
>> ေန႔ခင္းဘက္ အိပ္စက္အနားယူသူေတြမွာ -
● ေသြးေၾကာေလးေတြ ေျပေလ်ာ့သြားတယ္။
● တင္းၾကပ္မႈေတြ နည္းသြားတယ္။
● စိတ္ဖိစီးမႈ သက္သာလာတယ္။
● ေနလို႔ ေပါ့သြားတယ္ေလ။
သုေတသနာပညာ႐ွင္ေတြက တျခားေသြးတိုးက်ေစတဲ့ အရာေတြျဖစ္တဲ့ ေလ့က်င္ခန္းလုပ္ေစျခင္း၊ ဆားေလွ်ာ့စားျခင္း၊ အရက္ ေဆးလိပ္ျဖတ္ျခင္း စတာေတြကိုပါ ပါဝင္အကဲျဖတ္ၿပီး ေသြးေၾကာတင္းၾကပ္မႈေတြရဲ႕ေလွ်ာ့ခ်ႏိုင္စြမ္းကို စမ္းသပ္လိုက္တာပါ။
အေျဖကေတာ့ အံၾသစရာပါပဲ။ ေန႔စဥ္ တေရးအိပ္သူေတြမွာ ေသြးတိုးက်ႏႈန္းက ၅.၄ မီလီမီတာမာက်ဴရီ ျဖစ္ပါသတဲ့။
ဒါ့အျပင္ ေန႔ခင္းအိပ္ခ်ိန္ ေနာက္တစ္နာရီတိုးတိုင္း ၂၄ နာရီအတြင္း ေနာက္ထပ္ ၃ မီလီမီတာမာက်ဴရီ ထပ္က်ဆင္းသြားျပန္ပါတယ္။
ေသြးေပါင္ ၂ မီလီမီတာမာက်ဳရီ အတြင္း က်ဆင္းတဲ့အခါ ႏွလံုးေရာဂါ ျဖစ္ႏိုင္စြမ္းကို ၁၀ ရာခိုင္ႏႈန္းထိ ေလွ်ာ့ခ်ႏိုင္တယ္ဆိုေတာ့ ေန႔ခင္းအိပ္တာက ဘယ္ေလာက္အက်ိဳးျဖစ္လည္း သတိထားမိၾကၿပီေပါ့။
ကဲ ... ေသြးတိုးေရာဂါ ခံစားေနရသူ ဦးဦးေဒၚေဒၚတို႔ ေန႔လယ္ေန႔ခင္း တေမွးေလာက္္ ဇိမ္ယူရင္း ေသြးတိုး ခ်လိုက္ၾကရေအာင္ေနာ့္။
Credit: drmyanmar
က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version# ျဖင့္ဖတ္ပါ ။
ဘာဆေးဆေးသောက်သောက် သွေးတိုးမကျတဲ့ အန်ကယ်တို့၊ အန်တီတို့၊ ပူအိုက်တဲ့ရာသီမှာ သွေးတိုးကြောင့် ဒုက္ခမရောက်စေဖို့ ဗဟုသုတလေးတစ်ခု မျှဝေမယ်နော်။
ဂရိနိုင်ငံက ဆေးသုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အရ နေ့ခင်းဘက်မှာ တရေးတမော အိပ်စက်အနားယူလေ့ရှိသူ သွေးတိုးရောဂါသမားတွေမှာ သွေးပေါင် သိသိသာသာ ကျဆင်းသွားသတဲ့။
>> နေ့ခင်းဘက် အိပ်စက်အနားယူသူတွေမှာ -
● သွေးကြောလေးတွေ ပြေလျော့သွားတယ်။
● တင်းကြပ်မှုတွေ နည်းသွားတယ်။
● စိတ်ဖိစီးမှု သက်သာလာတယ်။
● နေလို့ ပေါ့သွားတယ်လေ။
သုတေသနာပညာရှင်တွေက တခြားသွေးတိုးကျစေတဲ့ အရာတွေဖြစ်တဲ့ လေ့ကျင်ခန်းလုပ်စေခြင်း၊ ဆားလျှော့စားခြင်း၊ အရက် ဆေးလိပ်ဖြတ်ခြင်း စတာတွေကိုပါ ပါဝင်အကဲဖြတ်ပြီး သွေးကြောတင်းကြပ်မှုတွေရဲ့လျှော့ချနိုင်စွမ်းကို စမ်းသပ်လိုက်တာပါ။
အဖြေကတော့ အံသြစရာပါပဲ။ နေ့စဉ် တရေးအိပ်သူတွေမှာ သွေးတိုးကျနှုန်းက ၅.၄ မီလီမီတာမာကျူရီ ဖြစ်ပါသတဲ့။
ဒါ့အပြင် နေ့ခင်းအိပ်ချိန် နောက်တစ်နာရီတိုးတိုင်း ၂၄ နာရီအတွင်း နောက်ထပ် ၃ မီလီမီတာမာကျူရီ ထပ်ကျဆင်းသွားပြန်ပါတယ်။
သွေးပေါင် ၂ မီလီမီတာမာကျုရီ အတွင်း ကျဆင်းတဲ့အခါ နှလုံးရောဂါ ဖြစ်နိုင်စွမ်းကို ၁၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်ဆိုတော့ နေ့ခင်းအိပ်တာက ဘယ်လောက်အကျိုးဖြစ်လည်း သတိထားမိကြပြီပေါ့။
ကဲ ... သွေးတိုးရောဂါ ခံစားနေရသူ ဦးဦးဒေါ်ဒေါ်တို့ နေ့လယ်နေ့ခင်း တမှေးလောက် ဇိမ်ယူရင်း သွေးတိုး ချလိုက်ကြရအောင်နော့်။
Credit: drmyanmar
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...