iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Nanmalgyi
#Unicode Version#
Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ရယူနိုင်ခဲ့တဲ့ ဖြိုးမြတ်အောင်ကတော့ အခုလက်ရှိမှာလည်း Show တွေသီဆိုနေတာကို ပရိသတ်ကြီးတွေ့မြင်ခံစားရမှာဖြစ်ပါတယ် ။ သူ့ရဲ့Live မှာ ရုပ်ပိုင်းဆိုင်ရာကိုဝေဖန်တဲ့အပေါ်မှာ ပြန်လည်တုန့်ပြန်ခဲ့တဲ့အကြောင်းကိုလည်း ပရိသတ်ကြီးသိပြီးသားဖြစ်မှာပါ ။ သူရဲ့ပြန်လည်ဖြေရှင်းချက်ကြောင့်အထင်အမြင်လွဲမှားမှုတွေရှိခဲ့တဲ့အကြောင်းကို Myanmar celebrity နဲ့အင်တာဗျူးမှာ ပြန်လည်ရှင်းပြသွားခဲ့ပါတယ် ။
သူပြန်လည်ဖြေရှင်သွားတဲ့အကြောင်းတွေကိူပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် တင်ဆက်ဖော်ပြပေးပါရစေ ။ ဖြိုးမြတ်အောင်က “အဲ့ဒီနေ့က Live က ကျနော့်Facebook Live ကပြဿနာမရှိဘူး ။ ကျန်တဲ့နေရာတွေတင်တဲ့အခါမှာ သူတို့ရေးတဲ့ဟာတွေကမှားတာ ။ဖြိုးမြတ်အောင်ကရုပ်ပိုင်းဆိုင်ရာ ဝေဖန်တိုက်ခိုက်လို့ ဖြိုးမြတ်အောင်ကပြန်ဆဲတယ် လို့ ခေါင်းစဉ်ကြောင့်ဖြစ်သွားတာ ။တကယ်တော့ကျနော်ဆဲတာမပါဘူး။အမှန်တရားအတိုင်းကျနော်ပြောတယ် ။အဲ့ဒီအချိန်မှာ ကျနော်စိတ်အရမ်းလှုရှားတာလည်းပါတယ် ။ ငယ်ငယ်ကတည်းကစိတ်ဒဏ်ရာတစ်ခုဆိုတော့ ဒေါသသံပါသွားတာတစ်ခုပဲ။
ကျန်တာကတော့ အမှန်တရားအတိုင်းကျနော်ပြောသွားတာချည်းပဲ ။ ဆဲတာတစ်ခုမှမပါဘူး ။အဲ့ဒီတစ်ခါပါပဲ။ ငယ်ငယ်တုန်းကဆိုရင်တော့ပြောမနေတော့ဘူး လက်တွေဘာတွေပါတတ်တာဆိုတော့ အခုနောက်ပိုင်းက တော်တော်လေးကိုထိန်းရပါတယ် ။သည်းခံတတ်လာပါတယ် ။ မျက်နှာကိုဟိုလိုလုပ်ပါ့လား ဒီလိုလုပ်ပါ့လားဆိုပြီးပြောတာပေါ့ ။ သူတို့ကအကောင်းစေတနာနဲ့ပြောတာပါ ။ ကိုယ်က ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာဆိုတာတော့အဲ့ဒါကိုသိပ်မကျေနပ်တာ ။ငယ်ငယ်ကတည်းကလည်း ခဏခဏအတိုက်ခိုက်ခံခဲ့ရတယ်။ အဲ့တာကြောင့်ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာဆိုတော့ အဲ့ဒီလိုဖြစ်သွားတာပါ “ဆိုပြီးပြောပြသွားခဲ့ပါတယ် ။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Nanmalgyi
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top