iMyanmarHouse.com - Best Property Website for Myanmar
×


မ်က္လုံးက စိတ္ရဲ႕ ျပဴတင္းေပါက္ဆိုၿပီး ေျပာၾကပါတယ္ ။ ဒီဆို႐ိုးေလးဟာ ဘယ္ကေနဆင္းသက္လာလဲဆိုတာ မသိေပမယ့္ ဒီေန႔ေခတ္မွာေတာ့ မ်က္လုံးက သင့္ က်န္းမာေရးအေျခအေနကို ေျပာျပႏိုင္ပါတယ္ ။

၁။ မ်က္စိနာျခင္း

မ်က္စိနာတာက အေတာ္ကို ခံစားရပါတယ္ ။ အဆီဂလင္းေၾကာင့္ မ်က္ခြံေပၚမွာ အဖုႀကီး ျဖစ္ေပၚလာပါတယ္ ။ အဲဒီအဖုက အေနခက္ေစၿပီး ရက္အနည္းငယ္ ၾကာပါတယ္ ။ မ်က္စိနာတာက အခ်ိန္အၾကာႀကီး ျဖစ္ေနၿပီဆိုရင္ အေရျပား ကင္ဆာရဲ႕ လကၡဏာပါပဲ ။ မ်က္စိနာတာ မေပ်ာက္ဘူးဆိုရင္ ဆရာဝန္ဆီ သြားသင့္ပါၿပီ ။

၂။ မ်က္ခုံးေမႊးကြၽတ္ျခင္း

အသက္ႀကီးလာျခင္း ၊ စိတ္ဖိစီးမႈမ်ားျခင္း ၊ အာဟာရ ခ်ိဳ႕တဲ့ျခင္းေၾကာင့္ မ်က္ခုံးေမႊး ကြၽတ္ပါတယ္ ။ သိုင္း႐ြိဳက္ေဟာ္မုန္း ျပတ္လပ္တာေၾကာင့္လည္း မ်က္ခုံးကြၽတ္ႏိုင္ပါတယ္ ။ ဒါ့အျပင္ ဆံပင္လည္း ကြၽတ္ႏိုင္ပါတယ္ ။ ဆံပင္ေတြ ပါးပါးလာၿပီဆိုရင္ ဆရာဝန္ဆီ သြားၿပီး သိုင္း႐ြိဳက္ဂလင္း အေျခအေနကို စစ္ေဆးသင့္ပါတယ္ ။

၃။ မ်က္လုံးမႈန္ျခင္း

ကြန္ပ်ဴတာေရွ႕ ၊ ဖုန္းေရွ႕မွာ အခ်ိန္ၾကာျမင့္စြာ ကုန္ျခင္းက မ်က္လုံးကို မႉန္ေစပါတယ္ ။ အခုေခတ္မွာဆိုရင္ မ်က္လုံးမႈန္တဲ့ သူေတြ အေတာ္ မ်ားလာၾကပါတယ္ ။ မ်က္လုံးမႈန္လာၿပီဆိုရင္ အခ်ိန္မဆြဲဘဲ ဆရာဝန္နဲ႔ ျပသင့္ပါတယ္ ။

၄။ အလင္းေရာင္မ်ားကို မၾကည့္ႏိုင္ျခင္း

အလင္းေရာင္ေတြကို မၾကည့္ႏိုင္ေတာ့ဘူးဆိုရင္ သတိထားဖို႔ လိုပါတယ္ ။ ေခါင္းတစ္ျခမ္း ကိုက္ျခင္းေၾကာင့္လည္း အေရာင္ ေတာက္ေတာက္ေတြ ၊ အလင္း စူးရွရွေတြကို မၾကည့္ႏိုင္ေတာ့တာ ျဖစ္ႏိုင္ပါတယ္ ။ ဒီလိုလကၡဏာ ခဏခဏျဖစ္ေနရင္ ဆရာဝန္ဆီ ျမန္ျမန္သြားျပတာ ပိုေကာင္းပါတယ္ ။

၅။ မ်က္လုံးျပဴးလာျခင္း

မ်က္လုံးကို ပြတ္လိုက္ရင္ ၊ မ်က္ေတာင္ကို ပုတ္ခတ္ပုတ္ခတ္ လုပ္လိုက္ရင္ အျမင္ၾကည္လာတယ္လို႔ ထင္ရပါတယ္ ။ ဒါေပမယ့္ မ်က္လုံးရဲ႕ အခ်ိဳ႕ အစိတ္အပိုင္းေတြ က်ယ္လာတယ္လို႔ ထင္ရင္ သိုင္း႐ြိဳက္ကလင္း မ်ားေနတာပါ ။ မ်က္လုံးမွိတ္ဖို႔ ခက္လာၿပီဆိုတာကလည္း မ်က္လုံး ျပဴးလာတာကိုလည္း ျဖစ္ေစပါတယ္ ။ အဲဒါေၾကာင့္ မ်က္လုံးက ပုံမွန္ထက္ပိုျပဴးလာရင္ ဂ႐ုမစိုက္ဘဲ မေနသင့္ပါဘူး ။

၆။ မ်က္လုံးဝါလာျခင္း

မွန္ေရွ႕ကိုcေန႔တိုင္း ေရာက္ေနေပမယ့္ မ်က္လုံး ဝါတာကိုေတာ့ သတိမထားမိၾကပါဘူး ။ အ႐ြယ္ေရာက္ၿပီးသူေတြ ၊ အသည္း မဖြံ႕ၿဖိဳးေသးတဲ့ ေမြးကင္းစ ကေလးေတြမွာ အသားဝါေရာဂါ ျဖစ္ႏိုင္ပါတယ္ ။ မ်က္လုံးဝါျခင္းက သည္းေျခအိတ္နဲ႔ ဆက္စပ္ေနပါတယ္ ။ မ်က္လုံးက တျဖည္းျဖည္း ဝါလာရင္ မေပါ့ဆသင့္ဘဲ ဆရာဝန္ဆီ သြားျပသင့္ပါတယ္ ။

၇။ ဆီးခ်ိဳေရာဂါေၾကာင့္ မ်က္လုံးတိမ္ဆြဲျခင္း

ဆီးခ်ိဳေရာဂါ ရွိတဲ့သူေတြက က်န္းမာေရးကို အထူးဂ႐ုစိုက္ဖို႔ လိုပါတယ္ ။ ေနာက္ၿပီး မ်က္လုံး က်န္းမာေရးကိုလည္း မေမ့သင့္ပါဘူး ။ ဆီးခ်ိဳေရာဂါက မ်က္ေၾကာလႊာေသြးေၾကာေတြကို ဖ်က္ဆီးပစ္ႏိုင္ပါတယ္ ။ အဲဒီေနာက္မွာ မ်က္လုံးက တိမ္စြဲလာႏိုင္ပါတယ္ ။ ဆိုးဝါးမလာခင္မွာ မ်က္စိအထူးကု ဆရာဝန္နဲ႔ ျပသင့္ပါတယ္ ။

၈။ ႏွစ္ထပ္ျမင္ျခင္း ၊ မ်က္လုံးတိမ္စြဲျခင္း ၊ အျမင္ခြၽတ္ယြင္းလာျခင္း

အျမင္အာ႐ုံ ေျပာင္းလဲလာျခင္း သတိေပးတဲ့ ေခါင္းေလာင္းလိုပါပဲ ။ ခ်က္ခ်င္းတုံ႔ျပန္ေပးဖို႔ လိုပါတယ္ ။ အရာဝတၱဳမ်ားကို ႏွစ္ထပ္ျမင္ျခင္း ၊ မ်က္လုံးတိမ္ စြဲလာျခင္း ၊ ခဏတာ အျမင္အာ႐ုံ ကြယ္ေပ်ာက္ျခင္းတို႔ ျဖစ္လာရင္ ဆရာဝန္ဆီသြားဖို႔ လိုလာပါၿပီ ။ ဒီလကၡဏာေတြက တစ္ခါတစ္ရံမွာ ေလျဖတ္ေရာဂါရဲ႕ ေရွးဦး လကၡဏာေတြ ျဖစ္လို႔ပါ ။

Credit:Zombie ( Love အတိုစေလးမ်ား )

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မျက်လုံးက စိတ်ရဲ့ ပြူတင်းပေါက်ဆိုပြီး ပြောကြပါတယ် ။ ဒီဆိုရိုးလေးဟာ ဘယ်ကနေဆင်းသက်လာလဲဆိုတာ မသိပေမယ့် ဒီနေ့ခေတ်မှာတော့ မျက်လုံးက သင့် ကျန်းမာရေးအခြေအနေကို ပြောပြနိုင်ပါတယ် ။

၁။ မျက်စိနာခြင်း

မျက်စိနာတာက အတော်ကို ခံစားရပါတယ် ။ အဆီဂလင်းကြောင့် မျက်ခွံပေါ်မှာ အဖုကြီး ဖြစ်ပေါ်လာပါတယ် ။ အဲဒီအဖုက အနေခက်စေပြီး ရက်အနည်းငယ် ကြာပါတယ် ။ မျက်စိနာတာက အချိန်အကြာကြီး ဖြစ်နေပြီဆိုရင် အရေပြား ကင်ဆာရဲ့ လက္ခဏာပါပဲ ။ မျက်စိနာတာ မပျောက်ဘူးဆိုရင် ဆရာဝန်ဆီ သွားသင့်ပါပြီ ။

၂။ မျက်ခုံးမွှေးကျွတ်ခြင်း

အသက်ကြီးလာခြင်း ၊ စိတ်ဖိစီးမှုများခြင်း ၊ အာဟာရ ချို့တဲ့ခြင်းကြောင့် မျက်ခုံးမွှေး ကျွတ်ပါတယ် ။ သိုင်းရွိုက်ဟော်မုန်း ပြတ်လပ်တာကြောင့်လည်း မျက်ခုံးကျွတ်နိုင်ပါတယ် ။ ဒါ့အပြင် ဆံပင်လည်း ကျွတ်နိုင်ပါတယ် ။ ဆံပင်တွေ ပါးပါးလာပြီဆိုရင် ဆရာဝန်ဆီ သွားပြီး သိုင်းရွိုက်ဂလင်း အခြေအနေကို စစ်ဆေးသင့်ပါတယ် ။

၃။ မျက်လုံးမှုန်ခြင်း

ကွန်ပျူတာရှေ့ ၊ ဖုန်းရှေ့မှာ အချိန်ကြာမြင့်စွာ ကုန်ခြင်းက မျက်လုံးကို မှူန်စေပါတယ် ။ အခုခေတ်မှာဆိုရင် မျက်လုံးမှုန်တဲ့ သူတွေ အတော် များလာကြပါတယ် ။ မျက်လုံးမှုန်လာပြီဆိုရင် အချိန်မဆွဲဘဲ ဆရာဝန်နဲ့ ပြသင့်ပါတယ် ။

၄။ အလင်းရောင်များကို မကြည့်နိုင်ခြင်း

အလင်းရောင်တွေကို မကြည့်နိုင်တော့ဘူးဆိုရင် သတိထားဖို့ လိုပါတယ် ။ ခေါင်းတစ်ခြမ်း ကိုက်ခြင်းကြောင့်လည်း အရောင် တောက်တောက်တွေ ၊ အလင်း စူးရှရှတွေကို မကြည့်နိုင်တော့တာ ဖြစ်နိုင်ပါတယ် ။ ဒီလိုလက္ခဏာ ခဏခဏဖြစ်နေရင် ဆရာဝန်ဆီ မြန်မြန်သွားပြတာ ပိုကောင်းပါတယ် ။

၅။ မျက်လုံးပြူးလာခြင်း

မျက်လုံးကို ပွတ်လိုက်ရင် ၊ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရင် အမြင်ကြည်လာတယ်လို့ ထင်ရပါတယ် ။ ဒါပေမယ့် မျက်လုံးရဲ့ အချို့ အစိတ်အပိုင်းတွေ ကျယ်လာတယ်လို့ ထင်ရင် သိုင်းရွိုက်ကလင်း များနေတာပါ ။ မျက်လုံးမှိတ်ဖို့ ခက်လာပြီဆိုတာကလည်း မျက်လုံး ပြူးလာတာကိုလည်း ဖြစ်စေပါတယ် ။ အဲဒါကြောင့် မျက်လုံးက ပုံမှန်ထက်ပိုပြူးလာရင် ဂရုမစိုက်ဘဲ မနေသင့်ပါဘူး ။

၆။ မျက်လုံးဝါလာခြင်း

မှန်ရှေ့ကိုcနေ့တိုင်း ရောက်နေပေမယ့် မျက်လုံး ဝါတာကိုတော့ သတိမထားမိကြပါဘူး ။ အရွယ်ရောက်ပြီးသူတွေ ၊ အသည်း မဖွံ့ဖြိုးသေးတဲ့ မွေးကင်းစ ကလေးတွေမှာ အသားဝါရောဂါ ဖြစ်နိုင်ပါတယ် ။ မျက်လုံးဝါခြင်းက သည်းခြေအိတ်နဲ့ ဆက်စပ်နေပါတယ် ။ မျက်လုံးက တဖြည်းဖြည်း ဝါလာရင် မပေါ့ဆသင့်ဘဲ ဆရာဝန်ဆီ သွားပြသင့်ပါတယ် ။

၇။ ဆီးချိုရောဂါကြောင့် မျက်လုံးတိမ်ဆွဲခြင်း

ဆီးချိုရောဂါ ရှိတဲ့သူတွေက ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ် ။ နောက်ပြီး မျက်လုံး ကျန်းမာရေးကိုလည်း မမေ့သင့်ပါဘူး ။ ဆီးချိုရောဂါက မျက်ကြောလွှာသွေးကြောတွေကို ဖျက်ဆီးပစ်နိုင်ပါတယ် ။ အဲဒီနောက်မှာ မျက်လုံးက တိမ်စွဲလာနိုင်ပါတယ် ။ ဆိုးဝါးမလာခင်မှာ မျက်စိအထူးကု ဆရာဝန်နဲ့ ပြသင့်ပါတယ် ။

၈။ နှစ်ထပ်မြင်ခြင်း ၊ မျက်လုံးတိမ်စွဲခြင်း ၊ အမြင်ချွတ်ယွင်းလာခြင်း

အမြင်အာရုံ ပြောင်းလဲလာခြင်း သတိပေးတဲ့ ခေါင်းလောင်းလိုပါပဲ ။ ချက်ချင်းတုံ့ပြန်ပေးဖို့ လိုပါတယ် ။ အရာဝတ္တုများကို နှစ်ထပ်မြင်ခြင်း ၊ မျက်လုံးတိမ် စွဲလာခြင်း ၊ ခဏတာ အမြင်အာရုံ ကွယ်ပျောက်ခြင်းတို့ ဖြစ်လာရင် ဆရာဝန်ဆီသွားဖို့ လိုလာပါပြီ ။ ဒီလက္ခဏာတွေက တစ်ခါတစ်ရံမှာ လေဖြတ်ရောဂါရဲ့ ရှေးဦး လက္ခဏာတွေ ဖြစ်လို့ပါ ။

Credit:Zombie ( Love အတိုစလေးများ )

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top