iMyanmarHouse.com - Best Property Website for Myanmar
×
Credit:santhitsa
ချစ်ရေးချစ်ရာ
ပို့သပေးပါတယ်။
# Unicode Version # ဖြင့် ဖတ်ပါ #
လက်မက မိဘတွေကို ကိုယ်စားပြုတယ် ။လက်ညိုးက ညီ ၊ အကို မောင်နှမတွေကို ကိုယ်စားပြုတယ် ။လက်ခလယ်က ကိုယ်ကိုတိုင်ပဲ ။လက်သူကြွယ်က ကိုယ်ဘ၀ လက်တွဲဖော် ။
လက်သန်းကတော့ ကိုယ့်ကလေးတွေ ။
(၁) သူငယ်ချင်းတို့ရဲ့ လက်ဝါး ၂ ဖက်ကို ဖြန့်ပြီး ပူးကပ်လိုက်ပါ ။
(၂) လက်ခလယ်ကို ကွေးပြီး ပူးကပ်ထားပါ ။ မကွာပါစေနဲ့ ။ ( ပူးထားဆိုတဲ့ နေရာမှာ အခု သူငယ်ချင်းတို့လက်က ဘုရားရှိခိုးသလို အနေအထားမှာ ရှိပါတယ်။ လက်ခလယ်က ိုကွေးပြီး ပူးထားဆိုတာက လက်ခလယ်ချင်း ကပ်ထားခိုင်းတာပါ ။ ဥပမာ လူ ၂ ယောက် ကျောခြင်းကပ် ထိုင်နေသလိုပေါ့ )
(၃) အဲလိုပြီးရင် မိဘလို့ ယူဆတဲ့ လက်မ ၂ ခုကို ခွဲခွာကြည့်ပါ ။ ခွဲခွာလို့ရတာကို တွေ့ရ ပါလိမ့်မယ် ။ ငါတို့ရဲ့ မိဘတွေဟာ ငါတို့နဲ့ အမြဲတန်းနေဖို့ မရည်ရွယ်လို နိုင်ဘူးတဲ့ ။ နောက်ပြီး ပြန်ကပ်ထားပါ ။
(၄) နောက်တခုက မောင်နှမလို့ ယူဆတဲ့ လက်ညှိုးကို ခွဲခွာကြည့်ပါ ။ ရပါလိမ့်မယ် ။ မောင်နှမဆိုတာလဲ သူ့အိမ်ထောင်နဲ့သူ ဖြစ်ကုန်မှာတဲ့ ။ ပြီးလျှင် ပြန်ကပ်ထားပါ ။
(၅) သားသမီးလို့ ယူဆတဲ့ လက်သန်းကို ခွဲခွာကြည့်ပါ ။ သူငယ်ချင်းတို့ ခွဲခွာလို့ ရပါလိမ့်မယ် ။ ကိုယ့်သားသမီး ဆိုတာလဲ အချိန်တန်ရင် ခွဲရမှာလို့ ဆိုလိုပါတယ် ။ ပြီးလျှင် ပြန်ကပ်ထားပါ ။
(၆) ကိုယ်နဲ့ ကိုယ့်ချစ်သူ ၊ ကိုယ်မိန်းမ ၊ ကိုယ့်ယောကျ်ာလို့ ယူဆတဲ့ လက်သူကြွယ်ကို ခွဲခွာကြည့်ပါ ။ ရလား မရလားပေါ့? စမ်းကြည့်လိုက်ပါ ။( ခုလုပ်နေတဲ့ အတောအတွင်းမှာ လက်ခလယ် ပူးထားတာကို မခွာမိ ပါစေနဲ့နော် )
လက်သူကြွယ်ဟာ ခွဲခွါလို့ မရတာ တွေ့ရ ပါလိမ့်မယ် ။ အဲဒါကြောင့် ဘယ်တော့မှ ခွဲခွာလို့မရဘူး ဆိုတဲ့ အဓိပါယ်နဲ့ လက်ထပ် လက်စွပ်ကို လက်သူကြွယ်မှာ ဆင်မြန် းကြတာပါ ။သူငယ်ချင်းတို့ လက်ခံ နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
Credit:santhitsa
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top