iMyanmarHouse.com - Best Property Website for Myanmar
×

တရားမွတ္ျခင္းဟာ စိတ္ဖိစီးမႈကို ေျပေပ်ာက္ေစပါတယ္။ ေနာက္တစ္နည္းကေတာ့ ကိုယ့္ရဲ႕အျပဳအမူအက်င့္ေလးေတြကို အားစိုက္ထုတ္စရာမလိုဘဲ ေျပာင္းလဲယူတဲ့နည္းနဲ႔ စိတ္ဖိစီးမႈကို တုိက္ထုတ္ပစ္လို႔ရပါတယ္။ အိမ္မွာပဲ လက္ေတြ႕လုပ္ၾကည့္ႏိုင္ၿပီး ဘာမွ အေထြအထူး ေလ့က်င့္စရာမလိုတဲ့နည္းေတြပါ။ အဓိကကေတာ့ ကိုယ့္စိတ္ကို မေကာင္းတဲ့အရာေတြ မေတြးမိေအာင္ ျပင္ဖုိ႔ပါပဲ။

၁။ ပံုႀကီးမခ်ဲ႕နဲ႔

လက္႐ွိျဖစ္ေနတဲ့အေျခအေနကို အ႐ွိကိုအ႐ွိတိုင္းပဲ ျမင္ဖုိ႔လိုတယ္။ ပံုႀကီးခ်ဲ႕ေတြးေတာ့ ပိုၿပီးေသာကမ်ားရတယ္။ အဆိုးေတြကို ပံုႀကီးခ်ဲ႕ေတြးေနမိရာကေန တကယ့္အဆိုးဆံုးအထိ ျဖစ္သြားႏိုင္တယ္။ "ငါ ေနာက္အလုပ္မရႏိုင္ေတာ့ဘူး" လို႔ ေတြးမယ့္အစား " ငါ ေနာက္အလုပ္ရလိမ့္မယ္။ အခ်ိန္ေလးပဲေစာင့္ေနရမွာ"လို႔ ေတြးၾကည့္ပါ။

၂။ စားျမံဳ႕မျပန္ရဘူး

ျဖစ္ၿပီးခဲ့တဲ့ကိစၥေတြကို ျပန္ေတြးေနတတ္တဲ့အက်င့္ေၾကာင့္ စိတ္ဖိစီးမႈ ပိုမ်ားရတယ္မဟုတ္လား။ ေဒါသေတြ၊ စိတ္ဖိစီးမႈေတြ၊ ေသာကေတြ ပိုတိုးလာဖုိ႔ပဲရွိမယ္။ ႐ုတ္တရက္ သတိရမိတာနဲ႔ ေတာက္ေလွ်ာက္ျပန္ေတြးေန၊ ေဒါသျဖစ္ေနရတာက မတူဘူးေလ။

၃။ ႀကိဳပူတာေတြေလွ်ာ့

သင္က အနာဂတ္ကို ႀကိဳသိႏိုင္တဲ့လူမဟုတ္ဘူးမုိ႔လား။ ဘာကိစၥနဲ႔ အသည္းအသန္ေတြ ေတြးပူေနမလဲ။ လက္႐ွိကို အာရံုစိုက္ရမယ့္အစား အနာဂတ္ကိုႀကိဳေတြးပူေနတာက လက္႐ွိမွာလည္း ကိစၥေတြမၿပီးေျမာက္ဘူး။ ေသာကေတြနဲ႔ပဲ တဝဲလည္လည္ျဖစ္ေနမွာ။

၄။ လူေတြနဲ႔ေတြ႕ဆံုပါ

စိတ္ညစ္ေနလို႔ တစ္ေယာက္တည္းေနခ်င္တယ္ဆုိၿပီး အခန္းေအာင္းေနတာဟာ မွန္ကန္တဲ့ေျဖ႐ွင္းနည္းမဟုတ္ပါဘူး။ ဘာမွမလုပ္ဘဲ တစ္ေယာက္တည္း အထီးက်န္ေနတဲ့ဘဝဟာ စိတ္ဖိစီးမႈေတြဆီကို ဦးတည္သြားေစတယ္။ ကိုယ့္ကိုနားလည္ေပးႏိုင္မယ့္လူေတြနဲ႔ေတြ႕ပါ။

Credit:Win Thu
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

တရားမှတ်ခြင်းဟာ စိတ်ဖိစီးမှုကို ပြေပျောက်စေပါတယ်။ နောက်တစ်နည်းကတော့ ကိုယ့်ရဲ့အပြုအမူအကျင့်လေးတွေကို အားစိုက်ထုတ်စရာမလိုဘဲ ပြောင်းလဲယူတဲ့နည်းနဲ့ စိတ်ဖိစီးမှုကို တိုက်ထုတ်ပစ်လို့ရပါတယ်။ အိမ်မှာပဲ လက်တွေ့လုပ်ကြည့်နိုင်ပြီး ဘာမှ အထွေအထူး လေ့ကျင့်စရာမလိုတဲ့နည်းတွေပါ။ အဓိကကတော့ ကိုယ့်စိတ်ကို မကောင်းတဲ့အရာတွေ မတွေးမိအောင် ပြင်ဖို့ပါပဲ။

၁။ ပုံကြီးမချဲ့နဲ့

လက်ရှိဖြစ်နေတဲ့အခြေအနေကို အရှိကိုအရှိတိုင်းပဲ မြင်ဖို့လိုတယ်။ ပုံကြီးချဲ့တွေးတော့ ပိုပြီးသောကများရတယ်။ အဆိုးတွေကို ပုံကြီးချဲ့တွေးနေမိရာကနေ တကယ့်အဆိုးဆုံးအထိ ဖြစ်သွားနိုင်တယ်။ "ငါ နောက်အလုပ်မရနိုင်တော့ဘူး" လို့ တွေးမယ့်အစား " ငါ နောက်အလုပ်ရလိမ့်မယ်။ အချိန်လေးပဲစောင့်နေရမှာ"လို့ တွေးကြည့်ပါ။

၂။ စားမြုံ့မပြန်ရဘူး

ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေကို ပြန်တွေးနေတတ်တဲ့အကျင့်ကြောင့် စိတ်ဖိစီးမှု ပိုများရတယ်မဟုတ်လား။ ဒေါသတွေ၊ စိတ်ဖိစီးမှုတွေ၊ သောကတွေ ပိုတိုးလာဖို့ပဲရှိမယ်။ ရုတ်တရက် သတိရမိတာနဲ့ တောက်လျှောက်ပြန်တွေးနေ၊ ဒေါသဖြစ်နေရတာက မတူဘူးလေ။

၃။ ကြိုပူတာတွေလျှော့

သင်က အနာဂတ်ကို ကြိုသိနိုင်တဲ့လူမဟုတ်ဘူးမို့လား။ ဘာကိစ္စနဲ့ အသည်းအသန်တွေ တွေးပူနေမလဲ။ လက်ရှိကို အာရုံစိုက်ရမယ့်အစား အနာဂတ်ကိုကြိုတွေးပူနေတာက လက်ရှိမှာလည်း ကိစ္စတွေမပြီးမြောက်ဘူး။ သောကတွေနဲ့ပဲ တဝဲလည်လည်ဖြစ်နေမှာ။

၄။ လူတွေနဲ့တွေ့ဆုံပါ

စိတ်ညစ်နေလို့ တစ်ယောက်တည်းနေချင်တယ်ဆိုပြီး အခန်းအောင်းနေတာဟာ မှန်ကန်တဲ့ဖြေရှင်းနည်းမဟုတ်ပါဘူး။ ဘာမှမလုပ်ဘဲ တစ်ယောက်တည်း အထီးကျန်နေတဲ့ဘဝဟာ စိတ်ဖိစီးမှုတွေဆီကို ဦးတည်သွားစေတယ်။ ကိုယ့်ကိုနားလည်ပေးနိုင်မယ့်လူတွေနဲ့တွေ့ပါ။

Credit:Win Thu
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top