iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Luckymyanmar
#Unicode Version#
အခုလက်ရှိ ည(၈) နာရီကျော်တိုင်း ပရိသတ်တွေ စောင့်မျှော်အားပေးကြတဲ့ “ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲမှာ ဟန်နီဆိုတဲ့ မိန်းကလေးငယ်ကို သတ်သွားတဲ့ တရားခံက ဘယ်သူများဖြစ်မလဲဆိုပြီး ပရိသတ်တွေရဲ့ သိလိုစိတ်ကို တစ်နေ့တစ်ခြား တိုးစေလာပြီး စွဲဆောင်ထားတာဖြစ်ပါတယ်။ “ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲကို အားပေးကြသလို ဝေဖန်ပြောဆိုတာတွေလဲ ရှိတာကို တွေ့ရပါတယ်။ထိုသို့သော ဝေဖန်မှုတွေနဲ့ ပက်သတ်ပြီး “ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲမှ ရဲအုပ် နေသူရိန် အဖြစ် သရုပ်ဆောင်ထားတဲ့ နက္ခက်က အခုလိုပဲ သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။
“သေချာ စောင့်ကြည့်ပီး ဝေဖန်အကြံပြု ပေးတဲ့ ပရိတ်သတ်ကို ကျေးဇူးတင်ပါတယ် ဗျ။ ကျနော် တို့ “ဝင်္ကပါရှင်းတမ်း”အဖွဲ့သားအားလုံးက လဲ သေချာကြိုးစားထားပါတယ်။ လိုအပ်ချက်လေးတွေ ဝေဖန်ပေးတာလဲ ကျေးဇူးတင်ပါတယ်။ လိုအပ်ချက်ဆိုတာ ကျနော်တို့ မြန်မာ ဇာတ်ကားတွေ မှာဘဲရှိတာ မဟုတ်ဘူး။ Holly wood ဇာတ်ကားတွေမှာတောင် လိုအပ်ချက်တွေ အမှားတွေရှိတယ်ဗျ”
” အပြု သဘောနဲ့ ဝေဖန်တာ လက်ခံလို့ရပေမဲ့ တမင် လိုက်တိုက်ခိုက် ပီးတော့ ရေးနေတဲ့ comments အချို့ ကို လဲ တွေ့ရတယ်။ ကျနော် အားလုံးအပေါ် မေတ္တာထားပါတယ်။ ကိုယ့် ကို တိုက် ခိုက်တဲ့ သူတွေ အပေါ် မှာ လဲ မေတ္တာထားပါတယ်။ တိုက်ခိုက် ခံရတယ် ဆိုတာ အောင်မြင် လို့ဘဲ လေ။ ဝေဖန်တိုက်ခိုက်ပီး မဟုတ်တဲ့ comment ရေးတဲ့သူတွေ ကို ပြောချင်တယ် ဗျ ‘ခင်ဗျားတို့ မျက်နှာ ကို ခင်ဗျားတို့ မှန်ထဲမှာ ပြန်ကြည့်ကြည့် လိုအပ်ချက်ဆိုတာတွေ့လိမ့်မယ်”စင်းလုံးချော” ဆိုတာ တစ်ယောက် မှ မရှိဘူး။ အဲဒါလေးနားလည်ရင်ရပြီ။’ ”
“ဝင်္ကပါရှင်းတမ်း”ဇာတ်လမ်းတွဲ ကို ကြိုက်တဲ့ အားပေးတဲ့ ပရိတ်သတ်ရော တမင်မိုက်မိုက်ရိုင်းရိုင်း လိုက်ရေးပီးတိုက်ခိုက်နေတဲ့ သူတွေရော အားလုံးကျန်းမာကြပါစေ ချမ်းသာကြပါစေလို့ ကျနော် သရုပ်ဆောင် ” နက္ခတ်” မှ မေတ္တာ ပို့ပေးပါတယ်။ “ဝင်္ကပါရှင်းတမ်း”ဇာတ်လမ်းတွဲ ဒီထက်ပို ပြီးအောင်မြင်ပါစေ” ဆိုပြီး နက္ခက်က ပွင့်ပွင့်လင်းလင်းပြောထားပါတယ်။
နက္ခက်ပြောတဲ့ အတိုင်းပဲ ဘယ်အရာမှ စင်းလုံးချောပြည့်စုံကောင်းမွန်တာ မရှိတဲ့အတွက် လိုအပ်ချက်တွေရှိခဲ့ရင်လဲ နားလည်ခွင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Luckymyanmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top