iMyanmarHouse.com - Best Property Website for Myanmar
×



ဝက်ခြံတွေ ဖြစ်နေရင်





Credit:marry


# Unicode Version # ဖြင့် ဖတ်ပါ #

သွားတိုက်ဆေးဆိုတာကတော့ သွားအတွက်တင်မကဘဲ အလှ အပ အတွက်လည်း အသုံးပြုလို့ ရပါသေးတယ် ဆိုတာကို သတို့သမီးလေးတွေ အတွက် Marry ကပြောပြပေးလိုက်ရပါတယ်။

မင်္ဂလာပွဲလေး အတွက် ပြင်ဆင်နေကြပြီလား။ မင်္ဂလာပွဲလေး အတွက်ပဲ ပြင်ဆင်ရင်း အလှအပရေးရာတွေကိုပါ ပြင်ဆင်ဖို့ မမေ့ပါနဲ့နော်။ မင်္ဂလာပွဲလေးမှာ အလှပဆုံး ဖြစ်စေနိုင်ဖို့ အလှအပရေးရာတွေကိုလည်း သတိပြုပေးရမှာပါ။ ဒီတစ်ခါ Marry ပြောပြပေးချင်တာကတော့ သွားတိုက်ဆေးကနေ ဖန်တီးနိုင်မယ့် အလှအပရေးရာများ အကြောင်းပဲ ဖြစ်ပါတယ်။ အိမ်မှာ သွားတိုက်ဆေးလေး တစ်မျိုး ရှိရုံနဲ့ အလှအပအတွက် ဘယ်နေရာတွေမှာများ အသုံးပြုပေးလို့ ရမလဲ ဆိုတာကို ဖတ်ကြည့်ပေးပါနော်။
ဝက်ခြံတွေ ဖြစ်နေရင်

ဝက်ခြံတွေကြောင့် အလှလျော့နည်းသွားမှာ မစိုးရိမ်ပါနဲ့နော်။ ခွက်အလွတ် တစ်လုံးထဲမှာ သွားတိုက်ဆေး အနည်းငယ်ကို ရှားစောင်းလက်ပပ် အနှစ် အနည်းငယ်နဲ့ ဆတူရောထည့်လိုက်ပါ။ ပြီးရင် နားကြားထိုးတဲ့ ဂွမ်းတုတ်တံလေးနဲ့ သေချာရောသွားအောင် မွှေပေးပါ။ ပြီးရင်တော့ သန့်စင်ထားတဲ့မျက်နှာအပေါ်မှာ ဝက်ခြံလေးတွေ ဖြစ်ပေါ်နေတဲ့နေရာလေးတွေကို ခုနက ရောမွှေထားတဲ့သွားတိုက်ဆေးတွေကို အစက်ချပြီး လိမ်းပေးပါ။ တကယ်လို့ ဆားဝက်ခြံတွေ အတွက်ဆိုရင်တော့ မျက်နှာ တစ်ပြင်လုံး လိမ်းပေးပါနော်။ (၁၅) မိနစ်လောက် ထားပြီးရင်တော့ မျက်နှာပြန်သစ်ပေးပါ။ ဝက်ခြံတွေ သိသိသာသာ သေးသွားတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဆံသားအဖျားတွေ ပျက်စီးပြီး နှစ်ခွ ဖြစ်နေရင်

ငှက်ပျောဦး ဖီးကြမ်း တစ်လုံးကို အရင်ဆုံး ညက်အောင် ပြုလုပ်လိုက်ပါ။ ငှက်ပျောသီး ညက်သွားပြီဆိုရင် သွားတိုက်ဆေး လက်တစ်ဆစ်လောက်ကို ငှက်ပျောသီးထဲ ထည့်ပြီး ရောမွှေပေးပါ။ ငှက်ပျောသီးနဲ့ သွားတိုက်ဆေးတွေ ရောသွားပြီဆိုရင်တော့ ပျက်ဆီးနေတဲ့ဆံသား အဖျားလေးတွေမှာ လိမ်ပေးပါ။

လိမ်းတဲ့အချိန်မှာလည်း ဆံသားလေးတွေ အထဲ စိမ့်ဝင်သွားအောင် သေချာ လိမ်းပေးပါ။ လိမ်းပြီးသွားလို့ မိနစ် (၂၀) – နာရီဝက်လောက်နေရင် ခေါင်းပြန်လျှော်ပေးလိုက်ရင် ဆံသားတွေ ပြန်လည် အားပြည့်ပြီး ပျက်စီးနေတဲ့တာတွေ သက်သာသွားမှာပါ။

Credit:marry

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top