iMyanmarHouse.com - Best Property Website for Myanmar
×

  သားအိမ္က်တယ္ဆိုတာ သားအိမ္က ျဖည္းျဖည္းခ်င္း ေအာက္ကို ဆင္းလာၿပီး သားအိမ္နံရံေတြ မိနိးမကိုယ္ကေန ကြၽံဆင္းလာတာ ျဖစ္ပါတယ္။

>>    သားအိမ္က်တဲ့အခါ ဘယ္လိုလကၡဏာေတြ ျပတတ္သလဲ?

●        ခါးေအာက္ပိုင္း ေလးေလးႀကီး ခဲဆြဲထားသလို နာမယ္။

●        သားအိမ္ထဲမွာ၊ မိန္းမကိုယ္မွာ တစ္ခုခု တစ္ေနသလို ခံစားရမယ္။

●        ေနာက္ေၾကာတက္မယ္။

●        ဆီးသြားရ ခက္မယ္။

●        ဆီးက်န္သလို ခံစားရမယ္။

●        ေခ်ာင္းဆိုးတဲ့အခါ၊ ႏွာေခ်တဲ့အခါ ဆီးေတြ ထြက္က်မယ္။



>>    သားအိမ္က်တာကို ဘယ္လိုကာကြယ္မလဲ?

●        ကိုယ္ဝန္ေဆာင္ခ်ိန္၊ ေမြးဖြားၿပီးခ်ိန္မွာ တင္ပါးဆံုႂကြက္သားေတြကို ေတာင့္တင္းေစမယ့္ ေလ့က်င့္ခန္း လုပ္ပါ။

●        ကေလးေမြးဖြားခ်ိန္မွာ ညႇစ္ခ်ိန္မတန္ဘဲ မညႇစ္ပါနဲ႔။

●        ေမြးၿပီးတဲ့အခါ ဝမ္းမခ်ဳပ္ေအာင္ ကာကြယ္ပါ။

●        ေသြးဆံုးၿပီးခ်ိန္မွာ လိုအပ္ရင္ ေဟာ္မုန္းအစားထိုး ကုသမႈခံယူပါ။



>>    သားအိမ္က်တာကို မကုသဘူးဆိုရင္ -

●        က်လာတဲ့သားအိမ္နံရံေတြ စုတ္ျပဲမယ္၊ အနာျဖစ္မယ္ ။

●        ေသြးယိုလာမယ္။

●        သားအိမ္ေခါင္း ထူလာမယ္။

●        ဆီးပိုးဝင္မယ္။

●        သားအိမ္ ပိုကြၽံက်လာမယ္။

          အစပိုင္းဆိုရင္ေတာ့ ကြင္းေလးေတြထည့္ၿပီး ျပန္ထိန္းလို႔ရေပမယ့္ သားအိမ္ကြၽံတာ သိပ္ဆိုးတဲ့အခါ ခြဲစိတ္ကုသမႈခံယူရမွာ ျဖစ္ပါတယ္။

Credit: drmyanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

  သားအိမ်ကျတယ်ဆိုတာ သားအိမ်က ဖြည်းဖြည်းချင်း အောက်ကို ဆင်းလာပြီး သားအိမ်နံရံတွေ မိနိးမကိုယ်ကနေ ကျွံဆင်းလာတာ ဖြစ်ပါတယ်။



>>    သားအိမ်ကျတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ?

●        ခါးအောက်ပိုင်း လေးလေးကြီး ခဲဆွဲထားသလို နာမယ်။

●        သားအိမ်ထဲမှာ၊ မိန်းမကိုယ်မှာ တစ်ခုခု တစ်နေသလို ခံစားရမယ်။

●        နောက်ကြောတက်မယ်။

●        ဆီးသွားရ ခက်မယ်။

●        ဆီးကျန်သလို ခံစားရမယ်။

●        ချောင်းဆိုးတဲ့အခါ၊ နှာချေတဲ့အခါ ဆီးတွေ ထွက်ကျမယ်။



>>    သားအိမ်ကျတာကို ဘယ်လိုကာကွယ်မလဲ?

●        ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားပြီးချိန်မှာ တင်ပါးဆုံကြွက်သားတွေကို တောင့်တင်းစေမယ့် လေ့ကျင့်ခန်း လုပ်ပါ။

●        ကလေးမွေးဖွားချိန်မှာ ညှစ်ချိန်မတန်ဘဲ မညှစ်ပါနဲ့။

●        မွေးပြီးတဲ့အခါ ဝမ်းမချုပ်အောင် ကာကွယ်ပါ။

●        သွေးဆုံးပြီးချိန်မှာ လိုအပ်ရင် ဟော်မုန်းအစားထိုး ကုသမှုခံယူပါ။



>>    သားအိမ်ကျတာကို မကုသဘူးဆိုရင် -

●        ကျလာတဲ့သားအိမ်နံရံတွေ စုတ်ပြဲမယ်၊ အနာဖြစ်မယ် ။

●        သွေးယိုလာမယ်။

●        သားအိမ်ခေါင်း ထူလာမယ်။

●        ဆီးပိုးဝင်မယ်။

●        သားအိမ် ပိုကျွံကျလာမယ်။

          အစပိုင်းဆိုရင်တော့ ကွင်းလေးတွေထည့်ပြီး ပြန်ထိန်းလို့ရပေမယ့် သားအိမ်ကျွံတာ သိပ်ဆိုးတဲ့အခါ ခွဲစိတ်ကုသမှုခံယူရမှာ ဖြစ်ပါတယ်။

Credit: drmyanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top