iMyanmarHouse.com - Best Property Website for Myanmar
×

ဆီးသြားခ်င္ရက္နဲ႕ ထမသြားဘဲေအာင္႔ထားတတ္တဲ႔အက်င္႔က မေကာင္းတဲ႔အေလ႔အထတစ္ခုပါ။ ထိုင္ခံုမွာအၾကာႀကီးထိုင္ၿပီး အလုပ္လုပ္ရတဲ႔သူေတြ (စာေရးဆရာ၊ ဂရပ္ဖစ္ဒီဇိုင္နာ) နဲ႕ Game အေဆာ႔မ်ားတဲ႔သူေတြ လုပ္ေလ႔ရွိၾကပါတယ္။ အလုပ္မၿပီးျပတ္ေသးတာပဲျဖစ္ျဖစ္၊ ကိုယ္ေဆာ႔ေနတဲ႔ Game level တက္ေအာင္ေဆာ႔ေနတဲ႔အခ်ိန္မွာပဲျဖစ္ျဖစ္ ဆီးထမသြားဘဲ ေအာင္႔ထားမိတတ္ၾကပါတယ္။ ဒါေပမယ္႔ ကြ်န္ေတာ္တို႔ေတြ ဆီးထမသြားဘဲ ေအာင္႔ထားျခင္းရဲ႕ က်န္းမာေရးဆိုးက်ိဴးေတြကိုေကာ သိၾကပါရဲ႕လား။ တိုတိုနဲ႕လိုရင္းေျပာရရင္ေတာ႔ ဆီးေအာင္႔ထားျခင္းက ခင္ဗ်ားကိုအလြန္နာက်င္ေစတဲ႔ ဆီးအိမ္ေရာဂါ ျဖစ္ေစႏိုင္ပါတယ္။ ေနာက္ၿပီး တင္ပါးဆံုရိုးနာက်င္ျခင္းကိုလည္း ျဖစ္ေပၚေစပါတယ္။ ေနာက္ၿပီးအၾကာႀကီးဆီးေအာင္႔ထားမယ္ဆိုရင္ ဆီးေရာင္ဝါထိန္လာၿပီး ပူေလာင္သလိုခံစားလာရမွာပါ။ ဆီးအၾကာႀကီး ေအာင္႔ထားျခင္းေၾကာင္႔ ျဖစ္ပြားႏိုင္တဲ႔ေရာဂါေဝဒနာ ေတြကေတာ႔...

၁။ ဆီးအိမ္ကိုေဖာင္းကားေစတယ္

ဆီးအၾကာႀကီးမေအာင္႔သင္႔တဲ႔ အေၾကာင္းျပခ်က္တစ္ခုကေတာ႔ ဆီးအိမ္နဲ႔ပတ္သက္ၿပီးျပႆနာျဖစ္ေစႏိုင္လို႔ပါပဲ။ ကြ်န္ေတာ္တို႔ရဲ႕ ဆီးအိမ္ေတြဆိုတာလည္း ၾကြက္သားေတြပါပဲ။ ဆီးသြားခ်င္ရက္နဲ႔ မေပါက္ဘဲ ေအာင္႔ထားမိတဲ႔အခါ ၾကြက္သားကိုဆြဲဆန္႕သလို ျဖစ္သြားပါ။ ဥပမာေပးရရင္ သားေရကြင္းတစ္ကြင္းကို မျပတ္ရံုတမယ္ ဆြဲဆန္႕လိုက္တဲ႔အခါ မူရင္းပံုစံပ်က္သြားသလိုေပါ႔။ ဒါေၾကာင္႔ဆီးသြားခ်င္ရက္နဲ႔ မသြားဘဲ အၾကာႀကီးေအာင္႔ထားျခင္းက ဆီးအိမ္ၾကြက္သားေတြကိုအားနည္းေစၿပီး ေလ်ာ႔တိေလ်ာ႔ရဲျဖစ္ေစပါတယ္။ အခန္႕မသင္႔ရင္ေဆးခန္းေတာင္သြားျပရႏိုင္ပါတယ္။

၂။ ဗိုက္ေအာင္႔ေစတယ္

အဲဒီလိုုအၾကာႀကီးဆီးေအာင္႔ထားတဲ႔အတြက္ ဆီးသြားၿပီးရင္ေတာင္ ဗိုက္ေအာင္႔ၿပီးက်န္ခဲ႔မွာပါ။ ဘာေၾကာင္႔လဲဆိုေတာ႔ ဗိုက္ထဲမွာဆီးအိမ္တင္းေနေအာင္ ေအာင္႔ထားတဲ႔အတြက္ ဝမ္းဗိုက္ၾကြက္သားေတြ အားနည္းလာၿပီး ဗိုက္ေအာင္႔လာေစတာပါပဲ။ အဲဒီနာက်င္မႈဟာ တစ္ခါတေလ ရက္ရွည္ၾကာျမင္႔ႏိုင္ပါတယ္။ ဒါေၾကာင္႔ နာက်င္မႈကိုေမြးမထားပါနဲ႔။

၃။ တင္ပါးဆံုရိုးၾကြက္သားနံရံေတြကို အားနည္းေစတယ္

တင္ပါးဆံုရိုးၾကြက္သားနံရံေတြဟာ ဆီးနဲ႔ဝမ္းေတြ သြားလာရာလမ္းေၾကာင္းပါပဲ။ တကယ္လို႔ခင္ဗ်ားမွာဆီးေအာင္႔ထားတတ္တဲ႔ အက်င္႔ရွိတယ္ဆိုရင္ တင္ပါးဆံုရိုးၾကြက္သားနံရံေတြက တေန႕တျခား ပိုပိုၿပီး အားနည္းလာတဲ႔အတြက္ ဆီးသြားရခက္ခဲလာပါလိမ္႔မယ္။ ၾကာလာရင္ဆီးတစ္ခါတစ္ခါသြားဖို႔ကို အခ်ိန္အၾကာႀကီးေပးၿပီး ညွစ္ထုတ္ေနရပါလိမ္႔မယ္။

ဒါေၾကာင္႔ ခႏၶာကိုယ္ကဆီးသြားခ်င္ၿပီလို႔ အသိေပးလာတာနဲ႕လက္ရွိလုပ္ေနတဲ႔အလုပ္ကို ခ်ထားခဲ႔ၿပီး ခ်က္ခ်င္းဆီးထသြားလိုက္ပါ။ ဒီနည္းလမ္းကသာ အထက္ပါက်န္းမာေရးျပႆနာေတြကို ေရွာင္ရွားႏိုင္မွာပါ။

သင္စိတ္ဝင္စားႏိုင္တဲ႔ အေၾကာင္းအရာ (ေဆးဘက္ဝင္တဲ့ မန္က်ည္း႐ြက္)

Credit: MM
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဆီးသွားချင်ရက်နဲ့ ထမသွားဘဲအောင့်ထားတတ်တဲ့အကျင့်က မကောင်းတဲ့အလေ့အထတစ်ခုပါ။ ထိုင်ခုံမှာအကြာကြီးထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေ (စာရေးဆရာ၊ ဂရပ်ဖစ်ဒီဇိုင်နာ) နဲ့ Game အဆော့များတဲ့သူတွေ လုပ်လေ့ရှိကြပါတယ်။ အလုပ်မပြီးပြတ်သေးတာပဲဖြစ်ဖြစ်၊ ကိုယ်ဆော့နေတဲ့ Game level တက်အောင်ဆော့နေတဲ့အချိန်မှာပဲဖြစ်ဖြစ် ဆီးထမသွားဘဲ အောင့်ထားမိတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဆီးထမသွားဘဲ အောင့်ထားခြင်းရဲ့ ကျန်းမာရေးဆိုးကျိူးတွေကိုကော သိကြပါရဲ့လား။ တိုတိုနဲ့လိုရင်းပြောရရင်တော့ ဆီးအောင့်ထားခြင်းက ခင်ဗျားကိုအလွန်နာကျင်စေတဲ့ ဆီးအိမ်ရောဂါ ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး တင်ပါးဆုံရိုးနာကျင်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ နောက်ပြီးအကြာကြီးဆီးအောင့်ထားမယ်ဆိုရင် ဆီးရောင်ဝါထိန်လာပြီး ပူလောင်သလိုခံစားလာရမှာပါ။ ဆီးအကြာကြီး အောင့်ထားခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ရောဂါဝေဒနာ တွေကတော့...

၁။ ဆီးအိမ်ကိုဖောင်းကားစေတယ်

ဆီးအကြာကြီးမအောင့်သင့်တဲ့ အကြောင်းပြချက်တစ်ခုကတော့ ဆီးအိမ်နဲ့ပတ်သက်ပြီးပြဿနာဖြစ်စေနိုင်လို့ပါပဲ။ ကျွန်တော်တို့ရဲ့ ဆီးအိမ်တွေဆိုတာလည်း ကြွက်သားတွေပါပဲ။ ဆီးသွားချင်ရက်နဲ့ မပေါက်ဘဲ အောင့်ထားမိတဲ့အခါ ကြွက်သားကိုဆွဲဆန့်သလို ဖြစ်သွားပါ။ ဥပမာပေးရရင် သားရေကွင်းတစ်ကွင်းကို မပြတ်ရုံတမယ် ဆွဲဆန့်လိုက်တဲ့အခါ မူရင်းပုံစံပျက်သွားသလိုပေါ့။ ဒါကြောင့်ဆီးသွားချင်ရက်နဲ့ မသွားဘဲ အကြာကြီးအောင့်ထားခြင်းက ဆီးအိမ်ကြွက်သားတွေကိုအားနည်းစေပြီး လျော့တိလျော့ရဲဖြစ်စေပါတယ်။ အခန့်မသင့်ရင်ဆေးခန်းတောင်သွားပြရနိုင်ပါတယ်။

၂။ ဗိုက်အောင့်စေတယ်

အဲဒီလိုအကြာကြီးဆီးအောင့်ထားတဲ့အတွက် ဆီးသွားပြီးရင်တောင် ဗိုက်အောင့်ပြီးကျန်ခဲ့မှာပါ။ ဘာကြောင့်လဲဆိုတော့ ဗိုက်ထဲမှာဆီးအိမ်တင်းနေအောင် အောင့်ထားတဲ့အတွက် ဝမ်းဗိုက်ကြွက်သားတွေ အားနည်းလာပြီး ဗိုက်အောင့်လာစေတာပါပဲ။ အဲဒီနာကျင်မှုဟာ တစ်ခါတလေ ရက်ရှည်ကြာမြင့်နိုင်ပါတယ်။ ဒါကြောင့် နာကျင်မှုကိုမွေးမထားပါနဲ့။

၃။ တင်ပါးဆုံရိုးကြွက်သားနံရံတွေကို အားနည်းစေတယ်

တင်ပါးဆုံရိုးကြွက်သားနံရံတွေဟာ ဆီးနဲ့ဝမ်းတွေ သွားလာရာလမ်းကြောင်းပါပဲ။ တကယ်လို့ခင်ဗျားမှာဆီးအောင့်ထားတတ်တဲ့ အကျင့်ရှိတယ်ဆိုရင် တင်ပါးဆုံရိုးကြွက်သားနံရံတွေက တနေ့တခြား ပိုပိုပြီး အားနည်းလာတဲ့အတွက် ဆီးသွားရခက်ခဲလာပါလိမ့်မယ်။ ကြာလာရင်ဆီးတစ်ခါတစ်ခါသွားဖို့ကို အချိန်အကြာကြီးပေးပြီး ညှစ်ထုတ်နေရပါလိမ့်မယ်။

ဒါကြောင့် ခန္ဓာကိုယ်ကဆီးသွားချင်ပြီလို့ အသိပေးလာတာနဲ့လက်ရှိလုပ်နေတဲ့အလုပ်ကို ချထားခဲ့ပြီး ချက်ချင်းဆီးထသွားလိုက်ပါ။ ဒီနည်းလမ်းကသာ အထက်ပါကျန်းမာရေးပြဿနာတွေကို ရှောင်ရှားနိုင်မှာပါ။

သင်စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာ (ဆေးဘက်ဝင်တဲ့ မန်ကျည်းရွက်)

Credit: MM
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top