iMyanmarHouse.com - Best Property Website for Myanmar
×


စံုတြဲေလးတို႔ေရ ေစ့စပ္ေၾကာင္းလမ္းပြဲေလး လုပ္ဖုိ႔ ႏွစ္ဖက္မိဘေတြ တစ္ဖက္နဲ႔ တစ္ဖက္ ညွိမရဘဲ အဆင္မေျပဘူး ျဖစ္ေနလား၊ ဒီလိုမ်ိဳးေတြ ျဖစ္ေနၿပီဆိုရင္ စံုတြဲေလးတို႔ပဲ စိတ္ညစ္ရမွာေလေနာ္။ ဒီလိုမ်ိဳး ႏွစ္ဖက္မိဘ အဆင္မေျပတာေတြ ျဖစ္ေနၿပီဆိုရင္ အဆင္ေျပေအာင္ လုပ္ေဆာင္လုိ႔ ရမယ့္ အခ်က္ေတြ ရွိပါတယ္။ ဘာေတြလဲဆိုတာ ဖတ္ၾကည့္ရေအာင္ေနာ္။

ကိုယ့္ရဲ႕ မိဘကို အရင္ညွိပါ

စံုတြဲေလးတို႔ေရ ႏွစ္ဖက္မိဘၾကားမွာ ညွိမရဘူး၊ အဆင္မေျပတယ္ျဖစ္ေနတယ္ဆိုရင္ အရင္ဆံုး ကိုယ့္ရဲ႕မိဘကို ညွိပါ။ ကိုယ့္ရဲ႕ မိဘေတြကို ကုိယ့္အိမ္ေထာင္ဖက္အေၾကာင္း အရင္ဆံုးေျပာျပပါ။ မိဘေတြ နားမလည္တာေတြ ရွိေနရင္လည္း အခ်ိန္ယူၿပီး ရွင္းျပပါ။ ေစ့စပ္ပြဲ လုပ္ဖု႔ိကိုပဲ တအားမေလာပါနဲ႔။

သူ႔ရဲ႕မိဘေတြနဲ႔ စကားေျပာၾကည့္ပါ

ႏွစ္ဖက္မိဘနဲ႔ အဆင္မေျပတာေတြ ျဖစ္ေနၿပီဆိုရင္ စံုတြဲေလးတို႔က ၾကားထဲကေန ေျပလည္ေအာင္ ညွိႏွိဳင္းေပးတတ္ဖို႔ လိုပါတယ္။ သူ႔ရဲ႕ မိဘေတြနဲ႔ ေအးေအးေဆးေဆး စကားေျပာၾကည့္တာမ်ိဳး လုပ္ပါ။ မေျပလည္တာေတြ ေသခ်ာေအာင္ ရွင္းျပႏိုင္ရင္ေတာ့ ေျပလည္သြားမွာပါ။

မာနေတြ ေလွ်ာ့ပါ

ေစ့စပ္ပြဲေလး လုပ္ဖုိ႔ ႏွစ္ဖက္မိဘ အဆင္မေျပရတဲ့ အခ်က္ေတြထဲမွာ မာနေတြ ထားတာလည္း ပါဝင္ပါတယ္။ မာနေတြ ထားတာက တစ္ေယာက္နဲ႔ တစ္ေယာက္ မေျပလည္မႈေတြပဲ ပိုမ်ားေစတာမို႔ မာနေတြ ေလွ်ာ့ပါ။ အဓိကက ခ်စ္တဲ့သူအခ်င္းခ်င္း ေပါင္းဖက္ရဖို႔ပဲေလေနာ္။

ႏွစ္ဖက္မိဘကို အရင္ဆံုးေပးေတြ႔ပါ

ႏွစ္ဖက္မိဘေတြ တစ္ဖက္နဲ႔ တစ္ဖက္ မေျပလည္ ျဖစ္ေနတဲ့အခ်ိန္မွာ ေစ့စပ္ပြဲအတြက္ ညွိႏွိဳင္းေတြ႔ဆံု ေဆြးေႏြးတာေတြ မလုပ္ခင္ မိတ္ဆံုစားပြဲလိုပံုစံေလးနဲ႔ပဲ ေပးေတြ႔ၾကည့္ပါ။ ႏွစ္ဖက္မိဘေတြ အခ်င္းခ်င္း အရင္ဆံုး ေပးေတြ႔ၿပီး စကားေျပာခိုင္းၾကည့္ေနာ္။

လက္ေဆာင္ပို႔ေပးပါ

ဒါကလည္း စံုတြဲေလးတို႔ကပဲ ၾကားထဲကေန စီစဥ္ေဆာင္ရြက္ေပးရမွာ ျဖစ္ပါတယ္။ အျပန္အလွန္ လက္ေဆာင္ပို႔ေပးတာမ်ိဳး၊ ေဒသထြက္စာ ပို႔ေပးတာမ်ိဳးေလး လုပ္ၾကည့္ပါ။ ဒါဆိုရင္ေတာ့ စိတ္ေျပေလ်ာ့ေလာက္ပါတယ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


စုံတွဲလေးတို့ရေ စေ့စပ်ကြောင်းလမ်းပွဲလေး လုပ်ဖို့ နှစ်ဖက်မိဘတွေ တစ်ဖက်နဲ့ တစ်ဖက် ညှိမရဘဲ အဆင်မပြေဘူး ဖြစ်နေလား၊ ဒီလိုမျိုးတွေ ဖြစ်နေပြီဆိုရင် စုံတွဲလေးတို့ပဲ စိတ်ညစ်ရမှာလေနော်။ ဒီလိုမျိုး နှစ်ဖက်မိဘ အဆင်မပြေတာတွေ ဖြစ်နေပြီဆိုရင် အဆင်ပြေအောင် လုပ်ဆောင်လို့ ရမယ့် အချက်တွေ ရှိပါတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ရအောင်နော်။

ကိုယ့်ရဲ့ မိဘကို အရင်ညှိပါ

စုံတွဲလေးတို့ရေ နှစ်ဖက်မိဘကြားမှာ ညှိမရဘူး၊ အဆင်မပြေတယ်ဖြစ်နေတယ်ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့မိဘကို ညှိပါ။ ကိုယ့်ရဲ့ မိဘတွေကို ကိုယ့်အိမ်ထောင်ဖက်အကြောင်း အရင်ဆုံးပြောပြပါ။ မိဘတွေ နားမလည်တာတွေ ရှိနေရင်လည်း အချိန်ယူပြီး ရှင်းပြပါ။ စေ့စပ်ပွဲ လုပ်ဖု့ိကိုပဲ တအားမလောပါနဲ့။

သူ့ရဲ့မိဘတွေနဲ့ စကားပြောကြည့်ပါ

နှစ်ဖက်မိဘနဲ့ အဆင်မပြေတာတွေ ဖြစ်နေပြီဆိုရင် စုံတွဲလေးတို့က ကြားထဲကနေ ပြေလည်အောင် ညှိနှိုင်းပေးတတ်ဖို့ လိုပါတယ်။ သူ့ရဲ့ မိဘတွေနဲ့ အေးအေးဆေးဆေး စကားပြောကြည့်တာမျိုး လုပ်ပါ။ မပြေလည်တာတွေ သေချာအောင် ရှင်းပြနိုင်ရင်တော့ ပြေလည်သွားမှာပါ။

မာနတွေ လျှော့ပါ

စေ့စပ်ပွဲလေး လုပ်ဖို့ နှစ်ဖက်မိဘ အဆင်မပြေရတဲ့ အချက်တွေထဲမှာ မာနတွေ ထားတာလည်း ပါဝင်ပါတယ်။ မာနတွေ ထားတာက တစ်ယောက်နဲ့ တစ်ယောက် မပြေလည်မှုတွေပဲ ပိုများစေတာမို့ မာနတွေ လျှော့ပါ။ အဓိကက ချစ်တဲ့သူအချင်းချင်း ပေါင်းဖက်ရဖို့ပဲလေနော်။

နှစ်ဖက်မိဘကို အရင်ဆုံးပေးတွေ့ပါ

နှစ်ဖက်မိဘတွေ တစ်ဖက်နဲ့ တစ်ဖက် မပြေလည် ဖြစ်နေတဲ့အချိန်မှာ စေ့စပ်ပွဲအတွက် ညှိနှိုင်းတွေ့ဆုံ ဆွေးနွေးတာတွေ မလုပ်ခင် မိတ်ဆုံစားပွဲလိုပုံစံလေးနဲ့ပဲ ပေးတွေ့ကြည့်ပါ။ နှစ်ဖက်မိဘတွေ အချင်းချင်း အရင်ဆုံး ပေးတွေ့ပြီး စကားပြောခိုင်းကြည့်နော်။

လက်ဆောင်ပို့ပေးပါ

ဒါကလည်း စုံတွဲလေးတို့ကပဲ ကြားထဲကနေ စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အပြန်အလှန် လက်ဆောင်ပို့ပေးတာမျိုး၊ ဒေသထွက်စာ ပို့ပေးတာမျိုးလေး လုပ်ကြည့်ပါ။ ဒါဆိုရင်တော့ စိတ်ပြေလျော့လောက်ပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top