iMyanmarHouse.com - Best Property Website for Myanmar
×



ပရိသတ္အားေပးလက္ခံမႈကုိ အမ်ားအျပားရ႐ွိထားတဲ့ ေရႊထူးနဲ႔ ေရႊမႈံရတီတုိ႔ လင္မယားႏွစ္ဦးဟာ ျမန္မာႏုိင္ငံမွာ လူအမ်ား အားက်ရတဲ့ စုံတြဲတစ္တြဲျဖစ္ၿပီး သူတုိ႔ရဲ႕ ဘဝေတြကုိ ေအးခ်မ္းစြာျဖတ္သန္းေနၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ အိမ္ ေထာင္တစ္ခုကုိ ဖန္တီးေနၾကပါတယ္။ ေရႊထူးအေနနဲ႔ကေတာ့ ေရႊမႈံရတီစိတ္ေကာက္ၿပီဆုိရင္ ဘာကုိေကာက္လုိ႔ေကာက္မွန္းမသိ အေျဖ႐ွာမရျဖစ္ေနတဲ့အေၾကာင္းကုိ မီဒီယာေတြနဲ႔ ေတြ႔တဲ့အခါမွာ အခုလုိပဲေျပာသြားခဲ့ပါတယ္။

“ဧည့္သည္”႐ုပ္႐ွင္ဇာတ္ကားမွာ ျဖိဳးေငြစုိးက ေသေသခ်ာခ်ာ သင္ေပးတဲ့ အေၾကာင္းနဲ႔ ပတ္ငက္ၿပီး ေရႊထူးက “ကုိျဖဳိးက ကြၽန္ေတာ္လည္း ႐ွိန္တာေပါ့ဗ်ာ ဘယ္လုိပဲ ျဖစ္ျဖစ္ေလ သူတုိ႔ သ႐ုပ္ေဆာင္ခဲ့တာက ၾကာခဲ့ၿပီ ကုိျဖဳိးနဲ႔ပဲျဖစ္ျဖစ္ ကုိေနတုိးနဲ႔ပဲ ျဖစ္ျဖစ္ စေတြ႔တုန္းက ႐ွိန္တယ္။ ဒါေပမဲ့ တကယ္တမ္းေတြ႔တဲ့အခ်ိန္မွာ ေယာက္်ား Type ဟေေရာင္လာဒီဟာလုပ္မယ္ မင္းနဲ႔ငါ ဒီဟာကုိ မၾကဳိက္ဘူး ဒီလုိဒီလုိလုပ္မယ္။

ဒီေနရာမွ ေရႊထူးနဲ႔ ျဖဳိးေငြစုိးေျပာရင္ ဒီလုိဒီလုိပဲ ျဖစ္ရမယ္ဆုိရင္ သူပဲ ဦးေဆာင္ၿပီး လုပ္သြားတယ္ ၿပီးေတာ့ သူသင္ေပးတဲ့အတုိင္း ကြၽန္ေတာ္လုိက္တယ္ အေခါက္ေခါက္အခါခါ ကြၽန္ေတာ္မေက်နပ္တာေတြလည္း ျပန္လုပ္တယ္ ကြၽန္ေတာ့္ကုိ နားလည္ေပးတယ္ ျပန္႐ုိက္ေပးတယ္ သူကုိယ္တုိင္က ကြၽန္ေတာ့္ကုိ ေတာ္ေတာ္မ်ားမ်ား တြဲေခၚပါတယ္ ႏွစ္ေယာက္ေျပာရတဲ့ အခန္းေတြဆုိရင္ ကြၽန္ေတာ့္အတြက္ အရမ္း ခက္ခဲလွပါတယ္ ကုိျဖဳိးက အရမ္းသ႐ုပ္ေဆာင္ေကာင္းတယ္ ေက်းဇူးလည္း အမ်ားႀကီးတင္ပါတယ္လုိ႔။



Rehearsal ကေတာ့ လုပ္တယ္ဗ်။ ဘာလုိ႔လဲဆုိေတာ့ အဓိက ဒုိင္ယာေလာ့ေတြမ်ားတယ္ တခ်ိဳ႕ဟာေတြက်ေတာ့ တစ္ခါတည္း ေျပာရတဲ့ဟာေတြက်ေတာ့ ကုိယ့္ေၾကာင့္ တစ္ဖက္လူက အုိင္တင္ ရပ္သြားမွာကုိ စုိးရိမ္တဲ့အတြက္ ကြၽန္ေတာ္တုိ႔ ဘက္ကေန ၾကဳိၿပီးေတာ့ Rehearsal လုပ္ရတာပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ေရႊမႈံရတီကလည္း ေရႊထူးနဲ႔ပတ္သက္ၿပီး “ေရႊမႈံရတီအေနနဲ႔ ေရႊထူးကုိ ေမွ်ာ္လင့္တာ မဟုတ္ဘဲနဲ႔ သူ႔ရဲ႕ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ေမွ်ာ္လင့္မႈမ်ိဳးလည္းျဖစ္မွာေပါ့ေလ၊ ကုိယ့္ေယာက္်ားကုိ ပရိသတ္ေတြ အားေပးေစခ်င္တယ္ အဓိကေတာ့ အဲတာေလးတစ္ခုေပါ့။ သူ႔ကုိ ဒီကားမွာဆုိရင္ ေရႊမႈံရတီအေနနဲ႔ဆုိရင္အမွတ္ ၆၀ ၇၀ ေပါ့။ သူ႔ရဲ႕ မိန္းမအေနနဲ႕ဆုိရင္ေတာ့ ၁၀၀ အျပည့္ေပါ့ေနာ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

အေခြထုတ္တဲ့ ခံစားခ်က္နဲ႔ အခု ႐ုပ္႐ွင္ ႐ုံတင္ခါနီး ခံစားခ်က္နဲ႔ ပတ္သတ္ၿပီး ေရႊထူးက “ခံစားခ်က္ခ်င္းကေတာ့ အတူတူပဲ ဗ်။ နီးလာေလေလ ေျခမကုိင္မိ လက္မကုိင္မိျဖစ္လာေလ စိတ္ေတြက မ်ားေလေလ အေခြကေတာ့ ဘာပဲ ျဖစ္ျဖစ္ေပါ့ေနာ္ ကိုယ္ပုိင္ႏုိင္တဲ့ အပုိင္းကေန လုပ္ရတာဆုိေတာ့ နည္းနည္းေတာ့ စုိးရိမ္မႈ ေလ်ာ့တာေပါ့။ ႐ုပ္႐ွင္ကေတာ့ ကုိယ့္ထက္ ေတာ္တဲ့ တတ္တဲ့လူေတြလည္း အမ်ားႀကီးေလ ကုိယ္က အားလုံးသင္ျပေပးမႈေၾကာင့္သာ ဒီလုိမ်ိဳး သ႐ုပ္ေဆာင္ေတြ လုပ္လာရတာပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ေရႊမႈံရတီက စိတ္ေကာက္ၿပီး တင္ထားတဲ့ Status နဲ႔ ပတ္သက္ၿပီးေတာ့လည္း ေရႊထူးက “အဲ့တာကေတာ့ဗ်ာ ေလွ်ာက္တင္ေနတာ။ တစ္ခါတစ္ေလက်ရင္ သူစိတ္ေကာက္တယ္ကြၽန္ေတာ္တုိ႔ နားလည္ပါတယ္ မိန္းကေလးေတြက စိတ္ေကာက္တတ္တယ္ ဒါေပမဲ့ တခ်ိဳ႕ဟာေတြက်ရင္ ဘာကုိ ေကာက္လုိ႔ေကာက္မွန္းမသိဘူး။

ဒါေပမဲ့ ကြၽန္ေတာ္ အဲ့ေကာက္တဲ့ဟာကုိ လုိက္႐ွာရင္းနဲ႔ပဲ ကြၽန္ေတာ္ဟာ သူစိတ္ေကာက္တဲ့ အေနအထားကုိ ကြၽန္ေတာ္ေရာက္သြားတယ္။ တစ္ခါတစ္ေလက်ရင္သူက Status ေတြတင္တုိင္းလည္း သူကစိတ္ဆင္းရဲတယ္လုိ႔ မထင္ပါနဲ႔ ကြၽန္ေတာ့္ကုိ ေကာက္ေနတာပါ။



တကယ္အေျဖ႐ွာခက္ေနတာက ဒီမွာပါလုိ႔ ကြၽန္ေတာ္ပါ ေရႊထူးပါလုိ႔ အဲ့တာကုိ အားလုံးကုိ သိေစခ်င္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။ေရႊမႈံရတီကလည္း “မိန္းကေလးကခံစားခ်က္မ႐ွိ႔ဘူး သည္းခံစားခ်က္က မသိဘူး ေကာက္မွာပဲ။ ဘာပဲျဖစ္ျဖစ္ေကာက္မွာပဲ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Credit:nanmalgyi

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ပရိသတ်အားပေးလက်ခံမှုကို အများအပြားရရှိထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ လင်မယားနှစ်ဦးဟာ မြန်မာနိုင်ငံမှာ လူအများ အားကျရတဲ့ စုံတွဲတစ်တွဲဖြစ်ပြီး သူတို့ရဲ့ ဘဝတွေကို အေးချမ်းစွာဖြတ်သန်းနေပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ဖန်တီးနေကြပါတယ်။ ရွှေထူးအနေနဲ့ကတော့ ရွှေမှုံရတီစိတ်ကောက်ပြီဆိုရင် ဘာကိုကောက်လို့ကောက်မှန်းမသိ အဖြေရှာမရဖြစ်နေတဲ့အကြောင်းကို မီဒီယာတွေနဲ့ တွေ့တဲ့အခါမှာ အခုလိုပဲပြောသွားခဲ့ပါတယ်။

“ဧည့်သည်”ရုပ်ရှင်ဇာတ်ကားမှာ ဖြိုးငွေစိုးက သေသေချာချာ သင်ပေးတဲ့ အကြောင်းနဲ့ ပတ်ငက်ပြီး ရွှေထူးက “ကိုဖြိုးက ကျွန်တော်လည်း ရှိန်တာပေါ့ဗျာ ဘယ်လိုပဲ ဖြစ်ဖြစ်လေ သူတို့ သရုပ်ဆောင်ခဲ့တာက ကြာခဲ့ပြီ ကိုဖြိုးနဲ့ပဲဖြစ်ဖြစ် ကိုနေတိုးနဲ့ပဲ ဖြစ်ဖြစ် စတွေ့တုန်းက ရှိန်တယ်။ ဒါပေမဲ့ တကယ်တမ်းတွေ့တဲ့အချိန်မှာ ယောက်ျား Type ဟေရောင်လာဒီဟာလုပ်မယ် မင်းနဲ့ငါ ဒီဟာကို မကြိုက်ဘူး ဒီလိုဒီလိုလုပ်မယ်။

ဒီနေရာမှ ရွှေထူးနဲ့ ဖြိုးငွေစိုးပြောရင် ဒီလိုဒီလိုပဲ ဖြစ်ရမယ်ဆိုရင် သူပဲ ဦးဆောင်ပြီး လုပ်သွားတယ် ပြီးတော့ သူသင်ပေးတဲ့အတိုင်း ကျွန်တော်လိုက်တယ် အခေါက်ခေါက်အခါခါ ကျွန်တော်မကျေနပ်တာတွေလည်း ပြန်လုပ်တယ် ကျွန်တော့်ကို နားလည်ပေးတယ် ပြန်ရိုက်ပေးတယ် သူကိုယ်တိုင်က ကျွန်တော့်ကို တော်တော်များများ တွဲခေါ်ပါတယ် နှစ်ယောက်ပြောရတဲ့ အခန်းတွေဆိုရင် ကျွန်တော့်အတွက် အရမ်း ခက်ခဲလှပါတယ် ကိုဖြိုးက အရမ်းသရုပ်ဆောင်ကောင်းတယ် ကျေးဇူးလည်း အများကြီးတင်ပါတယ်လို့။

Rehearsal ကတော့ လုပ်တယ်ဗျ။ ဘာလို့လဲဆိုတော့ အဓိက ဒိုင်ယာလော့တွေများတယ် တချို့ဟာတွေကျတော့ တစ်ခါတည်း ပြောရတဲ့ဟာတွေကျတော့ ကိုယ့်ကြောင့် တစ်ဖက်လူက အိုင်တင် ရပ်သွားမှာကို စိုးရိမ်တဲ့အတွက် ကျွန်တော်တို့ ဘက်ကနေ ကြိုပြီးတော့ Rehearsal လုပ်ရတာပါ။”လို့ ပြောသွားခဲ့ပါတယ်။

ရွှေမှုံရတီကလည်း ရွှေထူးနဲ့ပတ်သက်ပြီး “ရွှေမှုံရတီအနေနဲ့ ရွှေထူးကို မျှော်လင့်တာ မဟုတ်ဘဲနဲ့ သူ့ရဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ မျှော်လင့်မှုမျိုးလည်းဖြစ်မှာပေါ့လေ၊ ကိုယ့်ယောက်ျားကို ပရိသတ်တွေ အားပေးစေချင်တယ် အဓိကတော့ အဲတာလေးတစ်ခုပေါ့။ သူ့ကို ဒီကားမှာဆိုရင် ရွှေမှုံရတီအနေနဲ့ဆိုရင်အမှတ် ၆၀ ၇၀ ပေါ့။ သူ့ရဲ့ မိန်းမအနေနဲ့ဆိုရင်တော့ ၁၀၀ အပြည့်ပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

အခွေထုတ်တဲ့ ခံစားချက်နဲ့ အခု ရုပ်ရှင် ရုံတင်ခါနီး ခံစားချက်နဲ့ ပတ်သတ်ပြီး ရွှေထူးက “ခံစားချက်ချင်းကတော့ အတူတူပဲ ဗျ။ နီးလာလေလေ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာလေ စိတ်တွေက များလေလေ အခွေကတော့ ဘာပဲ ဖြစ်ဖြစ်ပေါ့နော် ကိုယ်ပိုင်နိုင်တဲ့ အပိုင်းကနေ လုပ်ရတာဆိုတော့ နည်းနည်းတော့ စိုးရိမ်မှု လျော့တာပေါ့။ ရုပ်ရှင်ကတော့ ကိုယ့်ထက် တော်တဲ့ တတ်တဲ့လူတွေလည်း အများကြီးလေ ကိုယ်က အားလုံးသင်ပြပေးမှုကြောင့်သာ ဒီလိုမျိုး သရုပ်ဆောင်တွေ လုပ်လာရတာပါ။”လို့ ပြောသွားခဲ့ပါတယ်။

ရွှေမှုံရတီက စိတ်ကောက်ပြီး တင်ထားတဲ့ Status နဲ့ ပတ်သက်ပြီးတော့လည်း ရွှေထူးက “အဲ့တာကတော့ဗျာ လျှောက်တင်နေတာ။ တစ်ခါတစ်လေကျရင် သူစိတ်ကောက်တယ်ကျွန်တော်တို့ နားလည်ပါတယ် မိန်းကလေးတွေက စိတ်ကောက်တတ်တယ် ဒါပေမဲ့ တချို့ဟာတွေကျရင် ဘာကို ကောက်လို့ကောက်မှန်းမသိဘူး။

ဒါပေမဲ့ ကျွန်တော် အဲ့ကောက်တဲ့ဟာကို လိုက်ရှာရင်းနဲ့ပဲ ကျွန်တော်ဟာ သူစိတ်ကောက်တဲ့ အနေအထားကို ကျွန်တော်ရောက်သွားတယ်။ တစ်ခါတစ်လေကျရင်သူက Status တွေတင်တိုင်းလည်း သူကစိတ်ဆင်းရဲတယ်လို့ မထင်ပါနဲ့ ကျွန်တော့်ကို ကောက်နေတာပါ။

တကယ်အဖြေရှာခက်နေတာက ဒီမှာပါလို့ ကျွန်တော်ပါ ရွှေထူးပါလို့ အဲ့တာကို အားလုံးကို သိစေချင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။ရွှေမှုံရတီကလည်း “မိန်းကလေးကခံစားချက်မရှိ့ဘူး သည်းခံစားချက်က မသိဘူး ကောက်မှာပဲ။ ဘာပဲဖြစ်ဖြစ်ကောက်မှာပဲ။”လို့ ပြောသွားခဲ့ပါတယ်။

Credit:nanmalgyi

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top