိုတာကေတာ့ ေျပာေနစရာမလိုေတာ့ပါဘူး။ အစာမေၾကျဖစ္ေနခ်ိန္ဆို ပိုသတိထားသင့္ပါတယ္။ ထိုအခ်ိန္မွာ ေသာက္သံုးမိမယ္ဆိုရင္ အစာအိမ္နံရံကို ေလာင္ကြ်မ္းသြားေစၿပီး အာဟာရဓာတ္မ်ားကို အကုန္အစင္ စုပ္ယူပစ္လိုက္ပါတယ္။ အစာအိမ္အားနည္းသြားတာေၾကာင့္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါနဲ႔ အစာအိမ္ေအာင့္ျခင္းကိုလည္း မၾကာခဏ ခံစားရ႐ွိႏိုင္ပါတယ္။

ေကာ္ဖီ၊ လက္ဖက္ရည္ႏွင့္ ဆိုဒါအခ်ိဳရည္မ်ား

အစာမေၾကျဖစ္ေနခ်ိန္မွာ ေ႐ွာင္ၾကဥ္သင့္တဲ့ ေဖ်ာ္ရည္ေတြထဲမွာ ေကာ္ဖီ၊ လက္ဖက္ရည္ႏွင့္ ကာဗြန္နိတ္ဓာတ္တို႔ပါဝင္တဲ့ အခ်ိဳရည္ေတြလည္း ပါဝင္ပါတယ္။ ဒါ့အျပင္ ပင္စိမ္းလက္ဖက္ရည္ကိုလည္း မေသာက္သံုးသင့္ဘူးလို႔ ေလ့လာေတြ႔႐ွိခ်က္ေတြအရ သိ႐ွိရပါတယ္။

ေျပာင္းဖူး

အစာမေၾကျဖစ္ေနတဲ့ခ်ိန္မွာ ေျပာင္းဖူးထဲက အမွ်င္ဓာတ္ေတြကို ေခ်ဖ်က္ေပးႏိုင္တဲ့ အင္ဇိုင္းဓာတ္ လံုေလာက္စြာ မ႐ွိတဲ့အတြက္ေၾကာင့္ ေျပာင္းဖူးကိုလည္း မစားသင့္ပါဘူး။ ျဖည္းျဖည္းေလးနဲ႔ ၾကာၾကာဝါးစားမယ္ဆိုရင္ေတာ့ စားသံုးလို႔ရေပမယ့္ ဝါးမစားဘဲ အေစ့လိုက္ မ်ိဳခ်တတ္တဲ့အက်င့္႐ွိရင္ေတာ့ အစာမေၾကတဲ့အခ်ိန္မွာ ေ႐ွာင္ၾကဥ္တာ အေကာင္းဆံုးပါပဲ။

Credit:myfoodmyanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ် စားချင်တာကို အားရပါးရစားပြီးတဲ့နောက်မှာ ဗိုက်ပြည့်ပြီး တင်းတိမ်သွားရင်တော့ ပြဿနာမရှိပေမယ့် အစား စားတာများသွားလို့ အစာမကြေဖြစ်ပြီဆိုရင်တော့ စိတ်မချမ်းမသာဖြစ်ရပါတယ်။

ဒီလိုအစာမကြေဖြစ်လာပြီဆိုရင် ဘယ်လို အစားအစာတွေကို ရှောင်ကြဉ်သင့်သလဲဆိုတာ စာဖတ်သူတို့ သိပြီးပါပြီလား။ အစာမကြေဖြစ်တဲ့အခါ အခုဖော်ပြပေးမယ့်အစားအစာတွေကို စားသုံးမိမယ်ဆို ဝေဒနာပိုဆိုးသွားတတ်ပါတယ်။

ဆီများတဲ့ အစားအစာများ၊ အကြော်စာများ

ဆီများများနဲ့ ချက်ပြုတ်ကြော်လှော်ထားတဲ့အစားအစာတွေက ကျန်းမာရေးအတွက် ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် အစာမကြေဖြစ်နေတဲ့အချိန်ဆိုရင် ပိုဆိုးပါတယ်။ ထိုအစာထဲမှာ ပါဝင်တဲ့ အဆီဓာတ်က အစာချေစနစ်ကို ထိခိုက်စေတာကြောင့် အစာမကြေမှုနှုန်းက ပိုမြှင့်လာပါလိမ့်မယ်။

ငရုတ်သီးတောင့်

အစပ် ဘယ်လောက်ကြိုက်ကြိုက် အစာမကြေဖြစ်နေချိန်မှာတော့ ငရုတ်သီးတောင့်များနဲ့ စပ်တဲ့အစားအစာတွေကို ခဏတဖြုတ် မေ့ထားသင့်ပါတယ်။ စားမိလိုက်မယ်ဆိုရင် အစာပြွန်ကို ပူလောင်စေပြီး အူလမ်းကြောင်းကိုလည်း လောင်ကျွမ်းသွားစေပါလိမ့်မယ်။

နို့ထွက်ပစ္စည်းများ

သင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လစီယမ်ဓာတ်ကို နို့နှင့် နို့ထွက်ပစ္စည်းများမှ ရယူနိုင်ပေမယ့် အစာမကြေချိန်မှာတော့ ထိုနို့ထွက်ပစ္စည်းများက သင့်ကို အာဟာရဓာတ်တွေ မပေးစွမ်းဘဲ သင့် အစာအိမ်ထဲက အူတွေကို ထိခိုက်ပျက်စီးစေမှာပဲဖြစ်ပါတယ်။

အရက်

လူကြိုက်များတဲ့ အရက်တွေထဲမှာပါဝင်တဲ့ ကယ်လိုရီအချိုးအစားများ

အရက်၊ ဘီယာတို့က သင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ ပြောနေစရာမလိုတော့ပါဘူး။ အစာမကြေဖြစ်နေချိန်ဆို ပိုသတိထားသင့်ပါတယ်။ ထိုအချိန်မှာ သောက်သုံးမိမယ်ဆိုရင် အစာအိမ်နံရံကို လောင်ကျွမ်းသွားစေပြီး အာဟာရဓာတ်များကို အကုန်အစင် စုပ်ယူပစ်လိုက်ပါတယ်။ အစာအိမ်အားနည်းသွားတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အစာအိမ်အောင့်ခြင်းကိုလည်း မကြာခဏ ခံစားရရှိနိုင်ပါတယ်။

ကော်ဖီ၊ လက်ဖက်ရည်နှင့် ဆိုဒါအချိုရည်များ

အစာမကြေဖြစ်နေချိန်မှာ ရှောင်ကြဉ်သင့်တဲ့ ဖျော်ရည်တွေထဲမှာ ကော်ဖီ၊ လက်ဖက်ရည်နှင့် ကာဗွန်နိတ်ဓာတ်တို့ပါဝင်တဲ့ အချိုရည်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ပင်စိမ်းလက်ဖက်ရည်ကိုလည်း မသောက်သုံးသင့်ဘူးလို့ လေ့လာတွေ့ရှိချက်တွေအရ သိရှိရပါတယ်။

ပြောင်းဖူး

အစာမကြေဖြစ်နေတဲ့ချိန်မှာ ပြောင်းဖူးထဲက အမျှင်ဓာတ်တွေကို ချေဖျက်ပေးနိုင်တဲ့ အင်ဇိုင်းဓာတ် လုံလောက်စွာ မရှိတဲ့အတွက်ကြောင့် ပြောင်းဖူးကိုလည်း မစားသင့်ပါဘူး။ ဖြည်းဖြည်းလေးနဲ့ ကြာကြာဝါးစားမယ်ဆိုရင်တော့ စားသုံးလို့ရပေမယ့် ဝါးမစားဘဲ အစေ့လိုက် မျိုချတတ်တဲ့အကျင့်ရှိရင်တော့ အစာမကြေတဲ့အချိန်မှာ ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

Credit:myfoodmyanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top