iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳေမေလးတို႔ေရ ကိုယ့္မ်က္ႏွာအသားအေရေလးကို ေသခ်ာဂ႐ုစိုက္ျဖစ္ၾကရဲ႕လား။ မွန္မွန္ေရာ ေပါင္းတင္ျဖစ္ၾကရဲ႕လား။ အလုပ္မ်ားလြန္းလို႔ ေပါင္းမတင္ျဖစ္ဘူးဆိုရင္ေတာင္ အနည္းဆံုး တစ္ပတ္တစ္ႀကိမ္ေလာက္ေတာ့ ေပါင္းတင္သင့္ပါတယ္။ ဒါမွ အသက္ရလာတဲ့အခါ အရြယ္တင္ႏုပ်ိဳေနတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ႏိုင္မွာပါ။

အခုေနာက္ပိုင္းမွာ ေပါင္းတင္ကပ္ခြာေတြကလည္း အသားအေရအမ်ိဳးအစားအလိုက္ မိမိႀကိဳက္ႏွစ္သက္ရာအမ်ိဳးအစားနဲ႔ ေပါင္းတင္ႏိုင္တာကလည္း အားသာခ်က္တစ္ခုပါပဲ။ ေပါင္းတင္ကပ္ခြာနဲ႔ မေပါင္းတင္ခ်င္ဘူး သဘာဝနည္းလမ္းနဲ႔ ေပါင္းတင္ခ်င္တယ္ဆိုတဲ့ပ်ိဳေမေလးေတြအတြက္ကေတာ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးနဲ႔ ေပါင္းတင္ႏိုင္ပါတယ္။ မိမိအိမ္မွာ႐ွိၿပီးသား ပစၥည္းေတြနဲ႔ ေပါင္းတင္တာဆိုေတာ့ အပိုပိုက္ဆံမကုန္ေတာ့ဘူးေပါ့။

ပါဝင္ပစၥည္းမ်ား

(၁) အုန္းဆီ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

(၂) ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းမွ ၅ ဇြန္းအထိ

(၃) လာဗန္ဒါအဆီ တစ္စက္ ႏွစ္စက္ခန္႔ (လာဗန္ဒါအဆီကေတာ့ မထည့္လည္း ရပါတယ္)

ျပဳလုပ္နည္း

ပါဝင္ပစၥည္းမ်ားအားလံုးကို ဇြန္းေလးနဲ႔ အသာအယာေမႊေပးလိုက္ပါ။ ၿပီးရင္ မ်က္ႏွာကို ေဆးေၾကာသန္႔စင္ထားလိုက္ပါ။ ထို႔ေနာက္ ေမႊထားေသာ အႏွစ္မ်ားကို လက္ေခ်ာင္းအသံုးျပဳၿပီး မ်က္ႏွာေပၚမွာ စက္ဝိုင္းပံုသ႑ာန္ သုတ္လိမ္းေပးလိုက္ပါ။ ၁၀ မိနစ္ ၁၅ မိနစ္ၾကာေအာင္ ထားထားလိုက္ပါ။

မ်က္ႏွာသစ္ဖို႔ရန္အတြက္ အဝတ္စသန္႔သန္႔ေလးနဲ႔ ေရေႏြးေႏြးေလးတို႔ လိုအပ္ပါမယ္။ အဝတ္စကို ေရေႏြးေႏြးေလးထဲ စိမ္ထားၿပီးေနာက္ မ်က္ႏွာေပၚမွာ ၁၀ စကၠန္႔၊ စကၠန္႔ ၂၀ ခန္႔အထိ ကပ္ထားၿပီးေနာက္ ျဖည္းညွင္းစြာ သုတ္ေပးလိုက္ပါ။ ပ်ားရည္ႏွင့္ အုန္းဆီမ်ား မ်က္ႏွာေပၚမွ ေျပာင္စင္သြားသည္အထိ ထိုအဝတ္စျဖင့္ သုတ္ေပးႏိုင္ပါတယ္။

သတိျပဳရန္

အေရျပား Sensitive ျဖစ္သူမ်ားအေနနဲ႔ မ်က္ႏွာေပၚ တိုက္႐ိုက္မလိမ္းခင္မွာ လည္ပင္းမွာ အရင္ သုတ္လိမ္းေပးလိုက္ပါ။ အေရျပားယားယံျခင္းမ႐ွိဘူးဆိုရင္ေတာ့ စိတ္ခ်လက္ခ်နဲ႔ မ်က္ႏွာေပၚ သုတ္လိမ္းထားႏိုင္ပါၿပီ။

အခုေဖာ္ျပသြားတဲ့ အိမ္တြင္းေပါင္းတင္နည္းေလးက အသားအေရကို အစိုဓာတ္ထိန္းေပးထားႏိုင္ၿပီး တင္းတင္းရင္းရင္းေလးျဖစ္ေအာင္ အသားအေရႏူးညံ့ေခ်ာေမြ႕ေအာင္ ကူညီေပးႏိုင္တဲ့ ေပါင္းတင္နည္းေလးပဲျဖစ္ပါတယ္။

Credit: mystylemyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ပျိုမေလေးတို့ရေ ကိုယ့်မျက်နှာအသားအရေလေးကို သေချာဂရုစိုက်ဖြစ်ကြရဲ့လား။ မှန်မှန်ရော ပေါင်းတင်ဖြစ်ကြရဲ့လား။ အလုပ်များလွန်းလို့ ပေါင်းမတင်ဖြစ်ဘူးဆိုရင်တောင် အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက်တော့ ပေါင်းတင်သင့်ပါတယ်။ ဒါမှ အသက်ရလာတဲ့အခါ အရွယ်တင်နုပျိုနေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာပါ။

အခုနောက်ပိုင်းမှာ ပေါင်းတင်ကပ်ခွာတွေကလည်း အသားအရေအမျိုးအစားအလိုက် မိမိကြိုက်နှစ်သက်ရာအမျိုးအစားနဲ့ ပေါင်းတင်နိုင်တာကလည်း အားသာချက်တစ်ခုပါပဲ။ ပေါင်းတင်ကပ်ခွာနဲ့ မပေါင်းတင်ချင်ဘူး သဘာဝနည်းလမ်းနဲ့ ပေါင်းတင်ချင်တယ်ဆိုတဲ့ပျိုမေလေးတွေအတွက်ကတော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးနဲ့ ပေါင်းတင်နိုင်ပါတယ်။ မိမိအိမ်မှာရှိပြီးသား ပစ္စည်းတွေနဲ့ ပေါင်းတင်တာဆိုတော့ အပိုပိုက်ဆံမကုန်တော့ဘူးပေါ့။

ပါဝင်ပစ္စည်းများ

(၁) အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

(၂) ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းမှ ၅ ဇွန်းအထိ

(၃) လာဗန်ဒါအဆီ တစ်စက် နှစ်စက်ခန့် (လာဗန်ဒါအဆီကတော့ မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း

ပါဝင်ပစ္စည်းများအားလုံးကို ဇွန်းလေးနဲ့ အသာအယာမွှေပေးလိုက်ပါ။ ပြီးရင် မျက်နှာကို ဆေးကြောသန့်စင်ထားလိုက်ပါ။ ထို့နောက် မွှေထားသော အနှစ်များကို လက်ချောင်းအသုံးပြုပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ် ၁၅ မိနစ်ကြာအောင် ထားထားလိုက်ပါ။

မျက်နှာသစ်ဖို့ရန်အတွက် အဝတ်စသန့်သန့်လေးနဲ့ ရေနွေးနွေးလေးတို့ လိုအပ်ပါမယ်။ အဝတ်စကို ရေနွေးနွေးလေးထဲ စိမ်ထားပြီးနောက် မျက်နှာပေါ်မှာ ၁၀ စက္ကန့်၊ စက္ကန့် ၂၀ ခန့်အထိ ကပ်ထားပြီးနောက် ဖြည်းညှင်းစွာ သုတ်ပေးလိုက်ပါ။ ပျားရည်နှင့် အုန်းဆီများ မျက်နှာပေါ်မှ ပြောင်စင်သွားသည်အထိ ထိုအဝတ်စဖြင့် သုတ်ပေးနိုင်ပါတယ်။

သတိပြုရန်

အရေပြား Sensitive ဖြစ်သူများအနေနဲ့ မျက်နှာပေါ် တိုက်ရိုက်မလိမ်းခင်မှာ လည်ပင်းမှာ အရင် သုတ်လိမ်းပေးလိုက်ပါ။ အရေပြားယားယံခြင်းမရှိဘူးဆိုရင်တော့ စိတ်ချလက်ချနဲ့ မျက်နှာပေါ် သုတ်လိမ်းထားနိုင်ပါပြီ။

အခုဖော်ပြသွားတဲ့ အိမ်တွင်းပေါင်းတင်နည်းလေးက အသားအရေကို အစိုဓာတ်ထိန်းပေးထားနိုင်ပြီး တင်းတင်းရင်းရင်းလေးဖြစ်အောင် အသားအရေနူးညံ့ချောမွေ့အောင် ကူညီပေးနိုင်တဲ့ ပေါင်းတင်နည်းလေးပဲဖြစ်ပါတယ်။

Credit: mystylemyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top