iMyanmarHouse.com - Best Property Website for Myanmar
×


(၁)ကျေးဇူးတင်ခြင်း

(၂)ပေးကမ်းခြင်း

(၃)ပျော်ျေပျာ်နေတတ်ခြင်း


Credit: xyznews
အလှအပ


#Unicode Version# ဖြင့်ဖတ်ပါ ။

အလှတရားဆိုတာရုပ်ရည်သွင်ပြင်တစ်ခုတည်းကိုဆိုလိုတာမဟုတ်သလိုကိုယ့်အတွက်လှပတဲ့နေ့ရက်တွေကိုလည်းကိုယ်တိုင်ဖန်တီးနိုင်ပါသေးတယ်။အခုဖော်ပြပေးချင်တဲ့အကြောင်းအရာကတော့ကိုယ့်အတွက်သီးသန့်ဖြစ်တည်လာမယ့်အလှတရားတွေကိုစောင့်ဆိုင်းနေစရာမလိုဘဲချက်ချင်း(ဒီနှစ်အတွင်း)ပိုင်ဆိုင်နိုင်မယ့်နည်းလမ်းကောင်းလေးတွေဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဗဟုသုတမှတ်စုတိုအဖြစ်ဖော်ပြပေးလိုက်ပါတယ်

(၁)ကျေးဇူးတင်ခြင်း
ကျေးဇူးတင်တယ်ဆိုတာကိုယ့်အတွက်ရပ်တည်ပေးသူတွေကိုပဲကျေးဇူးတင်ရမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့လူတွေဟာဒီထက်ပိုကောင်းတဲ့အလုပ်၊ပိုပြီးပျော်ရွှင်ရတဲ့relationship၊ကိုယ့်ကိုဒီထက်ပိုပိုပြီးနားလည်ပေးနိုင်တဲ့သူငယ်ချင်းမျိုးစသဖြင့်ပိုကောင်းတဲ့အရာတွေကိုရလေပိုပိုပြီးအကောင်းဆုံးတွေကိုလိုချင်ကြလေပါပဲ။တကယ်တော့ကိုယ့်မှာရှိနေတဲ့အရာတွေကိုပိုင်ဆိုင်ခွင့်ရနေတဲ့ကိုယ့်ကိုယ်ကိုယ်ကျေးဇူးတင်ရမှာပါ။လက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေအတွက်ကြိုးစားနိုင်ခဲ့တဲ့ကိုယ့်ကိုယ်ကိုယ်ကျေးဇူးတင်တတ်ခြင်းဖြင့် အလှတရားတွေကိုသင်ပိုင်ဆိုင်ခွင့်ရမှာပါ။

(၂)ပေးကမ်းခြင်း
ပေးကမ်းတယ်ဆိုတာအကူအညီပေးခြင်းတစ်မျိုးပါပဲ။ပစ္စည်း၊ ငွေကြေးပေးတာမျိုးကိုပေးကမ်းခြင်းလို့အလွယ်တကူဆိုနိုင်ပေမယ့်သင့်မှာပေးကမ်းစရာ ငွေကြေး၊ပစ္စည်းဥစ္စာမရှိဘူးဆိုရင်လည်းစိတ်ညစ်နေစရာမလိုပါဘူး။စိတ်ဓာတ်ကျသူကိုအားပေးတာ၊လုပ်အားအကူအညီလိုတဲ့နေရာမှာ နှုတ်ဖြင့်ဖြစ်စေ၊လူအားဖြင့်ဖြစ်စေတတ်နိုင်သမျှကူညီအားဖြည့်ခြင်းကလည်း ပေးကမ်းခြင်းတစ်မျိုးပါပဲ။ပေးကမ်းခြင်းကိုသိတတ်သူဟာလူ့အဖွဲ့အစည်းမှာအလှဆုံးလူသားတစ်ဦးအဖြစ်ရပ်တည်နိုင်မှာပါ။

(၃)ပျော်ေျပျာ်နေတတ်ခြင်း
ကိုယ်ပျော်ရွှင်ရဖို့သူများမျက်ရည်ကျရမယ့်အဖြစ်မျိုးဟာစစ်မှန်တဲ့ပျော်ရွှင်မှု၊အဖိုးတန်တဲ့ပျော်ရွှင်မှုမဟုတ်ပါဘူး။တစ်ဖက်မှာလည်းစစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ပျော်ပျော်နေတတ်ခြင်းဟာသင့်ကိုလက်ရှိတဲ့ပိုမိုလှပတဲ့လူသားတစ်ဦးဖြစ်စေမှာပါ။ကိုယ်တိုင်ပျော်ပျော်နေတတ်သူတွေဟာတခြားသူတွေနဲ့လည်းပျော်ရွှင်မှုကိုမျှဝေခံစားတတ်ကြပါတယ်။အထူးသဖြင့် ပျော်ရွှင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ သင့်မျက်နှာပေါ်က အပြုံးကသင့်အလှကို ပိုပြီးထင်ဟပ်စေပါတယ်။

(၄)နာကျင်မှုတွေကိုအတိတ်မှာချန်ခဲ့ခြင်း
မဖြစ်သေးတဲ့အနာဂတ်ကိုကြိုတွေးပြီးနာကျင်ရတယ်ဆိုတာမသေချာတဲ့ခံစားမှုတစ်ခုပါ။ဖြစ်နိုင်ခြေအရှိဆုံးကတော့နာကျင်မှုဆိုတာ အတိတ်မှာပဲရှိတာပါ။လက်ရှိနာကျင်နေရတယ်ဆိုရင်တောင် တချိန်ချိန်မှာအတိတ်မှာကျန်ခဲ့မှာပါပဲ။ဒါပေမယ့် အဲဒီနာကျင်မှုတွေကိုအတိတ်မှာ ချန်မထားနိုင်ခဲ့လို့ လက်ရှိပစ္စုပ္ပန်တိုင်းမှာ နာကျင်နေရခြင်းဖြစ်ပါတယ်။နာကျင်မှုတွေကို အတိတ်မှာချန်ခဲ့နိုင်တာနဲ့ နာကျင်မှုတွေမရှိတော့တဲ့ သင့်ရဲ့နေ့ရက်တွေဟာသာယာလှပဆုံးဖြစ်နေမှာပါ။

Credit: xyznews
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top