iMyanmarHouse.com - Best Property Website for Myanmar
×

တကၠသိုလ္တစ္ခုခုကေန ဘြဲ႕ရၿပီး လက္ေတြ႕လုပ္ငန္းခြင္ကို စတင္၀င္ေရာက္ၾကသူတိုင္း တစ္ခါတည္း လြယ္ကူရိုးရွင္းတဲ့ လုပ္ငန္းခြင္ေအာင္ျမင္မႈကို ရရွိႏိုင္ၾကတာမဟုတ္ပါဘူး။ ဘာတကၠသိုလ္ျဖစ္ျဖစ္၊ ဘာပညာရပ္ဆိုင္ရာဘြဲ႔ျဖစ္ျဖစ္ လက္ေတြ႕ေလာကရဲ႕ စိန္ေခၚမႈေတြကို ျဖတ္သန္းဖို႔ လိုပါေသးတယ္။ ဒါ့ေၾကာင့္ ဘြဲ႕ရၿပီး အလုပ္ခြင္၀င္မယ့္သူတိုင္းအတြက္ လုပ္ငန္းခြင္မွာ အဆင္ေျပတိုးတက္မႈေတြ ရရွိေစႏိုင္ဖို႔ သိထားသင့္တဲ့ အခ်က္(၅)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ အကူအညီေပးႏိုင္သူေတြကို ရွာေဖြပါ
ဘြဲ႕ရၿပီးခါစမွာ လုပ္ငန္းခြင္၀င္သူေတြအေနနဲ႔ အလြယ္တကူမေအာင္ျမင္ရတဲ့အေၾကာင္းရင္းက သူတို႔ကို ကူညီပံ့ပိုးေပးႏိုင္သူေတြ မရွိတာေၾကာင့္ျဖစ္ပါတယ္။ လူငယ္ေတြအေနနဲ႔ တကယ္အားကိုးအားထားျပဳလို႔ရႏိုင္တဲ့ မိတ္ေဆြေတြ၊ လိုအပ္တာကို သင္ၾကားျပသေပးႏိုင္မယ့္သူေတြကို ရွာေဖြၿပီး အခ်ိန္ေရာ လုပ္အားကိုပါ အလဟႆျဖစ္ေစႏိုင္သူေတြကို ေရွာင္ရွားရမွာ ျဖစ္ပါတယ္။

၂။ ပထမဆံုးအလုပ္က တသက္လံုးလုပ္ရမွာ မဟုတ္ဘူး
ဘြဲ႕ရၿပီးခါစအလုပ္၀င္သူ လူငယ္အမ်ားစုနဲ႔ သူတို႔ရဲ႕မိဘေတြဟာ ပထမဆံုးအလုပ္ရွာတဲ့အခါမွာ ၿပီးျပည့္စံုတဲ့ အလုပ္အကိုင္တစ္ခုရဖို႔ကို အာရုံစိုက္တတ္ၾကပါတယ္။ တကယ္ေတာ့ လုပ္ငန္းခြင္အေျခအေနေပၚမွာ မူတည္ၿပီး ေနာက္ထပ္အလုပ္အကိုင္အခြင့္အလမ္းသစ္ရရွိလာတာနဲ႔ လက္ရွိအလုပ္ကေန ထြက္ဖို႔ စဥ္းစားရမွာပဲ ျဖစ္ပါတယ္။ တစ္ေနရာထဲမွာ တစ္သက္လံုးလုပ္သြားတဲ့ ေခတ္မရွိေတာ့ပါဘူး။ ဒါ့ေၾကာင့္ ပထမဆံုးအလုပ္ကို အစစအရာရာၿပီးျပည့္စံုဖို႔ ေမွ်ာ္လင့္မေနပါနဲ႔။ အေတြ႕အၾကံဳရမယ္၊ ပညာရမယ္၊ စိန္ေခၚမႈရွိတယ္ဆိုရင္ အဆင္ေျပပါၿပီ။

၃။ အ၀တ္အစားကို သင့္ေတာ္သလို ၀တ္ဆင္ပါ
အခုေခတ္မွာ လုပ္ငန္းအမ်ားစုက အ၀တ္အစားနဲ႔ပတ္သက္ၿပီး သိပ္မတင္းက်ပ္ၾကပါဘူး။ ဒါေပမယ့္ လုပ္ငန္းခြင္တစ္ခု တီရွပ္၊ ေဘာင္းဘီတို၊ အေပါစားေျခညွပ္ဖိနပ္ေတြ ၀တ္သြားတာေတာ့ မသင့္ေတာ္ပါဘူး။ အလုပ္ထဲမွာ အမ်ားစုက ဂ်င္းေဘာင္းဘီေတြ ၀တ္ေနၾကတာေတြ႕တိုင္း လိုက္၀တ္သင့္တာ မဟုတ္ပါဘူး။ သင့္အေနနဲ႔ တစ္ေန႔မွာျဖစ္ခ်င္တဲ့ ရာထူးေနရာကလူေတြ ဘယ္လို၀တ္စားတယ္ဆိုတာကို ေလ့လာပါ။ သူတို႔ ဘယ္လို အ၀တ္အစားေတြကို ၀တ္ဆင္တယ္၊ သူတို႔ကိုသူတို႔ ဘယ္လိုပံုစံျဖစ္ေအာင္ ေနထိုင္တယ္ဆိုတာကို ေစာင့္ၾကည့္ရမွာပါ။ သင္လိုခ်င္တဲ့ ရာထူးေနရာအတိုင္း ၀တ္ဆင္ရမွာပါ။ လက္ရွိအေနအထားအတိုင္း ၀တ္ဆင္ရမွာမဟုတ္ပါဘူး။

၄။ ေပးပို႔မႈ မလုပ္ခ်င္မွာ စစ္ေဆးပါ
အလုပ္ထဲမွာ အီးေမးလ္ေတြ ေပးပို႔မႈက လူတစ္ေယာက္ရဲ႕ ဂုဏ္သိကၡာကို အမ်ားႀကီးထင္ဟပ္ေနပါတယ္။ မၾကာခဏ အီးေမးလ္ပို႔ျခင္း၊ တစ္ဦးတစ္ေယာက္သာ သိရမယ့္ ကိစၥကို အားလံုးဆီကို ပို႔မိျခင္း စတဲ့အမွားေတြ ႀကံဳရတတ္ပါတယ္။ ဒါ့အျပင္ စာအေရးအသားမွန္ကန္ဆီေလ်ာ္စြာ ေရးႏိုင္ဖို႔လည္း အေရးႀကီးပါတယ္။ အီးေမးလ္တစ္ခု ေပးပို႔ေတာ့မယ္ဆိုရင္ တစ္ေခါက္ဖတ္ပါ၊ ၿပီးရင္ ေနာက္တစ္ေခါက္ထပ္ဖတ္ၿပီး စစ္ေဆးပါ။ အေရးႀကီးတဲ့ အီးေမးလ္ျဖစ္ခဲ့မယ္ဆိုရင္ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ေယာက္ကို စစ္ေဆးခိုင္းပါ။

၅။ သြားေနက်ေနရာတစ္ခု ရွာထားပါ
ဘြဲ႕ရၿပီး လုပ္ငန္းခြင္၀င္ၿပီဆိုတာနဲ႔ အိမ္မွာေနခ်ိန္ထက္ အလုပ္ထဲမွာေနရခ်ိန္ေတြ ပိုမ်ားလာမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အိမ္မွာလည္း မဟုတ္၊ လုပ္ငန္းခြင္ထဲမွာလည္း မဟုတ္တဲ့ စားေသာက္ဆိုင္၊ ေကာ္ဖီိဆိုင္ စသျဖင့္ ပံုမွန္သြားလို႔ရႏိုင္မယ့္ တတိယေနရာတစ္ခုကို ရွာထားသင့္ပါတယ္။ ဒီလိုေနရာတစ္ခုရွိထားမယ္ဆိုရင္ ပံုမွန္လည္ပတ္ေနတဲ့ အခ်ိန္ေတြအျပင္မွာ သူငယ္ခ်င္းမိတ္ေဆြေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ရင္းႏွီးမႈကို ပိုမိုတည္ေဆာက္ႏိုင္ပါတယ္။

Credit: Gentleman Magazine
ဗဟုသုတ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရပြီး လက်တွေ့လုပ်ငန်းခွင်ကို စတင်ဝင်ရောက်ကြသူတိုင်း တစ်ခါတည်း လွယ်ကူရိုးရှင်းတဲ့ လုပ်ငန်းခွင်အောင်မြင်မှုကို ရရှိနိုင်ကြတာမဟုတ်ပါဘူး။ ဘာတက္ကသိုလ်ဖြစ်ဖြစ်၊ ဘာပညာရပ်ဆိုင်ရာဘွဲ့ဖြစ်ဖြစ် လက်တွေ့လောကရဲ့ စိန်ခေါ်မှုတွေကို ဖြတ်သန်းဖို့ လိုပါသေးတယ်။ ဒါ့ကြောင့် ဘွဲ့ရပြီး အလုပ်ခွင်ဝင်မယ့်သူတိုင်းအတွက် လုပ်ငန်းခွင်မှာ အဆင်ပြေတိုးတက်မှုတွေ ရရှိစေနိုင်ဖို့ သိထားသင့်တဲ့ အချက်(၅)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ အကူအညီပေးနိုင်သူတွေကို ရှာဖွေပါ
ဘွဲ့ရပြီးခါစမှာ လုပ်ငန်းခွင်ဝင်သူတွေအနေနဲ့ အလွယ်တကူမအောင်မြင်ရတဲ့အကြောင်းရင်းက သူတို့ကို ကူညီပံ့ပိုးပေးနိုင်သူတွေ မရှိတာကြောင့်ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ တကယ်အားကိုးအားထားပြုလို့ရနိုင်တဲ့ မိတ်ဆွေတွေ၊ လိုအပ်တာကို သင်ကြားပြသပေးနိုင်မယ့်သူတွေကို ရှာဖွေပြီး အချိန်ရော လုပ်အားကိုပါ အလဟဿဖြစ်စေနိုင်သူတွေကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။

၂။ ပထမဆုံးအလုပ်က တသက်လုံးလုပ်ရမှာ မဟုတ်ဘူး
ဘွဲ့ရပြီးခါစအလုပ်ဝင်သူ လူငယ်အများစုနဲ့ သူတို့ရဲ့မိဘတွေဟာ ပထမဆုံးအလုပ်ရှာတဲ့အခါမှာ ပြီးပြည့်စုံတဲ့ အလုပ်အကိုင်တစ်ခုရဖို့ကို အာရုံစိုက်တတ်ကြပါတယ်။ တကယ်တော့ လုပ်ငန်းခွင်အခြေအနေပေါ်မှာ မူတည်ပြီး နောက်ထပ်အလုပ်အကိုင်အခွင့်အလမ်းသစ်ရရှိလာတာနဲ့ လက်ရှိအလုပ်ကနေ ထွက်ဖို့ စဉ်းစားရမှာပဲ ဖြစ်ပါတယ်။ တစ်နေရာထဲမှာ တစ်သက်လုံးလုပ်သွားတဲ့ ခေတ်မရှိတော့ပါဘူး။ ဒါ့ကြောင့် ပထမဆုံးအလုပ်ကို အစစအရာရာပြီးပြည့်စုံဖို့ မျှော်လင့်မနေပါနဲ့။ အတွေ့အကြုံရမယ်၊ ပညာရမယ်၊ စိန်ခေါ်မှုရှိတယ်ဆိုရင် အဆင်ပြေပါပြီ။

၃။ အဝတ်အစားကို သင့်တော်သလို ဝတ်ဆင်ပါ
အခုခေတ်မှာ လုပ်ငန်းအများစုက အဝတ်အစားနဲ့ပတ်သက်ပြီး သိပ်မတင်းကျပ်ကြပါဘူး။ ဒါပေမယ့် လုပ်ငန်းခွင်တစ်ခု တီရှပ်၊ ဘောင်းဘီတို၊ အပေါစားခြေညှပ်ဖိနပ်တွေ ဝတ်သွားတာတော့ မသင့်တော်ပါဘူး။ အလုပ်ထဲမှာ အများစုက ဂျင်းဘောင်းဘီတွေ ဝတ်နေကြတာတွေ့တိုင်း လိုက်ဝတ်သင့်တာ မဟုတ်ပါဘူး။ သင့်အနေနဲ့ တစ်နေ့မှာဖြစ်ချင်တဲ့ ရာထူးနေရာကလူတွေ ဘယ်လိုဝတ်စားတယ်ဆိုတာကို လေ့လာပါ။ သူတို့ ဘယ်လို အဝတ်အစားတွေကို ဝတ်ဆင်တယ်၊ သူတို့ကိုသူတို့ ဘယ်လိုပုံစံဖြစ်အောင် နေထိုင်တယ်ဆိုတာကို စောင့်ကြည့်ရမှာပါ။ သင်လိုချင်တဲ့ ရာထူးနေရာအတိုင်း ဝတ်ဆင်ရမှာပါ။ လက်ရှိအနေအထားအတိုင်း ဝတ်ဆင်ရမှာမဟုတ်ပါဘူး။

၄။ ပေးပို့မှု မလုပ်ချင်မှာ စစ်ဆေးပါ
အလုပ်ထဲမှာ အီးမေးလ်တွေ ပေးပို့မှုက လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အများကြီးထင်ဟပ်နေပါတယ်။ မကြာခဏ အီးမေးလ်ပို့ခြင်း၊ တစ်ဦးတစ်ယောက်သာ သိရမယ့် ကိစ္စကို အားလုံးဆီကို ပို့မိခြင်း စတဲ့အမှားတွေ ကြုံရတတ်ပါတယ်။ ဒါ့အပြင် စာအရေးအသားမှန်ကန်ဆီလျော်စွာ ရေးနိုင်ဖို့လည်း အရေးကြီးပါတယ်။ အီးမေးလ်တစ်ခု ပေးပို့တော့မယ်ဆိုရင် တစ်ခေါက်ဖတ်ပါ၊ ပြီးရင် နောက်တစ်ခေါက်ထပ်ဖတ်ပြီး စစ်ဆေးပါ။ အရေးကြီးတဲ့ အီးမေးလ်ဖြစ်ခဲ့မယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်ကို စစ်ဆေးခိုင်းပါ။

၅။ သွားနေကျနေရာတစ်ခု ရှာထားပါ
ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်ပြီဆိုတာနဲ့ အိမ်မှာနေချိန်ထက် အလုပ်ထဲမှာနေရချိန်တွေ ပိုများလာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်မှာလည်း မဟုတ်၊ လုပ်ငန်းခွင်ထဲမှာလည်း မဟုတ်တဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင် စသဖြင့် ပုံမှန်သွားလို့ရနိုင်မယ့် တတိယနေရာတစ်ခုကို ရှာထားသင့်ပါတယ်။ ဒီလိုနေရာတစ်ခုရှိထားမယ်ဆိုရင် ပုံမှန်လည်ပတ်နေတဲ့ အချိန်တွေအပြင်မှာ သူငယ်ချင်းမိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးမှုကို ပိုမိုတည်ဆောက်နိုင်ပါတယ်။

Credit: Gentleman Magazine
ဗဟုသုတ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top