iMyanmarHouse.com - Best Property Website for Myanmar
×
Credit: MM
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
အရက်သောက်သုံးခြင်းက ယေဘုယျအားဖြင့် ကျန်းမာရေးအတွက် ကောင်းတယ်လို့ မယူဆကြပါဘူး။ ဒါပေမဲ့ ဆေးဖြစ်ဝါးဖြစ် သောက်သုံးပေးသင့်တယ်လို့လဲ ပြောကြပါတယ်။ အရက်ကို ဆက်တိုက်သောက်သုံးခြင်းက များစွာသောကျန်းမာရေးဆိုးကျိုးတွေဖြစ်လာစေပါတယ်။ သင့်ဦးနှောက်ကစလို့ အသည်းအထိအန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် ဆက်တိုက်အရက်သောက်သုံးခြင်းကို ဘယ်သူကမှ လက်ခံကြမှာမဟုတ်ပါဘူး။
ဆေးဖြစ်ဝါးဖြစ်အနေနဲ့ဆိုရင် အမျိုးသမီးတွေက တစ်နေ့ကို တစ်ခွက်သောက်သုံးလို့ရပြီး အမျိုးသားတွေကတော့ တစ်နေ့ကို နှစ်ခွက်သောက်သုံးလို့ရပါတယ်။
အရက်သောက်သုံးခြင်းက ကျွန်ုပ်တို့ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာများဖြစ်နိုင်တာကို ကျွန်ုပ်တို့အားလုံးသိကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့သွားကို ဘယ်လောက်အန္တရာယ်ဖြစ်စေလဲဆိုတာကို တွေးမိကြမယ်မထင်ပါဘူူး။
အရက်သောက်သုံးခြင်းက ကျွန်ုပ်တို့ရဲ့သွားကို ယိုယွင်းပျက်စီးဆုံးရှုံးနိုင်ချေများပါတယ်။ အရက်အပြင်းစားတွေက သွားပိုးစားခြင်းကို ဖြစ်စေသော သကြားပါဝင်မှုများတဲ့ ဆိုဒါနဲ့ဖျော်ရည်တို့ပါဝင်ပါတယ်။
အဆက်မပြတ်အရက်သောက်ခြင်းက ကျွန်ုပ်တို့ကို ရေဓာတ်ကုန်ခန်းစေပြီး ရလဒ်အနေနဲ့ ပါးစပ်က တံတွေး ထုတ်လုပ်မှုနည်းသွားတဲ့အတွက် ပါးစပ်ခြောက်သွေ့ခြင်းတွေဖြစ်လာနိုင်ပါတယ်။ တံထွေးက ပါးစပ်အတွင်းက ဘတ်တီးရီးယားအားလုံးကို ဖယ်ရှားပစ်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။
အရက်အပြင်းစားကော ဘီယာကောက သွားကို စွန်းထင်းစေတဲ့ အက်ဆစ်ဓာတ်တွေဖြစ်ပါတယ်။
အရက်သောက်သုံးပြီးနောက် လူတော်တော်များများက သွားမတိုက်ကြပါဘူး။ သွားမတိုက်တဲ့အခါ ပါးစပ်မှာ သကြားတွေအားလုံး တစ်ညလုံး ကျန်နေခဲ့ပါတယ်။ ဒါက သေချာပေါက် သွားအတွက် မကောင်းပါဘူး။
အရက်သောက်သုံးပြီးတဲ့နောက် ရေများများသောက်ပေးပါ။ဒါမှ ရေဓာတ်ဖြည့်ပေးမှာဖြစ်ပါတယ်။
Credit: MM
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top